Discovery Channel ရဲ့ ‘Man vs Wild’ အစီအစဉ်မှာပါဝင်ခဲ့တဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ

DiscoveryChannel/YouTube

အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်သူ နာရန်ဒရာ မိုဒီဟာ Discovery Channel ရဲ့ ‘Man vs Wild’ အစီအစဉ်မှာ ပါဝင်ရိုက် ကူးခဲ့တယ်လို့ အစီအစဉ်ရဲ့ Host ဖြစ်သူ Bear Grylls က သူ့ရဲ့ Twitter အကောင့်ကနေတဆင့် ပြီးခဲ့တဲ့ ဇူလိုင်လ(၂၉)ရက်နေ့က ပြောကြားခဲ့ပါတယ်။ အဲ့ဒီအချိန်တည်းကစပြီး Discovery Channel ရဲ့ ပရိသတ်တွေနဲ့ အိန္ဒိယနိုင် ငံသားတွေဟာ မိုဒီ ပါဝင်မယ့် Man vs Wild အစီအစဉ်ကို ကြည့်ဖို့ မစောင့်နိုင်အောင် ဖြစ်ခဲ့ကြပါတယ်။

 

ဝန်ကြီးချုပ် မိုဒီဟာ အိန္ဒိယနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်၊ တောတောင်ရေမြေနဲ့ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ် စောင့်ရှောက်ဖို့ လူထုအကြား အသိပညာမြင့်တင်လာစေဖို့ ရည်ရွယ်ပြီး ဒီအစီအစဉ်မှာ ပါဝင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လူဦးရေထူထပ်လွန်းလှတဲ့ အိန္ဒိယနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရစ္ဆာန်တွေကို စောင့် ရှောက်မှု အားနည်းနေတာကြောင့် အခုလိုပါဝင်ခဲ့တာလို့လည်း သိရပါတယ်။

သြဂုတ်လ (၁၂)ရက်နေ့မှာ Discovery Channel ကထုတ်လွှင့်ပြသခဲ့တဲ့ အဲ့ဒီအစီအစဉ်အတွက် ဝန်ကြီးချုပ် မိုဒီ နဲ့ Grylls တို့ဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်းက Jim Corbett အမျိုးသားဥယျာဉ်ထဲမှာ ရိုက်ကူးရေးတွေ ပြုလုပ်ခဲ့တာ ဖြစ် ပါတယ်။ ဝန်ကြီးချုပ်မိုဒီက အစီအစဉ်နဲ့ပတ်သက်ပြီး ‘ကျွန်တော်ဟာ နှစ်ပေါင်းများစွာ ဟောဒီတောတောင်တွေထဲမှာ နေခဲ့ဖူးပါတယ်။ အခုဒီလို နိုင်ငံရေးကိစ္စတွေကဝေးကွာပြီး သဘာဝအလှတရားအကြောင်း တင်ဆက်မဲ့ ထူးခြားလှတဲ့ အစီအစဉ်အတွက် ကမ်းလှမ်းခံရတဲ့အချိန်မှာ ကျွန်တော်ကိုယ်တိုင် လိုလိုလားလားနဲ့ ပါဝင်ချင်ခဲ့ပါတယ်’ လို့ ဆိုခဲ့ပါ တယ်။

နိုင်ငံပေါင်း (၁၈၀)မှာ ဖမ်းယူကြည့်ရှုနိုင်တဲ့ Discovery Channel မှာပြသမဲ့ ဒီအစီအစဉ်မှာ ဝန်ကြီးချုပ် မိုဒီရဲ့ လူသိ နည်းတဲ့ အမူအကျင့်တွေကိုပါ ကြည့်ရှုရမှာဖြစ်တယ်လို့လည်း Grylls က twitter မှာ ပြောထားပါသေးတယ်။

KYM

READ
အရေပြားကိုသံချိတ်တွေနဲ့ဆွဲပြီး လေမှာတွဲလောင်းခိုရတာကို နှစ်သက်တယ်ဆိုတဲ့အမျိုးသမီး

Ref : DiscoveryChannel

SHARE