မျောက်လေးတွေကို Social Distancing နည်း သင်ပေးခဲ့တဲ့ အိန္ဒိယအားကစားဝန်ကြီး

[email protected]

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြောင့် လူတိုင်းနီးပါး အပြင်မထွက်ပဲ အိမ်မှာပဲ နေနေကြသလို မဖြစ်မနေအပြင်ထွက်ရမယ်ဆိုရင်လည်း Maske တပ်ပြီး Social Distancing နည်းကို လိုက်နာကျင့်သုံးသင့်ပါတယ်။ Social Distancing ဆိုတာကလည်း တစ်ယောက်နဲ့တစ်ယောက် သတ်မှတ်ထားတဲ့ အကွာအဝေးကနေ ခြားနေခိုင်းတာပဲ ဖြစ်ပါတယ်။

Pixabay-TheDigitalArtist

COVID 19 ကာကွယ်ဆေးဟာလည်း အခုအချိန်ထိ မပေါ်သေးတာကြောင့် အကောင်းဆုံးနည်းလမ်းကတော့ မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တာပါပဲ။ ဒီ Scial Distancing နည်းကို အိန္ဒိယဝန်ကြီးတစ်ဦးဟာ မျောက်ကလေးတွေအား သင်ကြားပေးရာမှာ အဆိုပါမျောက်ကလေးတွေဟာ သင်ယူတတ်မြောက်ခဲ့ကြောင်း NDTV သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အိန္ဒိယအားကစားဝန်ကြီးတစ်ဦးဖြစ်တဲ့ Kiren Rijiju ဟာ ခရီးသွားနေတဲ့ လမ်းမှာ မျောက်တစ်အုပ်ကို တွေ့ရှိခဲ့ပါတယ်။ ဒါနဲပ ကားပေါ်မှာ ပါတဲ့ အသီးအနှံတွေကို မျောက်တွေအား ချကျွေးခိုင်းခဲ့ပါတယ်။ ဒါပေမယ့် ဒီအတိုင်းချကျွေးတာတော့ မဟုတ်ပါဘူး။ Social Distancing နည်းလမ်းကို အစာနဲ့မျှားပြီး တတ်မြောက်အောင် သင်ကြားပြီးမှ ကျွေးတာပဲ ဖြစ်ပါတယ်။ အံ့သြစရာကောင်းတာကတော့ မျောက်ကလေးတွေဟာ အချိန်တိုအတွင်း သင်ယူတတ်မြောက်ခဲ့ပြီး တစ်ကောင်နဲ့တစ်ကောင် ခွဲပြီး အစာစားနေတာကို ပုံမှာတွေ့နိုင်ပါတယ်။

READ
(၁၀)နှစ်အရွယ်ကတည်းက အကြိမ်ပေါင်း၃၀၀၀အဓမ္မပြုကျင့်ခံခဲ့ရသူ
[email protected]

“ဒီလို တိရစ္ဆာန်လေးတွေတောင် သင်ပေးရင် တတ်ပါတယ်။ ဒါပေမယ့် တိရစ္ဆာန်တွေထက် ဥာဏ်ပိုကောင်းတဲ့ လူသတ္တဝါတွေက သိသိရက်နဲ့ကို Social Distancing မလုပ်ကြပါဘူး။ လုပ်တဲ့သူတွေကလုပ်ပါတယ်။ ဒါပေမယ့် လူနည်းစုပါပဲ” လို့ Kiren က NDTV သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE