လာမယ့် ၁၀ နှစ်အတွင်း စက်ရုပ်လုပ်သား ၄ သန်းကျော် ပေါ်ပေါက်လာနိုင်ချေရှိနေ

ဗြိတိန်နိုင်ငံမှာတော့ လာမယ့် ဆယ်စုနှစ်တစ်စုအတွင်း စက်ရုပ်အလုပ်သမား ၄ သန်းခန့် ပေါ်ပေါက်လာနိုင်ဖွယ် ရှိနေကြောင်း ယူကေ ဈေးကွက်သုတေသန အဖွဲ့အစည်း YouGov ရဲ့ လေ့လာထားချက်များအရ သိရပါတယ်။ လုပ်သား ၄ သန်းဆိုတဲ့ ပမာဏဟာ ယူကေရှိ ပုဂ္ဂလိကလုပ်ငန်းတွေရဲ့ အလုပ်သမား ၁၅ ရာခိုင်နှုန်း ဖြစ်နေပါတယ်။

သုတေသနပညာရှင်များက ထိုအချက်နဲ့ ပတ်သက်လို့ ဗြိတိန်နိုင်ငံတဝှမ်းရှိ လုပ်ငန်းရှင်များကို စစ်တမ်းကောက် မေးမြန်းကာ ထွက်လာခဲ့တဲ့ အဖြေဖြစ်ပါတယ်။ ငွေကြေးလုပ်ငန်း၊ စာရင်းလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ ထုတ်ကုန်ဖြန့်ချိရေး စသည်များမှ လုပ်ငန်းရှင်တွေက လာမယ့် ၂၀၂၇ လောက်က စလို့ သူတို့လုပ်ငန်းတွေရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကို အလိုအလျောက်စနစ်တွေနဲ့သာ လည်ပတ်ဖို့ ကြိုးပမ်းလိုကြောင်း ဆိုခဲ့ကြတာပါ။

Shutterstock

လုပ်ငန်းတွေထဲမှာလည်း ယခုကတည်းက စက်ရုပ်လုပ်သားတွေ ဝင်ရောက်နေကြပြီ ဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆို ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေထဲ စက်ရုပ်လုပ်သားတွေ အသုံးပြုနေကြတာတွေ ရှိသလို ဆေးပစ္စည်းတွေ သယ်ယူပို့ဆောင်ရေးတွေမှာ drone တွေကို သုံးနေကြပါတယ်။ နည်းပညာတွေက လုပ်ငန်းရှင်တွေအတွက် များစွာ အကျိုးဖြစ်ထွန်းစေတာ မှန်ပေမယ့် အခုလို အလုပ်သမားအစားထိုးမှုတွေကြောင့် လူ့အဖွဲ့အစည်းကို ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာစေမလဲဆိုတာတော့ စဉ်းစားစရာတွေ ရှိနေပါတယ်။

READ
Samsung Galaxy S7 Edge နဲ့ iPhone 6S Plusကို Coca Colaစိမ်ပြီးစမ်းသပ်ခြင်း
Shutterstock

ဦးစွာ စက်ရုပ်တွေကို အစားထိုးလိုက်တာကြောင့် ပိုထွက်လာမယ့် လူသားအရင်းအမြစ်ကို ထိခိုက်မှု မဖြစ်စေဖို့ ဆောင်ရွက်ကြဖို့ လိုပါတယ်။ စက်ရုပ်တွေကို လူတွေ လုပ်ဖို့ မသင့်တော်တဲ့ အလုပ်တွေကို ခိုင်းမယ်ဆိုရင် ထိုမှ လစ်လပ်သွားမယ့် လူသား အလုပ်သမားတွေကို ဝေဖန်တွေးခေါ်မှုပိုင်းနဲ့ လုပ်ကိုင်ရမယ့် နေရာတွေမှာ ခန့်အပ်ဖို့ ပိုအဆင်ပြေသွားမှာ ဖြစ်ကြောင်း သုံးသပ်ထားကြပါတယ်။ “ယူကေက နည်းပညာကို အသုံးချပြီး စီးပွားရေးအခွင့်အလမ်းတွေ ဖန်တီးနိုင်တဲ့ နိုင်ငံ ဖြစ်လာမှာပါ။ စက်ရုပ်တွေက နိုင်ငံ့ကြီးပွားမှုကို ထောက်ပံ့နိုင်မယ်ဆိုရင်လည်း လူသားအလုပ်သမားတွေ အနေနဲ့ မျှတတဲ့ အကျိုးခံစားခွင့်တွေတော့ ရနေဖို့ လိုအပ်ပါသေးတယ်” လို့ ဗြိတိန် ကုန်သွယ်ရေး ဖက်ဒရေးရှင်းရဲ့ အထွေထွေ အတွင်းရေးမှူး Frances O’Grady က The Guardian သတင်းဌာနကို ပြောကြားသွားခဲ့ပါတယ်။

Shutterstock

မေးခွန်းတစ်ခုကတော့ စက်ရုပ်တွေကို အစားထိုးတော့မယ့် အလိုအလျောက်စနစ်သုံး လုပ်ငန်းတွေဟာ ဘယ်တော့ ပြောင်းလဲသွားမလဲ ဆိုတာပါ။ ပုံမှန်ဖြည်းဖြည်းချင်း ပြောင်းလဲမှုတွေ ပေါ်ပေါက်လာမယ်ဆိုရင်တော့ လူသားတွေအနေနဲ့ အခြားတာဝန်တွေကို ကူးပြောင်းယူနိုင်ကာ ကုန်ထုတ်စွမ်းအား မြှင့်တင်နိုင်မှာ ဖြစ်ပေမယ့် အစားထိုးမှုတွေ လျင်မြန်စွာ ဖြစ်ပေါ်လာမယ်ဆိုရင်တော့ လူသားတွေအတွက် အခက်အခဲတွေ ဖြစ်လာစေနိုင်ပါတယ်။

READ
သင့် Facebook Account ကို အခြားသူတစ်ယောက်ခိုးသုံးလားသိနိုင့်မယ်နည်း

Ref: Futurism

SHARE