ကမ္ဘာ့ဘီလျံနာတွေရဲ့ကြွယ်ဝမှုကို ပေါင်းရင် တစ်ကမ္ဘာလုံးကို ကာကွယ်ဆေးထိုးနှံနိုင်

instagram/jeffbezos instagram/zuck

အစာရေစာငတ်မွတ်ခေါင်းပါးမှု လျော့ချရေးဆိုင်ရာ အောက်စဖို့ကော်မတီ Oxfam ကသိရတဲ့ထုတ်ပြန်ချက်အရ ကမ္ဘာ့ဘီလျံနာတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွင်းမှာ ၄င်းတို့ဆုံးရှုံးမှုတွေကို ပြန်ထေမိရုံတင်မကဘဲ ပိုချမ်းသာလာတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ ၁၀ဦးရဲ့ ချမ်းသာကြွယ်ဝမှုတွေကိုသာပေါင်းလိုက်ရင် ကမ္ဘာ့လူသားအားလုံး ကိုဗစ်ကာကွယ်ဆေးထိုးနှံဖို့ထောက်ပံ့နိုင်မယ့်အပြင် ဆင်းရဲမွဲတေမှုကိုပါ ပပျောက်အောင် လုပ်ဆောင်ပေးနိုင်တယ်လို့ သိရပါတယ်။

တစ်ကမ္ဘာလုံးအနေနဲ့ပြောရရင် ၂၀၂၀ခုနှစ်မတ်လ ၁၈ ရက်ကနေ ဒီဇင်ဘာ၃၁ရက်အတွင်း ဘီလျံနာတွေရဲ့ ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ ၃.၉ ထရီလီယံတိုးပွားလာတာ ဖြစ်ပါတယ်။ ကပ်ရောဂါအစပိုင်းမှာတော့ ဘီလျံနာတွေဟာလည်း တခြားသန်းပေါင်းများစွာသောလူတွေနည်းတူ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ နိုဝင်ဘာမှာတော့ ဒီဆုံးရှုံးမှုအားလုံးကို ပြန်လည်ကာမိနိုင်ခဲ့တယ်လို့ Oxfam က ထုတ်ပြန်ထားတာပါ။ သန်း၂၀၀ ကနေ သန်း၅၀၀ ကြားရှိတဲ့ လူတွေကတော့ ၂၀၂၀ခုနှစ်ထဲမှာ ကိုဗစ်ကြောင့် ဆင်းရဲမွဲတေသွားခဲ့တာကိုလည်း ဖော်ပြထားပါသေးတယ်။

 

View this post on Instagram

 

A post shared by Jeff Bezos (@jeffbezos)

အမေရိကန်ဘီလျံနာတွေဟာ ကပ်ရောဂါတစ်လျှောက်လုံးမှာ အမြတ်အစွန်းကြီးကြီးမားမားရရှိခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာလက ထုတ်ပြန်တဲ့ Insider မှာတော့ အမေရိကန်ဘီလျံနာတွေရဲ့ အသားတင်တန်ဖိုးဟာ ကိုဗစ်အတွင်း ဒေါ်လာ ၄ ထရီလီယံတက်လာကြောင်း ဖော်ပြထားပါတယ်။ Oxfam ကတော့ ပိုပြီးကောင်းမွန်တဲ့ကမ္ဘာဆီသို့ ခြေလှမ်းငါးလှမ်းဆိုပြီး ပုံစံချပြထားပါတယ်။

 

View this post on Instagram

 

A post shared by Mark Zuckerberg (@zuck)

ဒီခြေလှမ်းတွေထဲက တစ်ခုကတော့ လူချမ်းသာတွေအပေါ်အခွန်ကောက်ယူတဲ့ wealth tax စနစ်နဲ့ အခွန်ရှောင်မှုကို နှိမ်နင်းတာပဲဖြစ်ပါတယ်။ ဒီနေရာမှာတော့ အာဂျင်တီးနားရဲ့ wealth tax ကို Oxfam က ရည်ညွှန်းဖော်ပြထားတာပါ။ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ယူဖို့ရာ အရမ်းချမ်းသာတဲ့သူတွေက တစ်ကြိမ်သာ ပေးဆောင်ရမယ့် အခွန်အခဖြစ်ပါတယ်။ Wealth taxes ကတော့ ယခုကပ်ရောဂါကာလအတွင်း ပေါ်ပြူလာဖြစ်နေတဲ့ အယူအဆတစ်ခုလို့လည်း business insider အရ သိရပါတယ်။

READ
ခွေးဘီလူး (၇) ကောင်ကို လက်သံပြောင်ပြောင်နဲ့ ပွဲကြမ်းခဲ့တဲ့ ကြောင်သတ္တိခဲ

Shwemom

SHARE