သူ့ကိုလာစတဲ့ လှေလှော်သမားကို တိတ်တိတ်လေးစောင့်ပြီး လက်စားချေလိုက်တဲ့ ဖျံလေး

တိုင်ရိုမာဆူဒါ ဆိုတဲ့ ဂျပန်လူမျိုး လှေလှော်သမားတစ်ယောက်ဟာ တစ်နေ့မှာတော့ သူ့ရဲ့ လှေလှော်လေ့ကျင့်ဖော်တွေနဲ့အတူ နယူးဇီလန်တောင်ပိုင်း၊ ကိုင်ကူရာကမ်းခြေဖက်မှာ လေ့ကျင့်နေတုန်း ဖျံလေးတစ်ကောင်နဲ့ တွေ့ခဲ့ပါတယ်။ မာဆူဒါနဲ့ အဖွဲ့ဟာ ဖျံလေး သူတို့နားက ဖြတ်သွားတာကို မြင်လိုက်ရတာနဲ့ လှေလှော်နေကြတာကို ရပ်ပြီး ဖျံလေးကို လှော်တက်နဲ့ မနာအောင် ရိုက်ကာ စ ခဲ့တာပါ။

Instagram

ဖျံလေးကတော့ လှော်တက်နဲ့ ထိမိသွားပြီးတဲ့နောက်မှာ ရေအောက်ထဲ ပြန်လည်ငုပ်သွားခဲ့လို့ မာဆူဒါ တို့လည်း သူတို့ရဲ့ လေ့ကျင့်မှုကို ဆက်လက်လုပ်ကိုင်နေခဲ့ပါတယ်။ ဒါပေမယ့် ဖျံလေးကတော့ သူတို့ထင်သလို ပြန်လည်ထွက်ခွာသွားတာ မဟုတ်ပဲ သူ့ကို ရန်စလိုက်တဲ့ မာဆူဒါ ကို လက်စားချေမလို့ ပြင်ဆင်နေခဲ့တာပါ။ တစ်နေရာအရောက်မှာတော့ ရေထဲကနေ ဖျံလေး ရုတ်တရက် ပေါ်လာခဲ့ပြီး မာဆူဒါရဲ့ မျက်နှာကို သူ့ပါးစပ်မှာ ကိုက်ချီလာတဲ့ ရေဘ၀ဲကောင်ကြီးနဲ့ လာရိုက်ပါတော့တယ်။

READ
အဆော့သန်ပြီးဆိုးသွမ်းတဲ့ကလေးတွေကို သဲအိတ်အင်္ကျီဝတ်ဆင်ခိုင်းမယ့် ဂျာမနီကျောင်းများ

ဒါပေမယ့် မာဆူဒါ တစ်ယောက် ရှောင်နိုင်လိုက်လို့ ဘာမှတော့ ထိခိုက်မှု ဖြစ်မသွားခဲ့ဘဲ အားလုံးက ဖျံလေးရဲ့ အပြုအမူကို အံ့အားသင့်ခဲ့ကြပါတယ်။

Instagram

ဒီ အဖြစ်အပျက်ကို မာဆူဒါရဲ့လှေလှော်ဖက် တစ်ယောက်က မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး မာဆူဒါက သူ့ရဲ့ အင်စတာဂရမ်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။ တချို့က မာဆူဒါအနေနဲ့ ဖျံ ကို အရင်ဆုံး သွားစခဲ့လို့သာ ဖျံလေးက လက်တုန့်ပြန်ခဲ့တာဖြစ်ပြီး သူတို့ဟာ အသိဥာဏ်မြင့်တဲ့ သတ္တ၀ါတွေဖြစ်ကြောင်း ပေါ်လွင်စေတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

မာဆူဒါကတော့ ဒီအဖြစ်အပျက်ဟာ သူ့ဘ၀ထဲမှာ မေ့လို့မရတဲ့ အဖြစ်အပျက်တွေထဲက တစ်ခုဖြစ်ပြီး သူ့အနေနဲ့ ပင်လယ်ဖျံတစ်ကောင်ကို သွားပြီး စနောက်လို့မရဘူးဆိုတာ ကောင်းကောင်းနားလည်သွားကြောင်း ပြန်လည်မှတ်ချက်ပေးသွားခဲ့ပါတယ်။ အောက်မှာ ဗီဒီယိုလေးလည်း ထည့်ပေးထားတယ်နော်..။

 

View this post on Instagram

 

A post shared by 🌴TAIYO MASUDA🌴 (@taiyomasuda) on

Linn

READ
အတိတ်နဲ့ လက်ရှိပစ္စုပ္ပန်ကို နှိုင်းယှဉ်ပြထားတဲ့ ဓာတ်ပုံများ

Source : Unilad

SHARE