ဒိုင်ဗင်ထိုးပြီး ပန်းဝင်ဖို့ကြိုးစားတဲ့ အပြေးသမားရဲ့အဖြစ်ဆိုး

အမေရိကန်နိုင်ငံတောင်ပိုင်း၊ အာကန်ဆက် မှာ ကျင်းပခဲ့တဲ့ 2019 SEC Track & Field Championships ပြိုင်ပွဲကတော့ ပြိုင်ပွဲဝင်အပြေးသမားတစ်ယောက်ကြောင့် ပိုလို့ နာမည်ကြီးသွားခဲ့ရပါတယ်။

အဲဒါကတော့ မီတာ(၄၀၀)ပြေးခုန်ပစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တပ်ကာ ဆိုတဲ့အပြေးသမားတစ်ယောက်ကြောင့်ပါပဲ။ ဆယ်ကျော်သက်အရွယ် လူငယ်လေး တပ်ကာ ဟာ ပြီးခဲ့တဲ့ (၂၀၁၇)ခုနှစ်တုန်းကလည်း ဒီ မီတာ(၄၀၀) ပြေးခုန်ပစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရသူပါ။

ဒီတစ်ကြိမ်မှာတော့ သူက ရွှေတံဆိပ်ဆွတ်ခူးနိုင်ဖို့ ရည်မှန်းချက်ထားခဲ့တာဖြစ်ပြီး သူက သူရည်မှန်းထားတဲ့အတိုင်းဖြစ်အောင် ကြိုးစားသွားနိုင်ခဲ့ပါတယ်။

SEC Network

ဒါပေမယ့် တပ်ကာ တစ်ယောက် ရွှေတံဆိပ်ဆုကို လွယ်လွယ်နဲ့ရခဲ့တာမဟုတ်သလို သူ့ရဲ့နည်းလမ်းမမှန်တဲ့ ကြိုးစားမှုကြောင့် တော်တော်လေးနာကျင်သွားခဲ့ရတာပါ။

မီတာ(၄၀၀) ပြိုင်ပွဲရဲ့အစ၊ တာလွတ်လိုက်ကတည်းက ပြေးလမ်းပေါ်က အတားအဆီးတန်းတွေကို အင်အားအပြည့်နဲ့ ခုန်ကျော်လာခဲ့တဲ့ တပ်ကာ ဟာ ပန်းဝင်ခါနီးနောက်ဆုံးစည်းနားရောက်တဲ့အချိန်အထိ ပြေးလမ်းကို ဦးဆောင်ထားနိုင်ခဲ့တာပါ။

READ
ကောက်ရတဲ့ပိုက်ဆံမှန်သမျှကို ကျပျောက်တဲ့သူဆီ ပြန်ပေးခဲ့တဲ့ ကောင်လေး

ဒါပေမယ့်လည်း သူ့ရဲ့နံဘေးမှာ ယှဉ်ပြေးနေတဲ့အခြားအပြေးသမားတစ်ယောက်လည်း ရှိနေပြီး သူကလည်း တပ်ကာ နဲ့ ခြေတစ်လှမ်းအကွာလောက်မှာ ဖိအားပေး ပြေးနေခဲ့တာပါ။

SEC Network

ပန်းဝင်စည်းနဲ့ အရမ်းကိုနီးကပ်လာချိန်မှာတော့ တပ်ကာ က စည်းထဲကို သူအရင်ရောက်ဖို့အတွက် သူ့ရဲ့ခန္ဓာကိုယ်ကို အရှေ့ဆီရောက်အောင် ဒိုင်ဗင်ပစ်ချ လိုက်ပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့ဒိုင်ဗင်က အကျမတော်ခဲ့လို့ တပ်ကာ တစ်ယောက် မျက်နှာနဲ့ပြေးလမ်း မိတ်ဆက်သွားခဲ့ပြီး မိနစ်အနည်းငယ်လောက် မထနိုင်ပဲ ဖြစ်ခဲ့ရတာပါ။

တပ်ကာ တစ်ယောက် သူ့ရဲ့ကြိုးစားမှုကြောင့် ရွှေတံဆိပ်ဆွတ်ခူးသွားနိုင်ခဲ့ပေမယ့် အင်တာနက်ပေါ်မှာတော့ မျက်နှာနဲ့ပန်းဝင်ခဲ့တဲ့ကောင်လေး ဆိုပြီး နာမည်ကြီးလို့နေပါပြီ။ 2019 SEC Track & Field Championships ပြိုင်ပွဲဟာလည်း တပ်ကာ ကြောင့် အလားတူ နာမည်ကြီးသွားခဲ့ရပြီး ရွှေတံဆိပ်လိုချင်လို့ အနာခံပန်းဝင်ခဲ့တဲ့ လူငယ်လေးကို အားလုံးက ချီးကျူးနေကြပါတယ်။

READ
ရုရှား၊ ယူကရိန်း၊ ရိုမေးနီးယားနိုင်ငံတွေမှာ နှင်းပွင့်အဖြူအစား အဝါရောင်နှင်းတွေကျဆင်းခဲ့

Linn

Source : Dailymail

SHARE