စိတ်ဖိစီးမှုကိုပြေလျော့စေမယ့် အိမ်တွင်းအလှမွေးငါးကန်အိုင်ဒီယာဆန်းလေးများ

အိမ်ဆိုတာကိုယ့်ကိုလုံခြုံမှုပေးနိုင်ရုံတင်မကပါဘူး။ စိတ်ချမ်းသာမှုနဲ့စိတ်ကြည်နူးမှုကိုပါပေးနိုင်စွမ်းပါတယ်။ ငါးလေးတွေကိုချစ်တယ်၊ သူတို့လေးတွေရဲ့လှုပ်ရှားကူးခတ်နေပုံကိုကြည့်ရင်း စိတ်အပန်းဖြေရတာလည်း နှစ်သက်တယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ ငါးမွေးကန်ဒီဇိုင်းလေးတွေကို ကြည့်ရှုသင့်ပါတယ်။ စာဖတ်သူတွေအနေနဲ့ ကိုယ်နေထိုင်ရာအခန်းနဲ့ ဘယ်လိုမျိုးငါးမွေးကန်ဒီဇိုင်းလေးက အဆင်သင့်မလဲဆိုတာတစ်လက်စတည်းကြည့်ရင်းနဲ့ အိုင်ဒီယာရသွားမှာပါ။

၁။ ပီကေ၊ သကြားလုံးထည့်တဲ့ခွက်ကလေး

Source: Architecture and Design

ငါးလဲမွေးချင်တယ်၊ ကိုယ့်ကလည်း ငွေအများကြီးမတတ်နိုင်ဘူးဆိုရင် အိမ်ကစတိုခန်း ၊ မြေအောက်ခန်းစတာတွေမှာ ရှေးဟောင်းပစ္စည်း၊ အသုံးမ၀င်တော့တဲ့ပစ္စည်းတွေဘာရှိမလဲဆိုတာအရင်လိုက်ရှာပါ။ ငါးမွေးဖို့ပစ္စည်းကောင်းကောင်းလေးတစ်ခုလောက်တော့တွေ့နိုင်ကောင်းပါတယ်။ အခုပုံမှာတွေ့ရတာကတော့ သကြားလုံးတွေထွက်ကျတဲ့သကြားလုံးစက်ကလေးကို ငါးမွေးကန်လုပ်ထားတာပါ။

၂။ နံရံထဲမြှုပ်ထားတဲ့ငါးကန်

Architecture Art Designs

ဒီလိုမျိုးကန်လေးကတော့ အိမ်အသစ်ပြင်ဆင်နေတဲ့သူတွေအတွက် ပိုအဆင်ပြေစေပါတယ်။ နံရံထဲကိုငါးမွေးကန်မြှုပ်ပြီးထည့်ထားတာက အိမ်ကိုပိုကြီးသယောင်လည်း ထင်ရစေပါတယ်။

၃။ ဖန်ငါးကန်

Architecture Art Designs

တကယ်လို့ ကိုယ်ကရောင်စုံသန္တာကျောက်တန်းလေးတွေအများကြီးထည့်ချင်တယ်ဆိုရင် ဖန်နဲ့ပြုလုပ်ထားတဲ့ငါးမွေးကန်လေးက ကြည့်ရပိုလှစေပါတယ်။ ငါးကန်နောက်ခံကတော့ အဖြူရောင်လေးထားပေးရင် ကန်လေးကကြွတက်နေသယောင်ထင်ရပါတယ်။

၎။ ဗီရို

Trendir

ရေချိုးခန်းထဲမှာရှိနေတဲ့ ဗီဒိုအသေးလေးတစ်ခုကို ငါးကန်လုပ်ချင်ရင်လည်းရပါတယ်။ ပုံလေးထဲကအတိုင်းပေါ့။ ကိုယ့်ရေချိုးခန်းလေးက ပိုစိတ်ဝင်စားဖို့ကောင်းသွားမှာပါ။

READ
ငွေကုန်ကြေးကျမများဘဲ အမိုက်စားဓာတ်ပုံတွေ ပိုင်ဆိုင်နိုင်မယ့် နည်းလမ်းကောင်း

၅။ အပင်တွေအပြည့်ထည့်ထားတဲ့ငါးကန်

Home Designing

ဒါကတော့ ငါးကန်ခပ်ကြီးကြီးကြိုက်တတ်သူတွေအတွက်ပေါ့။ ကြည့်လိုက်တာနဲ့မျက်စိပသာဒဖြစ်စေပါတယ်။ တကယ်လို့ကန်နေရာကျယ်တယ်ဆိုရင် စမ်းကြည့်သင့်ပါတယ်။

၆။ တီဗီထဲကငါးကန်လေး

Architecture and Design

အိမ်မှာအသုံးမပြုတော့တဲ့ အန်းတိတ်တီဗီတွေကိုလည်း အခုလိုငါးကန်လေးတွေအဖြစ် ပုံစံပြောင်းပေးနိုင်ပါတယ်။

၇။ နိုင်းမြစ်ငယ်ကလေး

Architecture and Design

ငါးကန်လေးနဲ့တောင်မတူပဲ အိမ်ထဲမှာမြစ်ကလေးတစ်စီး စီးဆင်းနေတာနဲ့တောင်တူပါတယ်။ ဒီလိုမျိုးပုံစံလေးငါးမွေးချင်ရင်တော့ ကြမ်းပြင်ကို ပြန်လည်မွမ်းမံပြင်ဆင်ရတာကြောင့် အတန်ငယ်တော့အကုန်အကျများပါလိမ့်မယ်။ ပြီးတော့ရေရှည်မှာပြင်ဆင်ရတာ၊ထိန်းသိမ်းရတာတွေမှာ နည်းနည်းတော့အခက်အခဲရှိပါတယ်။

၈။ နံရံထဲကငါးကန်လေး

Trendir

အပေါ်မှာလည်း နံရံထဲမှာမြှုပ်ထားနိုင်တဲ့ငါးကန်လေးတစ်ခုကိုတွေ့ခဲ့ပြီးဖြစ်ပါတယ်။ ဒါလေးကတော့ နောက်ထပ်ဒီဇိုင်းတစ်မျိုးပေါ့။ အပေါ်မှာတွေ့ရတဲ့ကန်လေးထက် ပိုကြီးပါတယ်။ သန္တာကျောက်တန်းလေးတွေပါထည့်ထားတော့ ကြည့်ရတာစိတ်ကြည်လင်ပြီး အခန်းကိုပိုကျယ်သယောင်ထင်ရစေပါတယ်။

၉။ မီးဖိုဆောင်က လက်ဆေးကန်

Architecture Art Designs

ဒါကတော့ မီးဖိုဆောင်ကလက်ဆေးကန်လေးမှာ ငါးကန်လေးမြှုပ်ပြီးလုပ်ထားတာပါ။ အခုလိုလှလှပပတွေ့ရအောင် တော်တော်လေး အသေးစိတ်လုပ်ကိုင်ရပါလိမ့်မယ်။ ကိုယ့်အိမ်မှာကလေးတွေရှိရင်တော့ သူတို့ကိုပန်းကန်ဆေးခိုင်းဖို့အတွက် အာရုံသိပ်နောက်စရာမလိုတော့ပါဘူး။

၁၀။ မီးဖိုဆောင်ထဲက ကျွန်းကလေး

YouTube

တကယ်ကိုကျွန်းကလေးတစ်ခုလိုပါပဲ။ ငါးကန်ကအကြီးကြီးဖြစ်တဲ့အပြင် ငါးတွေအတွက်လည်း စိတ်တိုင်းကျကူးခတ်နိုင်တဲ့ကန်အမျိုးအစားဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ရေတွေကိုသန့်စင်လဲလှယ်ဖို့ ဘယ်နေရာကနေ ပိုက်တွေနဲ့ဖောက်ထုတ်နိုင်မလဲဆိုတာတော့ မပြောတတ်ပါဘူး။

READ
အက်ရှင်မင်းသားတွေပါလုပ်လာကြတဲ့ "Bottle Cap Challenge" အကြောင်း

၁၁။  စန္ဒရားအဟောင်းကြီး

Architecture and Design

စန္ဒရားတီးနေရင်း တီးလုံးသံစဉ်တွေထဲမှာစီးမျောပြီး ငါးလေးတွေရဲ့ ကူးခတ်နေတဲ့သဘာဝကို ကြည်ကြည်နူးနူးနဲ့ခံစားနိုင်ပါတယ်။ အခုလိုစန္ဒရားလေးနဲ့ငါးကန်ကလေးတွဲထားမယ့်စိတ်ကူးလေးကလည်း စိတ်ကူးကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။

၁၂။ အိပ်ခန်းထဲက ငါးကန်

YouTube

ဒီငါးကန်လေးကို ကြည့်လိုက်ရုံနဲ့ စာဖတ်သူတို့မျက်စိကျကြမှာအသေအချာပါပဲ။ ဒီလိုမျိုး ငါးကန်မျိုးလုပ်ဖို့က ဈေးကြီးပေမယ့် ငါးလေးတွေရဲ့ ရေကူးနေတဲ့အသံကို အိပ်ရာပေါ်မှာမှိန်းပြီးနားထောင်ရင်း အိပ်ပျော်သွားတဲ့အရသာဟာ ဘယ်လောက်ဇိမ်ရှိလိုက်ပါသလဲ။

လင်းလင်း (ShweMom)

Source: shared.com

SHARE