စွာလွန်းတဲ့ခွေးလေးကြောင့် ရေထဲပြန်ဆင်းပြေးခဲ့ရတဲ့ မိကျောင်းကြီးရဲ့အဖြစ်

ဒါကတော့ တယ်ရီယာခွေးလေးတစ်ကောင် လိုက်ဟောင်ခဲ့တာကြောင့် (၁၁)ပေရှည်တဲ့ မိကျောင်းကြီးတစ်ကောင် ပြန်မကိုက်ဘဲ ထွက်ပြေးခဲ့ရတဲ့ အံ့သြစရာဖြစ်ရပ်လေးတစ်ခုပါ။ ၄င်းဖြစ်ရပ်ဟာ သြစတေးလျရှိ ကျွန်းတစ်ခုပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဗီဒီယိုနဲ့ သေချာရိုက်မိခဲ့ပါတယ်။

ဗီဒီယိုရိုက်ခဲ့တဲ့ အမျိုးသားက Goat ကျွန်းကို မိသားစုနဲ့ အလည်အပတ်သွားနေခဲ့တာဖြစ်ပြီး Casey အမည်ရှိ မိကျောင်းကို ရေထဲမှ ထွက်လာအောင် ခေါ်ခဲ့တဲ့အခါမှာတော့ ခွေးလေးက မနာလိုဖြစ်ကာ မိကျောင်းကို ရေထဲပြန်ဆင်းပြေးတဲ့အထိ လိုက်ဟောင်မောင်းထုတ်ခဲ့ပါတော့တယ်။

ဗီဒီယိုရိုက်နေသူက မိကျောင်းကို အစာကျွေးဖို့ ခေါ်နေခဲ့တဲ့အတွက် မိကျောင်းလည်း အစာယူဖို့ တက်လာခဲ့ချိန်မှာ ခွေးလေးက အနောက်ကနေ ဆက်တိုက်ဟောင်နေခဲ့ပါတယ်။ သခင်ဖြစ်သူက မိကျောင်းအကြောင်းကို လူအများအား ရှင်းပြနေခဲ့စဉ် ခဏအကြာမှာတော့ ခွေးလေးဟာ မိကျောင်းနားထိပါ သွားဟောင်ပြီး မောင်းထုတ်ခဲ့ပါတယ်။

လူအများက ခွေးလေးကို မိကျောင်းစားလိုက်တော့မယ်ထင်ပြီး စိုးရိမ်နေခဲ့ကြပေမယ့် ခွေးလေးက မိကျောင်းအမြီးကို မကိုက်ခင်လေးမှာပဲ မိကျောင်းက ရေထဲကို ပြန်ဆင်းပြေးသွားခဲ့ပါတယ်။ အတော်ကို အကြောက်အလန့်မရှိတဲ့ ခွေးလေးနဲ့ သဘာဝမကျစွာ ကြောက်တတ်လွန်းတဲ့ မိကျောင်းတို့ရဲ့ အံ့သြစရာအဖြစ်လေးပါပဲ။

READ
ချစ်သူများနေ့မတိုင်ခင် အမျိုးသားရာနဲ့ချီ အသည်းခွဲခဲ့တဲ့ မလေးရှားဆယ်ကျော်သက်မလေး

White (Shwemom)

Ref: The Sun

SHARE