အိမ်ဝယ်ရင် Lamborghini အသစ်တစ်စီးပါ အလကားရမယ့် သြစတေးလျက စံအိမ်ကြီး

ပုံမှန်ဆို ဒေါ်လာ(၅) သန်းနဲ့ အထက်ရှိတဲ့ အိမ်ကြီးအိမ်ကောင်းတွေကို ၀ယ်ယူတဲ့အခါ ဈေးကွက်က ပေးတဲ့ အပိုလက်ဆောင်ပစ္စည်းလေးတွေ ရရှိလေ့ရှိပါတယ်။ ဥပမာ သစ်သီးဆွဲခြင်းလေး၊ ဒါမှမဟုတ်ရင် ဒီဇိုင်နာက သီးသန့်ဖန်တီးထားတဲ့ ပရိဘောဂလေးအနည်းအကျဉ်း ဒီလောက်ပါပဲ။ အသစ်စက်စက် Lamborghini ကြီးကိုတော့ တော်ရုံတန်ရုံလက်ဆောင်အဖြစ် ထည့်ပေးထားမျိုးကို မကြားဖူးသလောက်ပါပဲ။

gq

ဒါပေမယ့် Belvedere လို့ သမုတ်ထားပြီး Brisbane တောင်ကုန်းတွေပေါ်မှာ တည်ဆောက်ထားတဲ့ အပန်းဖြေဇိမ်ခံအိမ်ကြီးကတော့ ဒီအိမ်ကြီးကို ၀ယ်ယူတဲ့အခါ Lamborghini Huracan LP 580 အသစ်တစ်စီးပါ လက်ဆောင်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ စတုရန်းမီတာ (၁၀၄၇) ရှိတဲ့ (၄) ဆောင်တွဲ စံအိမ်ကြီးမှာ အိပ်ခန်း (၅) ခန်း၊ ရေချိုးခန်း(၆) ခန်း၊ ကားပါကင်(၇) ခုနဲ့ အိမ်ရုပ်ရှင်ရုံ၊ ရုံးခန်း၊ gym၊ အပန်းဖြေရေနွေးစိမ်ကန်နဲ့ ရေကူးကန်(၂) ခုတို့လည်း ပါဝင်မှာဖြစ်ပါတယ်။

READ
ဝက်သယ်သည့်ကား အက်ဆီးဒင့်ဖြစ်ပြီးနောက် ကားပေါ်ပြန်မတက်ပဲကဲနေတဲ့ဝက်စုံတွဲ
gq

အိမ်ကြီးရဲ့ တန်ဖိုးဟာ ဒေါ်လာ(၈.၈) သန်း တန်ပါတယ်။ ဒီစံအိမ်ကြီးရဲ့ အနာဂတ်အိမ်ပိုင်ရှင်ဟာ Lamborghini အသစ်တစ်စီး လက်ဆောင်ရရုံတင်မဟုတ်ပါဘူး။ သီးသန့်ပြုလုပ်ထားတဲ့ (၁၅၀) လီတာရှိတဲ့ Barossa Shiraz နဲ့ Mclarenvale Montepulciano ၀ိုင်စည်ကြီးတွေကိုပါ အလကားရရှိမှာ ဖြစ်ပါတယ်။ Belvedere စံအိမ်ကြီးကိုတော့ ယခုနှစ် ဧပြီလ(၁၃)ရက်မှာ စတင်ဖွင့်လှစ်ပြသမယ်လို့ သိရပါတယ်။

Zephyr Industries
Supplied
gq
gq
gq
gq
gq

လင်းလင်း (ShweMom)

Ref: gq, dailymail

SHARE