ငါးအရှင်ကို မြိုချရင် ပန်းနာရင်ကြပ်ပျောက်တယ်လို့ ယုံကြည်နေတဲ့ အိန္ဒိယနိုင်ငံသားတွေ

ယုံကြည်မှု ၊ ကိုးကွယ်မှုတွေနဲ့ ပတ်သက်လာရင် ထူးထူးခြားခြားတွေ ပြုလုပ်တတ်ကြတဲ့ အိန္ဒိယနိုင်ငံသားတွေကတော့ အ၀ါရောင်အကြေးခွံပါတဲ့ ငါးအရှင်တစ်ကောင်ကို မြိုချရင် ပန်းနာရင်ကြပ်ပျောက်တယ်လို့ ယူဆထားကြပြီး သူတို့ရဲ့ အယူအဆအတိုင်း နှစ်စဉ် ပြုလုပ်နေကြတာပါ။

အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘတ်မြို့မှာ နှစ်စဉ် ဇွန်လရောက်တိုင်း မြို့ခံပြည်သူတွေက သူတို့ရဲ့ သားသမီးတွေကို အ၀ါရောင်အကြေးခွံပါတဲ့ ငါးအရှင်တွေမြိုချခိုင်းလေ့ရှိကြပြီး ကလေးတွေအတွက်တော့ အခက်ခဲဆုံးအချိန်ပါပဲ။

Elitereader

ဟိုက်ဒရာဘတ်မြို့ထဲက အသက် (၁၀)နှစ်နဲ့အထက် ကလေးငယ်တွေနဲ့ လူရွယ် လူကြီးပေါင်း တစ်သိန်းလောက်ဟာ နှစ်စဉ် ဇွန်လရောက်တိုင်း သူတို့ဆီကို ပန်းနာရင်ကြပ်ရောဂါတွေ မရောက်လာစေဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ငါးအရှင်တစ်ကောင်ကို ကြိုးစားမြိုချနေကြရတာပါ။

ဒီအယူအဆက ဟိန္ဒူမိသားစုတွေ လက်ကိုင်ထားကြတဲ့ အယူအဆဖြစ်ပြီး (၁၈၄၅) ခုနှစ်လောက်ကတည်းက စတင် ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

READ
ဒေါ်လာသန်းချီတန်တဲ့ ဟင်းတွေကိုခိုးလို့ ထောင်အနှစ်(၅၀) ချမှတ်ခံခဲ့ရတဲ့ အမျိုးသား

အောက်မှာ ဖော်ပြထားတဲ့ ဗီဒီယိုထဲမှာတော့ ငါးအရှင်ကို မြိုချဖို့ ခက်ခဲနေတဲ့ ကလေးငယ်တွေကို သူတို့ရဲ့ မိဘတွေက ဖိအားပေးနေကြပြီး တချို့ဆိုရင် အဆင်ပြေပြေ မမြိုချနိုင်လို့ အရိုက်အနှက်တွေတောင် ခံနေကြရတာပါ။

“မနေ့ည ၁၁ နာရီလောက်က ကျွန်တော့်ရဲ့ အိမ်သားနှစ်ယောက်ဟာ ပန်းနာရင်ကျပ်ဝေဒနာကြောင့် အချိန်တွေကြာတဲ့အထိ ချောင်းတွေဆိုးနေခဲ့ကြတယ်။ သူတို့ကိုကြည့်ပြီး စိတ်မသက်မသာဖြစ်မိတဲ့နောက် ကျွန်တော်တို့ ဒီကိုရောက်လာခဲ့ကြတာပါပဲ” လို့ ငါးအရှင်နှစ်ကောင်ကို ၀ယ်ယူနေတဲ့ ရှာမာ ဆိုသူအမျိုးသားက ပြောပါတယ်။

ရှာမာရဲ့ မိသားစုဝင်တွေဟာ ထောင်ချီတဲ့လူတန်းကြီးရဲ့နောက်မှာ အ၀ါရောင်အကြေးခွံနဲ့ ငါးတစ်ကောင်ရဖို့ တန်းစီနေကြပြီး ဟိုက်ဒရာဘတ်မြို့ထဲက ငါးအရှင်တွေနဲ့ ဆေးကုသပွဲကို ရောက်လာခဲ့ကြတာဖြစ်ပါတယ်။

Elitereader

အင်တာနက် စာမျက်နှာတွေပေါ်မှာတော့ ဒီကိစ္စတွေဟာ မှားယွင်းတဲ့ ယုံကြည်မှု ဖြစ်တယ်လို့ ဆိုနေကြပေမယ့် ဟိုက်ဒရာဘတ်မြို့သားတွေကတော့ သူတို့ရဲ့ အနှစ်တစ်ရာကျော်ကြာ စွဲကိုင်နေထားခဲ့တဲ့ အယူအဆကို ဆက်လက် စွဲကိုင်ထားနေကြတုန်းပါပဲ။

READ
အိုနေပေမယ့် ပျိုနေဆဲ (၉၃)နှစ်အဘွားအိုရဲ့လက်ထပ်ပွဲ

Linn

Source : Elitereader

SHARE