PUBG အပါအဝင် တရုတ် Apps ၂၅၀ ကျော် bannဖို့လုပ်နေတဲ့ အိန္ဒိယအစိုးရ

pubg

မကြာသေးခင်အချိန်က တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ နယ်စပ်ပြသနာတွေကို တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ အဆိုပါ နှစ်နိုင်ငံနယ်စပ်ပြသနာတွေကြောင့် တရုတ်နယ်စောင့်တပ်ဖွဲ့က စစ်သားတွေလည်း ဒဏ်ရာရခဲ့သလို အိန္ဒိယနယ်စပ်တပ်ဖွဲ့မှ စစ်သားများလဲ သေကြေခဲ့ရပါတယ်။ အခုလည်း မကြာသေးခင်အချိန်က အိန္ဒိယအစိုးရဟာ တရုတ်နိုင်ငံက ထုတ်လုပ်ထားတဲ့ Apps ပေါင်း ၅၉ ခုကို အိန္ဒိယနိုင်ငံအတွင်း bann ခဲ့ပြီး ကျန်ရှိနေသေးတဲ့ Apps ပေါင်း ၂၅၀ ကျော်ကို ဆက်လက် bann ဖို့ စဉ်းစားနေကြောင်း India Today သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-nikuga

လွန်ခဲ့တဲ့ ဇွန်လလယ်လောက်ကစပြီး အိန္ဒိယအစိုးရဟာ အိန္ဒိယနိုင်ငံအတွင်းမှာ တရုတ် Apps ၅၉ ခုကို ban ခဲ့ပါတယ်။ အဲဒီလို ban လိုက်တဲ့ Apps တွေထဲမှာ Tiktok နဲ့ UC Browser တို့လဲ ပါဝင်သွားကြောင်း သိရပါတယ်။ ဒါ့အပြင် မကြာသေးခင်အချိန်ကလည်း PUBG အပါအဝင် အခြား တရုတ် Apps ပေါင်း ၂၅၀ ကျော်ကိုလည်း အိန္ဒိယနိုင်ငံအတွင်းမှာ ban ဖို့အတွက် စဉ်းစားနေကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံထုတ် Xiaomi ဖုန်းအပါအဝင် AliBaba Group က ထုတ်လုပ်ထားတဲ့ online shopping Apps တွေကိုလည်း ban သွားမှာဖြစ်ကြောင်း သိရပါတယ်။

READ
ပျော့ပြောင်းလွန်းတဲ့ ခန္ဓာကိုယ်နဲ့ (၁၀)နှစ်အရွယ် ရာဘာလူသားလေး

“ကျွန်တောတို့နိုင်ငံအတွင်းမှာ တရုတ်နိုင်ငံက ထုတ်လုပ်ထားတဲ့ Apps တွေကို အိန္ဒိယနိုင်ငံသားတွေ ထုတ်လုပ်တာ လုံးဝမလိုချင်ပါဘူး။ ဒီကိစ္စမှာ နိုင်ငံရေးကိစ္စတွေ မပါဝင်ပါဘူး။ အဓိကအကြောင်းအရင်းကတော့ တရုတ်နိုင်ငံက Apps တွေက လုံခြုံမှု မရှိပါဘူး။ ကျွန်တော်တို့နိုင်ငံသားတွေကို အဲဒီ Apps တွေကနေ လှမ်းပြီးတော့ ထောက်လှမ်းမှုတွေ ပြုလုပ်နိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ နိုင်ငံလုံခြုံရေးနဲ့ ပတ်သတ်တာကြောင့် ဒီလိုတရုတ် Apps တွေကို ကျွန်တော်တို့ အိန္ဒိယနိုင်ငံအတွင်းမှာ အသုံးမပြုစေချင်ပါဘူး” လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနမှာ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE