ချီကာဂိုမြို့မှ ရဲအကြီးအကဲတစ်ဦး ရာထူးတိုးခံရပြီး မကြာမီ၊ မိမိကိုယ်ကိုယ် အဆုံးစီရင်သွား

YouTube/FoxChicago

ချီကာဂိုမြို့မှ ရဲအရာရှိ လက်ထောက်အကြီးအကဲတစ်ဦးဟာ ရာထူးတိုးပြီး သိပ်မကြာမီမှာပင် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း သိရပါတယ်။ ရာထူးတိုးပြီးနောက် တော်တော်များများက ပျော်ကြပေမယ့်၊ တချို့ကတော့ ရာထူးကြီးလေး လေးလံတဲ့ဝန်ထုပ်ဝန်ပိုးကြီးထဲကို ပိုလေးတဲ့အရာတွေ အထည့်ခံရလေလို့ အထင်ရှိကြပါတယ်။

Twitter/ChicagoPolice

ရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူ Dion Boyd ဟာ ပြီးခဲ့တဲ့ဇူလိုင်(၂၈)ရက်၊ အင်္ဂါနေ့က  ရဲဌာနပိုင်အဆောက်ဦတစ်ခု အတွင်းမှာ သေဆုံးနေခဲ့တာ ဖြစ်ပါတယ်။ အလောင်းကို သေချာစစ်ဆေးတဲ့အခါမှာ သူ့ဘာသာ ပြန်လည်ပစ်ခတ်ထားတဲ့ သေနတ်ဒဏ်ရာကို တွေ့ရပါတယ်။

 

Boyd ဟာ ရဲမှူထမ်းသက် (၃၀)ကျော်ပြီဖြစ်ပြီး၊ မကြာသေးခင် နှစ်ပတ်လောက်ကမှ Deputy Chief အဖြစ် ရာထူးတိုးခဲ့ပါတယ်။ သူဟာ Homan Square မှာတည်ရှိတဲ့ အခန်းတစ်ခုအတွင်းမှာ လဲကျသေဆုံးနေခဲ့တာပါ။ အဆိုပါနေရာဟာ ချီကာဂိုမြို့၊ West Side မှာ တည်ရှိပါတယ်။

သူသေဆုံးသွားတဲ့အတွက် ချီကာဂိုမြို့ Chicago Police Superintendent အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲမှူးကြီး David Brown မိသားစုနဲ့ထပ်တူဝမ်းနည်း ကြေကွဲမိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ Boyd ဟာ အသက်(၅၇)နှစ်သာရှိသေးပြီး၊ မှုခင်းနှိမ်နင်းရေး လက်ထောက်အကြီးအကဲဖြစ် ရာထူးတိုးထမ်းဆောင်နေတာ မကြာသေးပါဘူး။

Boyd ရဲ့အလောင်းကို Cook County Medical Examiner’s Office မှာ ခွဲစိတ်စစ်ဆေးနေပြီး၊ သေမှုသေခင်းဆရာဝန်ရဲ့ ကောက်ချက်ကိုတော့ မသိရသေးပါဘူး။ ချီကာဂိုမြို့တော်ဝန် Lori Lightfoot ကလည်း ဝမ်းနည်းကြေကွဲကြောင်း တွစ်တာမှာ ကြေညာခဲ့ပါတယ်။

 

အကယ်၍ ဒီအမှုမှာ Boyd ကိုယ်တိုင် သတ်သေခဲ့ကြောင်း ထင်ရှားခဲ့လျှင် သူဟာ (၂)နှစ်အတွင်းမှာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခဲု့တဲ့ ရဲအရာရှိဆယ်ဦးအနက် တစ်ဦးအပါအဝင် ဖြစ်သွားမှာပါ။ လက်ရှိအချိန်ထိတော့ မိမိကိုယ်ကို သေကြောင်းကြံစည်တယ်လို့ အထင်ရှိတယ်လို့သာ ကောက်ချက်ချထားပါသေးတယ်။

လင်းသူရိန်

SHARE