Keanu Reeves နာမည်သုံးပြီး အလှူခံတဲ့ပွဲအကြောင်းဖောက်သည်ချခဲ့တဲ့ Influencer တစ်ဦး

Instagram-swedish_bella, IMDb-John Wick

ပရဟိတအဖွဲ့စည်းတွေဆိုတာဟာလည်း အလှူရှင်ရဖို့အတွက်ဆိုတာ အဖွဲ့အစည်းအကြောင်းလူသိမှဖြစ်မှာပါ။ ဒါကြောင့်လည်း လူမှုကွန်ယက်မှာေကြော်ငြာတာတွေကစလို့ နာမည်ကြီးတွေကို ကြော်ငြာခိုင်းတာမျိုး၊ ဖြန့်ဝေတာမျိုး၊ ပွဲတက်ခိုင်းတာမျိုးတွေအထိ ပြုလုပ်လေ့ရှိကြပါတယ်။

IMDb-John Wick

ဟောလိဝုဒ်ရဲ့ ပရဟိတစိတ်အပြင်းပြဆုံးအနုပညာရှင်တွေထဲမှာ မင်းသားကြီး Keanu Reeves ကတော့ ထိပ်ဆုံးကပါဝင်နေပါလိမ့်မယ်။ အားလုံးသိကြတဲ့အတိုင်းပဲ ရုပ်ရှင်လောကထဲမှာ သက်တမ်းရင့်မင်းသားတစ်လက်ထဲ ပါဝင်ခဲ့ပေမယ့်လို့ သူရသမျှအနုပညာစရိတ်တွေကို ပရဟိတလုပ်ငန်းတွေထဲ အကုန်ထည့်ထည့်လှူပစ်တတ်တဲ့အတွက်ကြောင့် တခြားအနုပညာရှင်တွေလောက် ပိုင်ဆိုင်မှုတန်ကြေးက မရှိနေခဲ့ပါဘူး။ နောက်ပြီး ဟိတ်ဟန်မရှိဘဲ လမ်းမပေါ်မှာ မုန့်ထိုင်စားပြီး လျှောက်ကြည့်နေတာတို့၊ ဘတ်စ်ကားဂိတ်မှာ ငုတ်တုန်ကြီးထိုင်နေတာမျိုး၊ ပန်းခြံထဲသွားထိုင်နေတာမျိုးတွေတောင် လုပ်တတ်သေးတယ်မဟုတ်လား။

ဒီလိုစိတ်ထားနှလုံးကောင်းရှိတဲ့ မင်းသားကြီး Keanu Reeves ရဲ့နာမည်ကိုအသုံးချပြီး ဟောလိဝုဒ်ကပရဟိတအဖွဲ့အစည်းတစ်ခုက အလှူလိုက်ခံနေတယ်ဆိုပြီး သတင်းတွေထွက်နေခဲ့တယ်လို့ Insider မှာ ဖော်ပြထားခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ Influencer တစ်ဦးဖြစ်တဲ့ Monica Huldt ကနေပြီး ဖောက်သည်ချထားခဲ့တာပါ။ Global Charity Initiative ဆိုတဲ့ ပရဟိတအဖွဲ့အစည်းမှ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက Beverly Hilton မှာ ပွဲတစ်ပွဲကျင်းပခဲ့ပါတယ်။ Black Tie Gala ဆိုတဲ့ပရဟိတအလှူခံတဲ့ပွဲမျိုးပါ။

 

အာဖရိကတောင်ပိုင်း၊ Ghana နဲ့ Los Angeles တို့မှာ ရုံးခွဲတွေရှိနေပြီး ပရဟိတလုပ်ငန်းအဖွဲ့အစည်းတွေထဲမှာ နာမည်လည်းတော်တော်ရနေတဲ့ ကုမ္ပဏီမလို့ လူသိများကြပါတယ်။ Monica ကိုလည်း အဖွဲ့အစည်းဖက်မှ လက်မှတ်ရောင်းကာ အားပေးကူညီဖို့ ပြောလာခဲ့တဲ့အတွက်ကြောင့် သူမလည်း ပွဲကိုတက်ရောက်လာခဲ့ပါတယ်။ တစ်ခုရှိတာက အဖွဲ့အစည်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အခုလိုပုံစံမျိုးနဲ့ မင်းသားကြီး Keanu Reeves ကိုယ်တိုင် တက်ရောက်လာမှာမလို့ ပွဲကိုဆက်ဆက်လာခဲ့ပါဆိုပြီး ကြော်ငြာထားတာပါပဲ။

READ
ရုံးခန်းမှာ အလုပ်လုပ်နေစဉ် သရဲတွေသောင်းကျန်းလို့ အိမ်ပြန်ပြေးခဲ့ရတဲ့ အမျိုးသမီး
Instagram-swedish_bella

ဒါပေမဲ့ Keanu Reeves ကတော့ Page Six ဆိုတဲ့မီဒီယာကို သူ့အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိပါဘူးလို့ တရားဝင်ပြောခဲ့ကာ ပုံကိုလည်း သူ့ခွင့်ပြူချက်မပါဘဲ ယူသုံးခဲ့တာပါတဲ့လေ။ ဒီအကြောင်းကို ပွဲတက်ပြီးကတည်းကသိခဲ့ရတဲ့ Monica ကတော့ သူမရဲ့ Instagram မှာ ပရဟိတအဖွဲ့အစည်းကို လုပ်ပုံတွေမဟုတ်ဘူးဆိုပြီး ပြောခဲ့ပါတယ်။ ပွဲစီစဉ်သူတွေက Keanu Reeves ဟာ ည ၆နာရီခွဲမှာ တခြားသောအရေးကြီး ဧည့်သည်တွေနဲ့အတူတူ ရောက်လာမှာဖြစ်ပြီး မိန့်ခွန်းပြောကာ လှူဒါန်းဖို့ရည်ရွယ်ထားတဲ့ ပန်းချီကားကိုလည်း တာဝန်ယူကာလေလံဆွဲဦးမှာလို့ ပြောခဲ့ပေမယ့်လို့ ပွဲပြီးတဲ့အထိ ဘာမှမသိရှာတဲ့ Keanu Reeves တစ်ယောက်မရောက်လာခဲ့ဘဲ ဒေါ်လာ ၂ ထောင်နဲ့ရောင်းမယ်လို့ ဆိုင်ထားတဲ့ ပန်းချီကားဟာလည်း ဒေါ်လာ ၅၀၀ နဲ့သာရောင်းထွက်သွားတယ်လို့ သတင်းသဲ့သဲ့သာကြားခဲ့ပါတယ်သတဲ့။ Keanu Reeves ကို စောင့်နေတဲ့ လူတွေကတော့ ဒေါသထွက်စွာနဲ့ပဲ ပွဲကနေ ပြန်သွားခဲ့ရရှာပါတယ်။

READ
နှုတ်ခမ်းစူလိုက်တိုင်း လှစေဖို့ £2,000ခန့် သုံးခဲ့တဲ့ အမျိုးသမီး
Global Charity Initiative / Instagram

ပွဲကို ရောက်လာတဲ့ တစ်ဦးတည်းသော ဟောလိဝုဒ်မင်းသားကတော့ Black Panther အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Chadwick Boseman ပါပဲ။ သူဟာ VIP လက်မှတ်ဝယ်ထားလို့ VIP နေရာမှာ ထိုင်နေခဲ့ပေမယ့် ပွဲလယ်လောက်မှာ သူ့ကို ပွဲစီစဉ်သူတွေက အနောက်ဖက်က ရိုးရိုးဝိုင်းကို ပြောင်းခိုင်းခဲ့ပါတယ်တဲ့လေ။ ဘယ်လိုတွေတောင်လဲဆိုတာလေ..။

Penny

SHARE