ကိုရိုနာကပ်ရောဂါကြောင့် တစ်နိုင်ငံလုံးကို Lockdown ချလိုက်တဲ့ အိန္ဒိယ

Twitter/amida12

အိန္ဒိယဟာ တစ်နိုင်ငံလုံး (၁.၃) ဘီလီယံရှိတဲ့လူဦးရေကို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် lockdown ချခဲ့ကြောင်း ကြေညာခဲ့တာကို ladbible သတင်းကတဆင့် သိရပါတယ်။ အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်ခံသူပေါင်းဟာ အယောက်(၅၀၀) ကျော်ရှိနေပြီဖြစ်ပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒိကတော့ သူ့နိုင်ငံကို တရုတ်လို အီတလီလိုမျိုးမဖြစ်စေလိုတဲ့အတွက် lockdown ချလိုက်တာလို့ ကြေညာခဲ့ပါတယ်။

YouTube/HinduTimes

မိုဒီက တကယ်လို့များ လုပ်သင့်လုပ်ထိုက်တာတွေကို တင်းတင်းကြပ်ကြပ်နဲ့ မြန်မြန်ဆန်ဆန်မလုပ်ဘူးဆိုရင် မိသားစုတော်တော်များများဟာ တစ်သက်လုံး ဘ၀ဆုံးသွားရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ “ခင်ဗျားကို ကမ္ဘာ့သတင်းတွေမှာလည်း ကိုရိုနာကပ်ရောဂါအကြောင်းကို တွေ့ဖူးပြီးပြီ။ ကပ်ရောဂါကြောင့် အင်အားကြီးပါတယ်ဆိုတဲ့ နိုင်ငံတွေတောင် အလူးအလဲခံနေရတာကိုလည်း မြင်ပြီးပြီ..”

Twitter/amida12

“ပညာရှင်တွေကတော့ တစ်ယောက်နဲ့တစ်ယောက် (၃) အကွာနေခြင်းဟာ အကောင်းဆုံးပဲလို့ ပြောပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံတဲ့အခါ နီးနီးကပ်ကပ်မနေပါနဲ့။ အတတ်နိုင်ဆုံး အိမ်ထဲမှာပဲနေကြပါ။ ဒါကလွဲလို့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ ဗိုင်းရပ်စ်ပြန့်ပွားမှုကို တားမြစ်ချင်တယ်ဆိုရင် ကူးစက်တဲ့လမ်းကြောင်းကို ရပ်အောင် လုပ်ရမယ်” လို့ ပြောခဲ့တာပါ။

READ
ရေနွေးကြမ်းကို ဈေးများတယ်ပြောလို့ ခရီးသွားနှစ်ဦးကို လိုက်ရိုက်တဲ့ ဈေးသည်အမျိုးသမီး
Twitter/amida12

ဒါ့အပြင် မိုဒိက နိုင်ငံသားအားလုံးကို lockdown အတွင်းမှာနေကြပြီး အိန္ဒိယနဲ့ အိန္ဒိယပြည်သူတွေကို ကာကွယ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ Lockdown ကာလကိုတော့ ယနေ့ည (၁၂) နာရီမှစပြီး (၂၁) ရက်တိုင်တိုင် သတ်မှတ်ထားမှာဖြစ်ပြီး ဒီ(၂၁) ရက်အတွင်း ကောင်းကောင်းမနေနိုင်ဘူးဆိုရင်တော့ မိသားစုအများအပြားဟာ ထာဝရပျက်စီးကြပါလိ့မ်မယ်ဆိုပြီးတော့လည်း သတိပေးခဲ့တာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE