သားသမီး မရှိလို့ နွားပေါက်လေးကို သားအဖြစ် မွေးစားခဲ့တဲ့ အိန္ဒိယဇနီးမောင်နှံ

[email protected]

အခုခေတ်မှာတော့ အိမ်ထောင်ပြုပြီး ကလေးမယူချင်တဲ့ ဇနီးမောင်နှံတွေ ရှိသလို ကလေးအရမ်းလိုချင်တဲ့ လင်မယားတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် မိသားစုတစ်စုဆိုတာ များသောအားဖြင့် ကလေးရှိမှ စိုစိုပြေပြေ ရှိကြတာပါ။ ဒါ့ကြောင့် အိမ်ထောင်ကျပြီးသွားရင် ကလေးယူတာ၊ မယူတာကတော့ ကိုယ့်လွတ်လပ်ပိုင်ခွင့်နဲ့ ကို်ပါပဲ။ တစ်ချို့ဆိုရင် ကလေးအရမ်းလိုချင်ပေမယ့် မရနိုင်တဲ့ အနေအထားတွေ ရှိတတ်ကြပါတယ်။ အခုပြောပြချင်တဲ့ လယ်သမားဇနီးမောင်နှံ နှစ်ယောက်ဆိုလည်း အဲဒီလိုပါပဲ။ ဒါပေမယ့် သူတို့ကတော့ ကလေးမရတဲ့ အဆုံးမှာ အိမ်မှာရှိတဲ့ နွားပေါက်လေးကို သူတို့ရဲ့သားအဖြစ် တရားဝင်မွေးစားခဲ့ကြောင်း သိရှိရပါတယ်။

Pixabay-Kadres

အဆိုပါ လယ်သမားဇနီးမောင်နှံကတော့ အိန္ဒိယနိုင်ငံ၊ Uttar Pradesh ပြည်နယ်ရှိ Vijaypal လို့ အမည်ရတဲ့ ခင်ပွန်းသည်နဲ့ Rajeshwari Devi လို့ အမည်ရတဲ့ ဇနီးသည်တို့ပဲ ဖြစ်ပါတယ်။ Vijaypal တို့ ဇနီးမောင်နှံဟာ နှစ်ပေါင်းတော်တော်ကြာ ကလေးမရတဲ့ အဆုံးမှာတော့ သူတို့အိမ်ရှိ နွားပေါက်ကလေးကို Lalyu Baba လို့ အမည်ပေးပြီး သူတို့သားအဖြစ် မွေးစားခဲ့ပါတယ်။

READ
လူတစ်ယောက်နဲ့ ပါတီတစ်ခုတည်းကိုသာ မဲပေးခွင့်ရှိတဲ့ မြောက်ကိုရီးယားရဲ့ရွေးကောက်ပွဲ

အဲဒီနောက်မှာတော့ Lalyu Baba ရဲ့ Mundan ပွဲတော်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(၁၆.၁၂.၂၀၂၀)တုန်းက Gomti မြစ်ကမ်းဘေးမှာ လူအယောက် ၅၀၀ ကျော်ဖိတ်ပြီး ကျင်းပခဲ့ပါတယ်။ Mundan ပွဲတော်ဆိုတာကတော့ အိန္ဒိယရဲ့ ရိုးရာပွဲတော်တစ်ခု ဖြစ်ပါတယ်။ မိသားစုတစ်စုမှာ ကလေးတစ်ယောက်မွေးရင် အဲဒီကလေးရဲ့ ဦးခေါင်းကို ရိတ်ပြီး ရေမိုးချိုးသန့်စင်ပေးတဲ့ ရိုးရာပွဲတော်တစ်ခု ဖြစ်ပါတယ်။ အခုလည်း Vijaypal တို့ ဇနီးမောင်နှံဟာ နွားပေါက်ကလေး Lalyu Baba ကို ကလေးတစ်ယောက်မွေးတဲ့ ပုံစံမျိုးနဲ့ Mundan ပွဲတော်ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။

[email protected]

“ကျွန်တော့် ဘဝက ကျွန်တော်မိဘတွေ မရှိတော့ကတည်ူက တစ်ကောင်ကြွက်ဖြစ်ခဲ့ရတာပါ။ ရှိတဲ့ ညီမနှစ်ယောက်ကလည်း အသီးသီးအိမ်ထောင်ကျသွားခဲ့ပါပြီ။ အဲဒီနောက်မှာတော့ Rajeshwari နဲ့ တွေ့ပြီး လက်ထပ်ခဲ့တာပါ။ ကျွန်တော်တို့နှစ်ယောက်သား လက်ထပ်ပြီးတဲ့ အချိန်မှာ ကလးအရမ်းလိုချင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တေတို့နှစ်ယောက်စလုံးက ကလေးမရနိုင်ပါဘူး။ ဒါ့ကြောင့် နောက်ဆုံးမှာတော့ ကျွန်တော်တို့နှစ်ယောက် သေသေချာချာ တိုင်ပင်ပြီး Lalyu Baba ကို သားကလေးတစ်ယောက်အဖြစ် မွေးစားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်”လို့ Vijaypal က TOI သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

READ
ထားခဲ့တဲ့ချစ်သူကိုရာဇဝတ်မှုတွေဆင်ပြီး ကလဲ့စားချေခဲ့တဲ့အမျိုးသမီး
[email protected]

Pyi Hein Kyaw

SHARE