မှန်ကန်သော လက်ဆေးပုံလက်ဆေးနည်း၏ အရေးပါပုံ

Shutterstock/By Promart

လက်ဆေးခြင်းက သိပ်အရေးမပါဘူးလို့ သင်ထင်ပါသလား။ သင်ပြန်စဉ်းစားလိုက်ပါ။

ဘာကြောင့်လဲဆိုတော့ သေစေနိုင်လောက်တဲ့ ရောဂါတွေအပါအဝင် ရောဂါတော်တော်များများဟာ မသန့်ရှင်းတဲ့ လက်တွေကနေတစ်ဆင့် တစ်ဦးကိုတစ်ဦး ကူးစက်နိုင်လို့ပါ။ ဘယ်လိုရောဂါမျိုးတွေလဲဆိုတော့ အူလမ်းကြောင်းမှာ ဖြစ်ပေါ်နိုင်တဲ့ အစာအဆိပ်သင့ မှုတွေ၊ အသက်ရှူလမ်းကြောင်းမှာ ဖြစ်ပေါ်နိုင်တဲ့ တုပ်ကွေးရောဂါ အစရှိတဲ့ ရောဂါမျိုးတွေ အထူးသဖြင့် ကိုယ်ခံအား လူကြီးတွေလောက်မကောင်းတဲ့ ကလေးငယ်တွေမှာဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒါကြောင့် လက်ကို သေချ စွာဆေးခြင်းက ဘက်တီးရီးယားပိုးတို့ ဗိုင်းရပ်စ်ပိုး စတဲ့ ရောဂါပိုးတွေရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ လက်ဆေးခြင်းက လူတွေရဲ့ နေ့စဉ်လုပ်ဆောင်ချက်တွေထဲက တစ်ခုလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ကိုယ်ဆေးနေကျ လက်ဆေးပုံ လက်ဆေးနည်းက မှန်လား မမှန်ဘယ်လိုသိနိုင်မလဲ? စိတ်မပူပါနဲ့၊ မှန်ကန်တဲ့ လက်ဆေးပုံ လက်ဆေးနည်းကို အောက်မှာဖတ်ကြည့်လိုက်ပါ။

• အရင်ဆုံး လက်ကိုသန့်ရှင်းသောရေနဲ့ ဆေးကြောပါ
• ပြီးရင် ဆပ်ပြာနဲ့လက်ကို အနည်းဆုံး စက္ကန့် ၂၀ ခန့် ပွတ်သပ်ပေးပါ။
• လက်ပေါ်မှာရှိတဲ့ ထောင့်တွေအားလုံးနဲ့ လက်ကောက်ဝတ်တွေပါမကျန် ပွတ်သတ်ပေးပါ။
• လက်အနောက်ဖက်တွေ၊ လက်ချောင်းကြားထဲတွေ၊ လက်သည်းခွံအောက်တွေပါ
တိုက်ချွတ်ဖို့ မမေ့ပါနဲ့
• လက်ကို ဆပ်ပြာမကျန်ဘဲနဲ့ ပြောင်နေအောင် သန့်ရှင်းတဲ့ရေနဲ့ ဆေးပါ
• တစ်ခါသုံး တစ်ရှူးနဲ့ အခြောက်ခံတာ အကောင်းဆုံးဆိုပေမယ့် သန့်ရှင်းသောပဝါ သို့မဟုတ်
လေဖြင့်လည်း အခြောက်ခံလို့ရပါတယ်။
• လက်စွတ်တွေဝတ်လေ့ဝတ်ထရှိတယ်ဆိုလဲ လက်ကိုခြောက်အောင်သုတ်ပြီးမှ ဝတ်ပါ၊
လက်စွတ်အောက်မှာ စိုစွတ်နေလျှင် ရောဂါပိုးတွေ အောင်းနိုင်ချေများပါတယ်။

READ
လူမှုဆက်ဆံရေး ပိုကောင်းလာစေဖို့ ပြုလုပ်ရမယ့်အချက်များ

ဘယ်လောက်ပဲ ရောဂါပိုးတွေကနေ ကလေးငယ်တွေကို ကာကွယ်နိုင်အောင် လက်ဆေးတာက အရေးကြီးတယ်ပြောပြော တစ်ကယ်တမ်း လက်ဆေးတဲ့အခါမှာ အသုံးပြုမယ့် ဘက်တီးရီးယား သေစေနိုင်တဲ့ ဆပ်ပြာအမျိုးအစားတွေကို မှန်ကန်စွာ ရွေးချယ်နိုင်ဖို့က အရေးကြီးတာပါ။ များစွာသော ဘက်တီးရီးယားကာကွယ်တဲ့ ဆပ်ပြာတွေထဲကမှ Lifebuoy ဟာ ရောဂါပိုး ၁၀ မျိုးကနေ အကောင်းဆုံးကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။ Lifebuoy ကနေတစ်ဆင့် ဆပ်ပြာနဲ့ လက်ဆေးတာ ဘယ်လောက်အရေးပါတယ် ဆိုတဲ့အကြောင်းကို အသိပေးပြီးနောက် ၂၀၀၈ ခုနှစ်ကနေစပြီး ကလေးငယ်တွေကြား ဝမ်းလျှောမှုကြောင့် ဖြစ်ပေါ်တဲ့ သေဆုံးမှုတွေက သိသိသာသာလျော့ကျသွားကြောင်း တွေ့ရှိရပါတယ်။ ဒီနေ့ဒီအချိန်အထိ Lifebuoy ကနေဦးစီးပြီးတော့ နှစ်တိုင်း Global Handwashing Day ကို ကျင်းပလျက်ရှိပြီး ရိုးရှင်းစွာ လက်ဆေးခြင်း ကနေတစ်ဆင့် အသိပညာပေးပြီး ကောင်းသောအမူအကျင့်များကို ကလေးငယ်များ ကျင့်သုံးစေပြီး အသက် ၅ နှစ်အထက်ရောက်ရှိနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။

READ
ပြင်ဆင်ခြယ်သစရာမလိုဘဲ လှစေမယ့်နည်းလမ်းများ

ဒါနဲ့ Lifebuoy အကြောင်းရော လက်ဆေးတဲ့အကြောင်းရော ပြောနေတုန်းစကားမစပ် လက်ဆေးခြင်းကို ရည်ရွယ်ပြီး နှစ်စဉ်နှစ်တို ကျင်းပပြုလုပ်နေတဲ့ပွဲတစ်ခုရှိတယ်။ ပွဲလေးရဲ့ နာမည်ကတော့ Global Handwashing Day ပဲဖြစ်ပါတယ်။ ဒီနှစ် Global Handwashing Day မှာတော့ Lifebuoy က သူတို့ရဲ့ အရေအတွက်ကန့်သတ်ပြီး ထုတ်လုပ်ထားတဲ့ ဆပ်ပြာဗူးအမျိုးအစားကို မိတ်ဆက်ပေးခဲ့ပြီး ကလေးငယ်များကို လက်ဆေးခြင်းဖြင့် အသိပညာ ဖြန့်ဝေဖို့အတွက် Lifebuoy မှ ထိုဆပ်ပြာဗူးတစ်ဗူးဝယ်တိုင်း ၂၀၀ ကျပ် လှူဒန်းသွားမှာလို့ သိရှိရပါတယ်။ Lifebuoy ဟာ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံရှိ လူပေါင်း သန်း၂၀ ထံသို့ ၎င်းင်း၏ လက်ဆေးခြင်းအစီအစဉ်များဟာ ရောက်ရှိရန်
ရည်ရွယ်ကြောင်းလည်း သိရှိရပါတယ်။

Lifebuoy
SHARE