နောက်ကားက စည်းကမ့်ကျော်တက်လာတာကို သတိမပြုမိဘဲ ကျောင်းကားပေါ်က ဆင်းခါနီးဆဲဆဲရှိနေတဲ့ ကျောင်းသားကို ဒရိုင်ဘာက အလျင်အမြန်ကယ်တင်လိုက်ရတဲ့ အဖြစ်အပျက်တစ်ခု နယူးယောက်ခ့်မြို့မှာ ပေါ်ပေါက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့တုန်းက သတိကပ်ပြီး စဉ်စားဉာဏ်သွက်တဲ့ အမျိုးသမီး ယာဉ်မောင် စမန်သာ ကောလ်းဟာ နယူးယောက်ခ့်မြို့ထဲက နောဝှစ်ခ်ျ မြို့နယ်မှာ ကျောင်းသား အတင်အချလုပ်နေတုန်း နောက်က အရှိန်နဲ့ တက်လာတဲ့ ကားကို သတိမပြုမိဘဲ ဆင်းဖို့ လုပ်နေတဲ့ ကျောင်းသားကို အချိန်မှီ ဖမ်းဆွဲလိုက်နိုင်ပါတယ်။

ကောလ်းဟာ ကျောင်းကားမောင်းလာတာ ခြောက်နှစ်ရှိပါပြီ။ သူမဟာ မှတ်တိုင်းမှာရပ်၊ ဂီယာချိန်းနေတုန်းရှိသေးတယ်၊ တံခါးဖွင့်ဖွင့်ချင်း ဆင်းဖို့ လုပ်တဲ့ကျောင်းသားရဲ့ ကျောပိုးအိတ်ကို ရုတ်တရက် ဖမ်းဆွဲလိုက်တာကို တွေ့ရမှာပါ။ ဟုတ်ပါတယ်.. ဘေးက အရှိန်နဲ့ ကားကလည်း တက်လာနေခဲ့တာပါ၊ သူမသာ မြန်မြန် မဆွဲထားလိုက်နိုင်ရင် အခြေအနေက တစ်မျိုးပြောင်းသွားနိုင်ပါတယ်။


သူမဟာ ကျောင်းသားကို ကားထဲမှာ ခဏနေစေခဲ့ပြီး ရှင်းသွားတာ သေချာမှ ဆင်းခွင့်ပြုခဲ့ပါတယ်။ အဖြစ်အပျက် ဗီဒီယိုဖိုင်ကို The Norwich City School District က Facebook ပေါ်မှာ ဖော်ပြခဲ့ပြီး ကောလ်းရဲ့ လုပ်ရပ်အတွက် ချီးကျူးဂုဏ်ပြုခဲ့သလို ကျောင်းသားတွေကို သတိထားဖို့ လှုံ့ဆော်ခဲ့ပါတယ်။

ဗီဒီယိုဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ တင်ခဲ့တာဖြစ်ပြီး ပြန်လည်တဲ့ ဖော်ပြတဲ့ အကြိမ်အရေအတွက် ၃၂၀၀ တောင်ရှိခဲ့ပါတယ်။
ဒီမှာဆိုလည်း ဘတ်စ်ကားတွေ မှတ်တိုင်း လိုင်းထဲ ၀င်မရပ်ဘဲ အပေါ်ကြောက ခရီးသည် အတင်အချလုပ်လေ့ရှိပါတယ်။ ဒါဟာ သိပ် အန္တရာယ်များတဲ့အတွက် ခရီးသည်တွေအနေနဲ့ နောက်ကားကို သတိထားပြီး ကြည့်သင့်ပါတယ်။
Ref: Daily Mail , abc7.com