အမေရိကန်သုံးအင်္ဂလိပ်စာကို မြန်မြန်ဆန်ဆန် တိုးတက်စေနိုင်တဲ့ နည်းလမ်းများ

အမေရိကန်အင်္ဂလိပ်စာဟာ လေ့လာသင်ယူရတာ ခက်ခဲပါတယ်။ အင်္ဂလိပ်သဒ္ဒါနဲ့ ပုဒ်ဖြတ်ပုဒ်ရပ်တွေဟာလည်း လေ့လာရတာ ရှုပ်ထွေးလှပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ဘာသာစကားတစ်ခုဟာ ရှုပ်ထွေးနေပါစေ၊ ဘယ်လိုလေ့လာရမယ်ဆိုတဲ့ နည်းလမ်းလေးတွေသာ သိထားရင် ကြုံလာမယ့်အခက်အခဲတွေကို အလွယ်တကူ ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ အင်္ဂလိပ်စာတိုးတက်ချင်သူတွေအတွက် အရေးပါလွန်းလှတဲ့ နည်းလမ်း(၇) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

စာမြန်မြန်ဖတ်တဲ့ အကျင့်လုပ်ပါ

yourdictionary

စာဖတ်တဲ့အခါ စကားလုံးတိုင်းကို နားလည်နိုင်ဖို့ပဲ အာရုံစိုက်မနေပါနဲ့။ စာတစ်ပုဒ်ကို အရင်ဖတ်ပြီး သူဘာကိုဆိုလိုချင်သလဲဆိုတဲ့ ယေဘူယျအကျဉ်းကိုပဲ နားလည်အောင် အရင်ဖတ်ပါ။ အကျဉ်းကို နားလည်ပြီဆိုတော့မှ ကိုယ်မသိတဲ့စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို လုံးစေ့ပတ်စေ့နားလည်အောင် ထပ်လေ့လာပါ။

ရှေ့ဆက်နဲ့ နောက်ဆက် ပုဒ်တွေကို လေ့လာပါ

yourdictionary

အင်္ဂလိပ်စကားလုံးတစ်လုံးမှာ prefix နဲ့ suffix လို့ခေါ်ကြတဲ့ ရှေ့/ နောက် ပုဒ် တွဲစပ်နိုင်တာမျိုးတွေ ရှိပါတယ်။ ရင်းမြစ်စကားလုံးကို ရှေ့/ နောက် ပုဒ်တွေ ထပ်ပေါင်းစပ်လိုက်တဲ့အခါ ရင်းမြစ်စကားလုံးရဲ့ အဓိပ္ပါယ်ဟာ ပြောင်းလဲသွားတတ်ပါတယ်။

READ
ကမ္ဘာ့အသေးဆုံးနိုင်ငံများ

ဥပမာအနေနဲ့ပြောရရင်..

Root word (ရင်းမြစ်စကားလုံး)- happy (ပျော်ရွှင်သော)

Root word + prefix – unhappy (မပျော်ရွှင်သော)

Root word + suffix – happiest (အပော်ျရွှင်ဆုံး)

စကားလုံးအသစ်တွေကို ၀ါကျဖွဲ့သုံးပါ

yourdictionary

ကိုယ်လေ့လာထားတဲ့ စကားလုံးအသစ်တွေကို စာရင်းပြုစုထားပါ။ နေ့တိုင်း ကိုယ့်လေ့လာထားတဲ့ စကားလုံးသစ်ကို အနည်းဆုံး ၀ါကျတစ်ခုခုမှာ ချရေးတာပဲဖြစ်ဖြစ်၊ စကားပြောရင်း ထည့်ပြောတာပဲဖြစ်ဖြစ် ပြုလုပ်ပါ။

ပုဒ်ဖြတ် ပုဒ်ရပ် အထားအသိုကို မှန်ကန်အောင် အသုံးပြုပါ

yourdictionary

ပုဒ်အထားအသို လွဲမှားတာဟာ ၀ါကျတစ်ခုလုံးရဲ့ အဓိပ္ပါယ်ကို လုံးဝပြောင်းလဲစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ပြောတာဟာ ရိုးရိုးဝါကျလား၊ အမေးလားဆိုတာကို သတိပြုပါ။

စကားပြောအခွေတွေနဲ့ လေ့လာပါ

yourdictionary

အမေရိကန်တွေရဲ့ စကားပြောဆိုပုံကို တီဗီအစီအစဉ်တွေကနေ လေ့လာမယ့်အစား ဒီဗီဒီရုပ်သံဇာတ်လမ်းတွဲတွေကို ကြည့်ပြီး လေ့လာနိုင်ပါတယ်။ အကြောင်းရင်းကတော့ ဒီဗီဒီဆိုရင် ထပ်ကာထပ်ကာ ပြန်ဖွင့်ပြီး နားထောင်လို့ရပါတယ်။

READ
လူအနည်းစုသာ သိထားသေးတဲ့ iPhone ရဲ့ အသုံးပြုပုံ (၃) ခု

ဗြိတိန်အင်္ဂလိပ်စကားနဲ့ အသုံးအနှုန်းသတိပြုပါ

yourdictionary

အမေရိကန်သုံးအင်္ဂလိပ်စာနဲ့ ဗြိတိသျှသုံးအင်္ဂလိပ်စာဟာ ကွဲပြားပါတယ်။ စာလုံးပေါင်းသတ်ပုံကအစ ကွဲပြားမှုတွေရှိသလို တစ်ခါတစ်လေ စကားလုံးတစ်ခုလုံး ကွာခြားနေတာမျိုးတွေလည်း ရှိပါတယ်။

ထပ်တလဲလဲ လေ့ကျင့်ပါ

yourdictionary

အဖန်တလဲလဲလေ့ကျင့်ခြင်းဟာ ပြည့်ဝသူတစ်ယောက် ဖြစ်လာစေပါတယ်။ အင်္ဂလိပ်စကားများများပြောလေ၊ ပြောရတာ လျှာပိုသွက်လာလေပါပဲ။ ကိုယ့်ထက် တတ်ကျွမ်းတဲ့သူတွေကိုလည်း ဆည်းကပ်ပြီး ကိုယ့်အင်္ဂလိပ်စာ အသုံးအနှုန်းထဲမှာ အမှားပါရင် ထောက်ပြပေးဖို့ ပြောထားပါ။ ကိုယ့်အင်္ဂလိပ်စကားကို ဘယ်သူမှ နားထောင်မယ့်သူ မရှိဘူးပဲ ထားဦး။ ကိုယ့်စကားသံကို ကိုယ်အသံပြန်ဖမ်းပြီး နားထောင်ပါ။ ဒါမှမဟုတ်ရင် မှန်ရှေ့မှာ လေ့ကျင့်ပါ။ အင်္ဂလိပ်စာလေ့လာနေသူတွေ ဒီစာစုလေးကိုဖတ်ရင်း အင်္ဂလိပ်စာကို အမှန်ကန်ဆုံးနဲ့ အမြန်ဆုံးလေ့လာနိုင်ကြစေဖို့ ဆန္ဒပြုလိုက်ပါတယ်။

လင်းလင်း (ShweMom)

Ref: yourdictionary

SHARE