ဆောင်းတွင်းခရီးထွက်မယ့်သူတွေ ခရီးဆောင်အိတ်ထဲထည့်ဖို့ မေ့လေ့ရှိတဲ့ ပစ္စည်း(၅)ခု

shutterstock by By Vera Petrunina

ဆောင်းတွင်းကာလကတော့ ပိတ်ရက်တွေ၊ပွဲတော်ကာလာတွေ အများကြီးရှိတဲ့အတွက်ကြောင့် ခရီးသွားလို့အကောင်းဆုံး အချိန်ပါပဲ။ ဒီလိုအချိန်မှာတော့ ခရီးသွားရင်တော့ သေသေချာချာ ဂရုတစိုက် မမေ့မလျော့နဲ့ ခရီးဆောင်အိတ်ထဲကို ထည့်သွားမှဖြစ်မယ့် ပစ္စည်းတွေရှိပါတယ်။ ဒါကြောင့် ခရီးသွားဖို့ ပြင်ဆင်နေတဲ့သူတွေ ဘာတွေကို မဖြစ်မနေဆောင်သွားရမယ်ဆိုတာ ကြည့်လိုက်ပါဦးနော်။

Lip Balm

ဒါကတော့ ဆောင်းရာသီခရီးမှာ မိန်းကလေးတွေ အတွက်သာမက ယောကျာ်းလေးတွေအတွက်ပါ လိုအပ်ပါတယ်။ Lip Balm မပါပဲ သွားတဲ့ ခရီးမှာတော့ ခြောက်ကပ်ပြီး ကွဲနေတဲ့ နှုတ်ခမ်းတွေကြောင့် အစားစားလည်း စိတ်ညစ်၊ မှန်ကြည့်လည်း စိတ်ညစ်ဖြစ်နေရပါလိမ့်မယ်။

pixabay by StockSnap

Moisture Cream/Lotion

ဆောင်းရာသီခရီးသွားတဲ့အခါမှာတော့ moisture cream က မဖြစ်မနေလိုအပ်ပါတယ်။ မိုးလင်းတဲ့ အချိန်ရော အိပ်ခါနီးမှာတော့ မျက်နာသစ်ပြီးတဲ့အခါမှာ moisture cream လေး လိမ်းထားလိုက်မယ်ဆိုရင်တော့ မျက်နာလေးက စိုစိုကြည်ကြည်လေးနဲ့ အသားပတ်တာတွေလည်း မဖြစ်တော့မှာပါ။ အလှကုန်ပစ္စည်းတွေထည့်ရင်းနဲ့ ခြေတွေလက်လိမ်းဖို့ Lotion ယူဖို့ကိုလည်း မေ့တတ်ကြပါတယ်။ အသားတွေ ခြောက်ကပ်ကပ်နဲ့ မလှမပဖြစ်မနေချင်ဘူးဆိုရင် Lotion လည်း ယူဖို့ မမေ့နဲ့နော်။

READ
ထိုင်ဝမ်ကို ခရီးထွက်နေတဲ့ ပရိသတ်အချစ်တော် ခင်ဝင့်ဝါ
pixabay by saponifier

လက်အိတ်၊ခြေအိတ်

ဆောင်းတွင်းမှာဆိုရင်တော့ ခြေအိတ်၊လက်အိတ်ဝတ်ထားရင် အအေးဒဏ်ကို တစ်ဝက်လောက် ခံနိုင်ရည်ရှိနေပါပြီ။ အနွေးထည်လှလှလေးတွေယူဖို့ သတိရကြပေမဲ့ ခြေဖျားလက်ဖျားတွေ အေးတာကို ခံနိုင်ရည်ရှိဖို့ ခြေအိတ်၊လက်အိတ်တွေ ယူဖို့လည်း မမေ့ပါနဲ့နော်။

pixabay by MariaGodfrida

သောက်ဆေး

အရမ်းအေးတဲ့အခါမှာ လည်ချောင်းယားတာတွေ၊ချောင်းခြောက်ဆိုးတာတွေအပြင် နှာစီး၊နှာခြေတာတွေကနေတစ်ဆင့် ဖျားနာတဲ့အထိ ဖြစ်နိုင်တာမလို့  ခရီးမသွားခင်ကတည်းက ကိုယ်ခံအားကောင်းအောင် အစားများများစားပြီး အိပ်ရေးဝဝအိပ်သင့်ပါတယ်။ ဒါ့အပြင် မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ဖို့ အအေးမိဖျားနာဆေးတွေလည်း ကြိုဆောင်သွားသင့်ပါတယ်။

pixabay by Mojpe

Wet-Tissue

ဆောင်းတွင်း ခရီးထွက်တဲ့အခါမှာတော့ ရာသီဥတုအေးလွန်းတာကြောင့် ရေနဲ့ မထိချင်တဲ့၊ ရေချိုးပျင်းတဲ့သူတွေအတွက် မမေ့သင့်တဲ့ တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းပါ။ မျက်နာသစ်ဖို့အတွက်ပါမက၊ ကိုယ်လက်သန့်စင်ဖို့အတွက်လည်း အဆင်ပြေပါတယ်။

shutterstock By yurakrasil

AP

SHARE