ထူးထူးဆန်းဆန်း တစ်လုံးတည်းကွက်ပြီး လေဆင်နှာမောင်းဒဏ်လွတ်ခဲ့တဲ့ အိမ်လေး

အောက်မှာတွေ့ရတဲ့ ဓာတ်ပုံတွေဟာ လေဆင်နှာမောင်း ၀င်မွှေပြီး ပျက်စီးခဲ့တဲ့ အပျက်အစီးတွေကို ဝေဟင်ကနေ ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။ ဓာတ်ပုံတွေထဲမှာတော့ ပတ်ဝန်းကျင်မှာ အားလုံး ဖရိုဖရဲနဲ့ ပျက်စီးနေပေမယ့် ဂျော်ဂျီယာနိုင်ငံက အိမ်လေးတစ်လုံးကတော့ အထိအခိုက် အပျက်အစီးမရှိပဲ ထီးထီးလေး ကျန်နေတာကို အံ့သြဖွယ် တွေ့မြင်ရမှာပါ။

Matt Gillespie
Matt Gillespie

ပြီးခဲ့တဲ့ ရက်သတ္တပတ်တစ်ပတ်ကျော်တုန်းက အမေရိကန်အလာဘားမားပြည်နယ်နဲ့ ဂျော်ဂျီယာနိုင်ငံ ဒေသအချို့မှာ လေဆင်နှာမောင်း ၀င်ရောက်ပြီး လူပေါင်း(၂၃) ဦးရဲ့ အသက်နဲ့ အခြားအိုးအိမ်စည်းစိမ်တွေကိုပါ နှုတ်ယူသွားခဲ့ပါတယ်။ လေဆင်နှာမောင်းအပြီး အပျက်အစီးတွေကိုတော့ ဓာတ်ပုံဆရာဖြစ်တဲ့ မက်တ်ဂီးလက်စ်ပီက ဒရုန်းယာဉ်ပျံနဲ့ ဓာတ်ပုံရိုက်ယူခဲ့တာပါ။

Matt Gillespie
Matt Gillespie

ဒီအခါမှာပဲ ထူးထူးဆန်းဆန်း တစ်လုံးတည်းကွက်ပြီး လေဆင်နှာမောင်းဒဏ်လွတ်ခဲ့တဲ့ အိမ်လေးကို တွေ့လိုက်ရတာပါ။ “အိမ်က ပကတိအတိုင်း ရှိနေတာ တယ်ဆန်းတာပဲ။ အဲဒီအိမ်ထဲ နေတဲ့သူတွေတော့ ဘေးကင်းကြမယ် ထင်ပါရဲ့ ဗျာ….” လို့ မက်တ်ဂီးလက်စ်ပီက သူ့ရဲ့ ဖေ့စ်ဘုတ်မှာ အိမ်ဓာတ်ပုံလေးတွေနဲ့အတူ တင်ခဲ့ပါသေးတယ်။

READ
ကင်ဆာရောဂါနှစ်မျိုးနဲ့ ရင်ဆိုင်အပြီးမှာ မေးရိုးတစ်ခုလုံး ပျက်ဆီးသွားခဲ့သူ
Matt Gillespie

အိမ်လေးဟာ လေဆင်နှာမောင်းသွားနေတဲ့ လမ်းကြောင်းပေါ်မှာ ကျပုံရပေမယ့် ဘုရားမလို့ အထိအခိုက် နည်းနည်းပဲ ရှိခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ ၄င်းနှစ်ထပ်အိမ်လေးဘေးက သစ်ပင်ကြီးတွေဟာ အမြစ်ကနေ ကျွတ်ထွက်နေပြီး အိမ်လေးကတော့ ခေါင်မိုးမှာပဲ အနည်းငယ်ထိခိုက်ပုံရတာကို မြင်တွေ့ရပါတယ်။ အိမ်ကလေးက ကံကောင်းခဲ့ပေမယ့် သူ့ဘေးနားက အိမ်ကြီးအိမ်ငယ်တွေကတော့ အတော်များများ ထိခိုက်ယိုယွင်းသွားခဲ့ပါတယ်။

Matt Gillespie
Matt Gillespie

မတ်လ(၃) ရက်နေ့တုန်းက တိုက်ခတ်ခဲ့တဲ့ ၄င်းလေဆင်နှာမောင်းကြောင့် လူပေါင်း(၂၃) ဦး သေဆုံးခဲ့ပြီး မိသားစုတစ်စုထဲမှာတင် (၁၀) ဦးသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံရောက်နေတဲ့ လူနာတွေလည်း ရှိနေတာကြောင့် သေဆုံးသူဦးရေ ထပ်တိုးဖွယ်ရှိနိုင်တယ်လို့လည်း သိရပါတယ်။ လေမုန်တိုင်းဟာ တစ်နာရီ မိုင်(၁၇၀) ထိရောက်ရှိခဲ့ပြီး အမေရိကန်မှာ (၆) နှစ်အတွင်း အဆိုးဝါးဆိုးလေဆင်နှာမောင်းဖြစ်ခဲ့ပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

SHARE