Youtuber (၂)ဦးကြောင့် နှစ်ပေါင်း(၄၀)ကျော်အကြာမှာ တစ်ကျော့ပြန် ခေတ်စားနေတဲ့ သီချင်း

Youtube-FIRST TIME HEARING Phil Collins - In the Air Tonight REACTION

တစ်ချိန်တုန်းက နာမည်ကြီး အင်္ဂလိပ် drummer တစ်ဦးဖြစ်တဲ့ Philip Collins ကိုတော့် ဒီဘက်ခေတ်မှာ သိတဲ့လူတော်တော်ကြီး ရှားသွားလောက်ပါပြီ။ Collins ရဲ့ ၁၉၈၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ In The Air Tonight လို့ အမည်ရတဲ့ သီချင်းဟာ အဲဒီခေတ်က တော်တော်လေးကို နာမည်ကြီးခဲ့တဲ့ သီချင်းတစ်ပုးပါပဲ။ Collins ဟာ နာမည်ကြီး drummer တစ်ယောက်ဖြစ်တာနဲ့အညီ သူရဲ့ သီချင်းမှာ အမိုက်စား drum solo drops တွေကို ဖန်တီးခဲ့တာပါ။ အုလည်း အဆိုပါသီချင်းဟာ Youtuber နှစ်ဦးကြောင့် တစ်ကျော့ပြန် အသက်ဝင်လာပြီး itunes မှာ နံပါတ် ၂ နေရာအထိရောက်လာခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Youtube-FIRST TIME HEARING Phil Collins – In the Air Tonight REACTION

အပေါ်ကပုံထဲမှာ တွေ့ရတဲ့ နှစ်ယောက်ကတော့ အသက် ၂၂ နှစ်အရွယ် အမွှာညီအကိုနှစ်ယောက်ဖြစ်တဲ့ Tim နဲ့ Fred Williams ပဲ ဖြစ်ပါတယ်။ Williams Brothers ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က Collins ရဲ့ In The Air Tonight သီချင်းကို ပထမဆုံးအကြိမ် နားထောင်ဖူးတဲ့အကြောင်း reaction video လုပ်ခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုရဲ့ အစပိုင်းမှာတော့ သီချင်းကို သိပ်အထင်မကြီးသလိုပုံစံတွေ၊ ဟာသဆန်ဆန်စကားတွေ တောက်လျှောက်ပြောကြားနေခဲ့ပေမယ့် နှစ်ယောက်စလုံးဟာ သီချင်းအလယ်လောက်ရောက်ခါနီး အချိန်မှာ မျက်နှာတွေ တည်လာခဲ့ပြီး သီချင်းကို တော်တော် ခံစားပြီး နားထောင်ခဲ့ပုံရပါတယ်။

READ
မီးလောင်နေတဲ့ ကားထဲက ရဲအရာရှိကို အချိန်မှီကယ်တင်နိုင်ခဲ့တဲ့ အမျိုးသား

အပေါ်မှာတွေ့ရတဲ့ ဗီဒီယိုကတော့ William Brothers ရဲ့ reaction video ပဲ ဖြစ်ပါတယ်။ ဗီဒီယိုအဆုံးသတ်မှာတော့ Fred Williams ဟာ ဒီသီချင်းကို သူ့အနေနဲ့ Ringtone ထားတော့မယ့်အကြောင်းကို ပြောခဲ့သလို Tim Williams ဟာလည်း သူ့ဘဝမှာ ပထမဆုံးတစ်ကြိမ်နားထောင်ပြီးတာနဲ့ အရမ်းကြိုက်ပြီး ရင်ထဲတန်းရောက်ခဲ့တာ ဒီသီချင်းတစ်ပုဒ်ပဲ ရှိသေးကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

 

သူတို့နှစ်ယောက်ရဲ့ reaction ကို ကြည့်ရှု့သူပေါင်း ၅ သန်းကျော်ရှိခဲ့သလို တစ်ဖက်မှာလည်း In The Air Tonight ဟာ Youtube မှာ Viewers သန်း ၂၀၀ ကျော်တောင် ရှိခဲ့ကြောင်း သိရပါတယ်။

READ
ရေမြင်းကို ကိုက်ဖို့ကြိုးစားတဲ့ ခြင်္သေ့၊ ကံကောင်းလို့ မသေတဲ့အဖြစ်

Pyi Hein Kyaw

SHARE