ဘေးမဲ့တောရိုင်းတိရစ္ဆာန်တွေ နေထိုင်ဖို့ မြေကွက်တွေဝယ်ယူပေးခဲ့တဲ့ အိန္ဒိယစုံတွဲ

YouTube/MongabayIndia

အိန္ဒိယစုံတွဲတစ်တွဲဟာ သစ်တောပြန်လည်ထူထောင်ဖို့အတွက် လွန်ခဲ့တဲ့နှစ်(၂၀)က ကျားထိန်းသိမ်းစောင့်ရှောက်ရေး စခန်းဘေးရှိ မြေကွက်တွေကိုဝယ်ယူခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်(၂)ခုက ဓာတ်ပုံဆရာ Aditya Singh ဟာ သဘာဝနဲ့ပိုမိုနီးကပ်စွာနေထိုင်ချင်တာကြောင့် သူ့ရဲ့နိုင်ငံ့ဝန်ဆောင်မှုလုပ်ငန်းကထွက်ပြီး ဇနီးဖြစ်သူ Poonam Singh ကိုခေါ်ကာ Rajasthan ပြည်နယ် Sawai Madhopur မြို့ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

အဲ့ဒီကတည်းက သူတို့စုံတွဲဟာ Ranthambore ကျားထိန်းသိမ်းရေးစခန်းအနီးမှာရှိတဲ့ မြေ(၃၅)ဧကကိုဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

တစ်ချိန်ကအကျိုးမဖြစ်ထွန်းတဲ့ အဆိုပါနေရာတွေဟာ အခုတော့ ကျားတွေအပါအ၀င် တောရိုင်းတိရစ္ဆာန်တွေရှိတဲ့ အပြင် အကန့်အသတ်နဲ့ စိုက်ပျိုးထားတဲ့ အသီးအရွက်တွေလည်းရှိတာကြောင့် စိမ်းလန်းစိုပြေတဲ့သစ်တောကြီး ဖြစ်နေပြီဖြစ်ပါတယ်။

YouTube/MongabayIndia

အဲ့ဒီနေရာကို Bhadlav လို့ခေါ်ပြီး အရင်ကဒီနေရာတွေကိုတောရိုင်းတိရစ္ဆာန်တွေ မကြာခဏ၀င်လာတတ်တာကြောင့် လယ်သမားတွေက ဒီနေရာတွေကိုရောင်းဖို့ဆုံးဖြတ်နေတဲ့အချိန်မှာ ကျွန်တော်က၀ယ်ယူခဲ့တာဖြစ်တယ်လို့ Aditya က Mongabay India သတင်းဌာနကိုပြောပြခဲ့ပါတယ်။

ဒီမြေကိုဝယ်ပြီးနှစ်(၂၀)အကြာမှာ ကျား၊ကျားသစ်နဲ့တောဝက်အပါအ၀င် တောရိုင်းတိရစ္ဆာန်တော်တော်များများ လာရောက်လည်ပတ်နိုင်တဲ့ စိမ်းလန်းစိုပြေနေတဲ့သစ်တောကြီးဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ကောင်းကင်ကရိုက်ထားတဲ့ဗီဒီယိုမှာတွေ့ရတာကတော့ Ranthambore ကျားထိန်းသိမ်းရေးစခန်းရဲ့မြေနေရာနဲ့ ဆန့်ကျင်စွာ အဆိုပါမြေနေရာဟာ စိမ်းလန်းစိုပြေတဲ့သစ်တောကြီးဖြစ်နေတာကိုတွေ့ရပါတယ်။ Ranthambore ကျားထိန်းသိမ်းရေးစခန်းနဲ့သူတို့စုံတွဲရဲ့မြေနေရာဟာ နယ်သတ်စည်းမျဉ်းတစ်ခုသာခြားပါတယ်။ ဒါကြောင့် သူတို့စုံတွဲဟာ ပူပြင်းတဲ့နွေရာသီမှာ တောရိုင်းတိရစ္ဆာန်တွေရေရရှိနိုင်ဖို့အတွက်လည်း ရေတွင်းတော်တော်များများ ကိုဖန်တီးပေးခဲ့ပါတယ်။

ရလာဒ်ကတော့ Ranthambore ကျားထိန်းသိမ်းရေးစခန်းမှကျားတွေ လယ်သမားတွေရဲ့လယ်မြေတွေထဲကို ၀င်ရောက်မှုလျော့နည်းသွားခဲ့တာပဲဖြစ်တယ်လို့ Aditya က ရှင်းပြခဲ့ပါတယ်။

ဒီမြေနေရာတွေကို ၀ယ်ယူချင်တဲ့အတွက် လာရောက်ချဉ်းကပ်သူတော်တော်များများရှိပေမယ့် Aditya တို့စုံတွဲက တော့ သဘာဝနဲ့တောရိုင်းတိရစ္ဆာန်တွေကိုချစ်တာကြောင့် အမြဲတမ်းငြင်းဆန်ခဲ့ပါတယ်။

YouTube/MongabayIndia

အဲ့ဒီအစား ပတ်ဝန်းကျင်ရှိမြေနေရာပိုင်ဆိုင်သူတွေကိုလည်း သူတို့လိုပဲ သဘာဝကြီးနဲ့တိရစ္ဆာန်တွေကိုချစ်မြတ်နိုးဖို့ သူတို့လိုပဲ တိရစ္ဆာန်လေးတွေကိုနေရာပေးနေထိုင်စေဖို့ လှုံ့ဆော်ပေးခဲ့ကြပါတယ်။အရမ်းကို စိတ်ထားမွန်မြတ်ပြီး သဘာဝနဲ့ တောရိုင်းတိရစ္ဆာန်လေးတွေကို ချစ်တဲ့စုံတွဲတစ်တွဲပဲဖြစ်ပါတယ်။

Thae Su

SHARE