တရုတ်နိုင်ငံမှာ တူးဖော်တွေ့ရှိခဲ့တဲ့ ဒဏ္ဍာရီလာမသေဆေးလို့ ယူဆရတဲ့အရည်များ

မနှစ်တုန်းက တရုတ်နိုင်ငံရဲ့ Henan ဒေသ၊ Luoyang မြို့အနီးရှိနေရာတစ်ခုမှာ ထူးဆန်းတဲ့ ရှေးဟောင်းအိုးနှစ်လုံး တူးဖော်ရခဲ့ပါတယ်။

သတ္တုနဲ့ပြုလုပ်ထားတဲ့ ပန်းအိုးပုံသဏ္ဍာန်အိုးနှစ်အိုးဟာ နှစ်ပေါင်းထောင်နဲ့ချီကြာနေတာဖြစ်ပြီး အိုးထဲမှာ အမျိုးအမည်မသိတဲ့ အရည်တွေလည်း ပါနေတယ်လို့ သိရပါတယ်။

China Xinhua News

ဝါကျင့်ကျင့်ရှိတဲ့အရည်တွေနဲ့ အိုးကို စစ်ဆေးလိုက်တဲ့အခါမှာတော့ သမိုင်းသုတေသီတွေရဲ့ပြောကြားချက်အရ ဒီအိုးနှစ်လုံးဟာ တရုတ်ဒဏ္ဍာရီလာ မသေဆေးဖြစ်နိုင်ကြောင်း သိခဲ့ရပါတယ်။ နှစ်သက်တမ်းပေါင်း (၂၀၀၀)ကျော်လောက်ရှိဟန်တူတဲ့ ကြေးအိုးနှစ်လုံးကိုတော့ လူတစ်ယောက်မြှုပ်နှံထားခဲ့တဲ့ သင်္ချိုင်းမြေအတွင်းမှ ရရှိခဲ့တာပါ။

၂၀၁၈ အောက်တိုဘာလတုန်းက တူးဖော်ရရှိခဲ့ပြီး စစချင်းမှာတော့ ထိုအရည်တွေကို ရှေးယခင်က ဝိုင်အရက်တစ်မျိုးလို့ ယူဆခဲ့ကြတာပါ။ သို့ပေမယ့် ထပ်မံစစ်ဆေးချက်တွေပြုလုပ်ပြီးကာမှ ဝါကျင့်ကျင့်အရည်များဟာ ပိုတက်ဆီယမ် နိုက်ထရိတ်နဲ့ အလူနိုက်ဓာတ်တွေ ပါဝင်နေတဲ့အတွက် အရက်မဟုတ်မှန်း သိခဲ့ရပါတယ်။ ၃.၅ လီတာရှိပြီး Taoist မှတ်တမ်းအရ ပါဝင်ပေါင်းစပ်ထားတဲ့ ဓာတ်တွေဟာ မသေဆေးအမျိုးအစားတွေထဲမှာပါဝင်နေတဲ့ ဓာတ်တွေနဲ့ သွားဆင်နေခဲ့ပါတယ်။

READ
ဧရာမငါးမန်းဖြူကြီးတွေကို အနီးကပ်ဓာတ်ပုံရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဆရာ
China Xinhua News

သို့ပေမယ့် ရှေးကထင်နေတဲ့အတိုင်း ဒီအရည်မှာတော့ အသက်ကိုဆွဲဆန့်စေတဲ့ မည်သည့်ဓာတ်မှာ ပါဝင်တာမဟုတ်ပါဘူး။ ဖုန်တွေအလူးလူးတက်နေတဲ့ အမေ့ခံသင်္ချိုင်းဂူထဲမှာ နှစ်ပေါင်းထောင်နဲ့ချီအောင် ဒီအတိုင်း ရှိနေခဲ့တာပါ။

အရည်ထဲပါဝင်တဲ့ ပိုတက်ဆီယမ် နိုက်ထရိတ်ဟာ ဓာတ်မြေသြဇာတွေ၊ မီးပန်းတွေပြုလုပ်ရာမှာ အသုံးပြုတဲ့ အန္တရာယ်ရှိဓာတ်တစ်မျိုးဖြစ်ပြီး အလူနိုက်ကတော့ စက်မှုလုပ်ငန်းတွေနဲ့ စားသောက်ကုန်ထုတ်လုပ်ရေးတွေမှာ အသုံးပြုပါတယ်။

China Xinhua News

မသေဆေးရှာပုံတော်ဖွင့်တာတွေဟာ ယနေ့အထိ ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြတဲ့ ဓလေ့တစ်ခုပဲဖြစ်ပါတယ်။ ရတနာသိုက်ရှာပုံတော်ဖွင့်တာတွေ၊ ရှေးဟောင်းသင်္ချိုင်းတွေကို ဖောက်ထွင်းတာတွေ ဘယ်လောက်တောင်ခေတ်စားသလဲဆိုတာ ရုပ်ရျင်တွေမှာတောင် မြင်တွေ့နိုင်ပါတယ်။

China Xinhua News

မသေဆေးဟာလည်း တကယ်ရှိမရှိမသေချာပေမယ့် သို့လောသို့လော သတင်းတွေထွက်နေတဲ့အတွက် တရုတ်အင်ပါယာခေတ်တော်တော်များများရဲ့ ဧကရာဇ်တွေ၊ ရတနာသိုက်တူးသမားတွေဟာ မသေဆေးကိုလိုက်ရှာပြီး တွေ့ကရာသောက်လွန်းလို့ အဆိပ်သင့်ကာ သေဆုံးသွားခဲ့သူတွေ မနည်းမနောပါပဲ။

၂၀၁၈ ခုနှစ်တုန်းက ရှာတွေ့ခဲ့တဲ့ ကြေးအိုးထဲကအရည်ဟာ သူတို့ပြောနေကြတဲ့ ဒဏ္ဍာရီထဲကမသေဆေးလား၊ မသေဆေးဆိုတာရော တကယ်ရှိလားဆိုတာကတော့ ဘယ်သူမှ တိကျတဲ့အဖြေကို ပေးနိုင်မယ်မထင်ပါဘူး။

 

source: IFL Sience, Science Alert, China Xinhua News

READ
စနိုက်ကြော်တဲ့မိန်းကလေးရဲ့အဝတ်ဗလာပုံကို အွန်လိုင်းပေါ်တင်ပြီးကလဲ့စားချေခဲ့သူ

Penny

 

 

SHARE