အာတိတ်သမုဒ္ဒရာ ကမ်းစပ်မှာ ကပ်ဆောက်ထားတဲ့ မှန်ပုံ ဇိမ်ခံ အပန်းဖြေအိမ်လေးများ

အာတိတ်သမုဒ္ဒရာ အထက် ကျွန်တွေပေါ်မှာ တည်ရှိတဲ့ မှန်သေတ္တာပုံးပုံ အပန်းဖြေ အိမ်တွေဟာ ဇိမ်ခံခရီးသွားတွေရဲ့ ဆွဲဆောင်မှုတစ်ခုလို ရှိနေပါတယ်။

နော်ဝေနိုင်ငံ မြောက်ပိုင်းမှာ တည်ရှိနေတဲ့ ဒီလို စိတ်ကူးယဉ်ဆန်တဲ့ အပန်းဖြေဟိုတယ်ကို တည်ထောင်သူက Børge Ousland လို့ သိရပါတယ်။ သူက မြောက်ဝင်ရိုးစွန်းကို တစ်ကိုယ်တည်း ပထမဆုံးရောက်ခဲ့တဲ့ သူလည်း ဖြစ်တယ်။

Off the Map Travel

The Manshausen Cabin လို့ ခေါ်တဲ့ ဒီ အပန်းဖြေစခန်းဟာ နော်ဝေးနိုင်ငံမြောက်ပိုင်ရှိ သီးသန့်ကျွန်းပေါ်မှာ တည်ရှိတယ်။ ရေစပ်အထက်ရှိ ကျောက်ဆောင်ကနေ သံထောက်နဲ့ ဆင့်ပြီး အစွန်းထုတ်ထားတဲ့ ဒီဇိုင်နဲ့ ဆောက်ထားတဲ့ အိမ်ငယ် သုံးလုံးရှိပါတယ်။

Off the Map Travel

Steigen တောင်တန်းရဲ့ အံသြဖွယ် မြင်ကွင်းတွေနဲ့ ကံကောင်းရင် Northern Light တွေကို ပါမြင်ရမှာဖြစ်တယ်။

ဒီ Manshausen ကျွန်းကို (၂၀၁၀) မှာ ၀ယ်ယူခဲ့ပြီး မ၀ယ်ခင်တုန်းက ပိုင်ရှင် အမြောက်အမြားရှိကြောင်း လက်ရှိပိုင်ရှင်ကပြောပြပါတယ်။ ဒီ အရပ်ဒေသရဲ့ သဘာဝ၊ ထိန်းသိမ်းတဲ့ ကျွန်းတွေ၊ ကမ်းခြေတွေ၊ မြင့်မားတဲ့ တောင်တန်းတွေ၊ နွေရာသီ သန်းခေါင်ယံထက်က နေ၊ ဆောင်းရာသီမှာ ထွက်ပေါ်တဲ့ မြောက်ပိုင်း အလင်းတန်းတွေ စတာတွေကို နှစ်ခြိုက်သဘောကျတာကြောင့် ၀ယ်ခဲ့တာဖြစ်ကြောင်း Børge ကပြောပြပါတယ်။

READ
မော်လ်ဒိုက်ဗ်နိုင်ငံမှာ ဖွင့်လှစ်တော့မယ့် ကမ္ဘာ့ပထမဆုံး ရေအောက်ဟိုတယ်
Off the Map Travel

စစချင်းတော့ သူက ၀င်ရိုးစွန်းကို လေ့လာချင်တာပဲရှိပြီး သူ့ဘ၀မှာ သူလုပ်ချင်တာတော်တော်များများကို ဒီမှာ တဖြည်းဖြည်းနဲ့ ပုံဖော်လို့ ရနိုင်တာကို သိလာကြောင်း ဆိုပါတယ်။

အိမ်ငယ်လေးတစ်လုံးစီတိုင်းမှာ သီးခြား အိပ်ခန်းနှစ်ခန်း၊ အထူးဒီဇိုင်ဆွဲ ပြုလုပ်ထားတဲ့ ရေချိုးခန်းနဲ့ မီးဖိုးခန်း၊ ဇိမ်ခံ ပရိဘောဂတွေနဲ့ အသေအချာ ပြင်ဆင်ပေးထားတယ်လို့ သိရတယ်။ ၅၅ ဧက ကျယ်ဝန်းတဲ့ ဒီ ကျွန်းဟာ ပင်လယ်လင်းယုန်အုပ်ကြီး ကျက်စားရာ နေရာဖြစ်ကြောင်းလည်း သိရပါတယ်။

Off the Map Travel

ပင်မ အိမ်ကြီးကတော့ ၁၈ ရာစုခေတ် လယ်သမားအိမ်ကြီးမျိုးဖြစ်တယ်။ အဲ့ဒီမှာ မီးဖိုးချောင်၊ စားသောက်ခန်းမ၊ စာကြည့်တိုက်ရှိပြီး ရေပူလည်းချိုးလို့ရတယ်။ ဆားရေကန်နဲ့ သီးသန့် ကမ်းခြေလည်းရှိတယ်။ ဆောက်လုပ်မှုတွေမှာလည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မယ့် အရာတွေအတွက် ချိန်ညှိ ကန့်သတ်ပြီးတည်ဆောက်ထားကြောင်း သိရပါတယ်။

READ
ဝိုင်နီတွေအပြည့် ထည့်ထားတဲ့ ရေကန်ထဲ ရေစိမ်လို့ရနိုင်မယ့် ဂျပန်နိုင်ငံက Spa
Off the Map Travel

နွေရာသီမှာလည်း လာရောက်နိုင်ပြီး ရေငုပ်တာ၊ ကျောက်တောင်တက်တာ၊ ရွက်လွှင့်တာ စတာတွေကို ပြုလုပ်နိုင်ပါတယ်။ ဆောင်းရာသီမှာတော့ ပင်လယ်မှာ လှေလှော်တာ၊ နှင်းတောင် လှိုဏ်ဂူတွေဆီတက်တာ၊ မြောက်ပိုင်း ၀င်ရိုးစွန်းအလင်းတန်းတွေကို ရေနွေးကန်ထဲမှာ ခံစားတာ၊ Resshola ဂူကို လေ့လာရေးသွားတာတွေလုပ်နိုင်ကြောင်း သိရပါတယ်။

Off the Map Travel

နွေရာသီ လေးရက် ခရီးစဉ်က တစ်ဦးကို လေယာဉ်လက်မှတ်မပါ ယူရို (၁၄၉၅) ကျသင့်မှာဖြစ်ပြီး၊ ဆောင်းရာသီအတွက်တော့ ယူရိုငွေ (၁၆၉၉) ကျသင့်မှာ ဖြစ်ကြောင်း သိရပါတယ်။

Ref: Mirror

Matthew (ShweMOM)
SHARE