အိန္ဒိယနိုင်ငံရဲ့ နယ်စပ်မြို့မှာ ဖမ်းဆီးမိခဲ့တဲ့ ပါကစ္စတန်နိုင်ငံက စပိုင်ခိုလေး

Pixabay-Free-Photos

ဟိုးအရင်ဇာတ်ကားတွေထဲမှာ စာပို့တဲ့ခိုတွေ၊ စပိုင်ခိုတွေ ကို တွေ့ဖူးကြမှာပါ။ အဲဒီလိုခိုတွေဟာ ဒုတိယကမ္ဘာစစ် မဖြစ်ခင်ကတည်းက ဆက်သွယ်ရေးနည်းပညာမှာ အရေးပါခဲ့တာက ခိုလေးတွေပါပဲ။ ဒီလိုခိုကလေးတွေဟာ ရုတ်တရက်ကြည့်လိုက်ရင်တော့ သာမန်ခိုလေးတွေပါပဲ။ ဒါပေမယ့် တစ်နေရာကနေတစ်နေရာကို ဆက်သွယ်တဲ့အခါမှာ ဆက်သွယ်ရေးနည်းပညာ ပစ္စည်းတွေ အသုံးပြုပြီး သတင်းအချက်အလက်တွေ ပို့တာထက် ခိုကလေးတွေကို ကြားခံအနေနဲ့ အသုံးပြုတာ စိတ်အချရဆုံးပါပဲ။

Pixabay-sebaonflames

အခုလည်း အိန္ဒိယနယ်စပ်က မြို့တစ်မြို့မှာ ပါကစ္စတန်ဘက်လို့ ယူဆထားရတဲ့ စပိုင်ခိုကလေးတစ်ကောင်ကို ဒေသခံတွေက ဝိုင်းဖမ်းခဲ့ပြီး ရဲလက်အပ်ခဲ့ကြောင်း Skynews သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နယ်စပ်ဒေသဖြစ်တဲ့ Kashmir ဒေသမှာ အိန္ဒိယလူမျိုးတွေေ နထိုင်တာများပါတယ်။

Pixabay-Free-Photos

ဒီလိုနဲ့တစ်ရက်မှာ ဒေသခံတွေဟာ သူတို့အနားမှာ ခေါက်တုံ့ခေါက်ပြန် ပျံနေလိုက်၊ ပြီးရင် ပါကစ္စတန်နိုင်ငံထဲကို ဝင်ဝင်သွားလိုက်နဲ့ အလုပ်ရှုပ်နေတဲ့ ခိုကလေးတစ်ကောင်ကို သတိထားမိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အဆိုပါဒေသခံတွေဟာ အဆိုပါခိုကလေးကို ဖမ်းဆီးခဲ့ပြီး Kathua မြို့မှာရှိတဲ့ ရဲစခန်းကို အပ်နှံခဲ့ပါတယ်။ ထင်ထားတဲ့အတိုင်းပဲ အဆိုပါခိုကလေးဟာ ပါကစ္စတန်နိုင်ငံဘက်က စပိုင်ခိုကလေးဖြစ်နေပြီး ခိုကလေးရဲ့ ခြေထောာက်မှာ ဝှက်စာကုဒ်တွေရေးထားတဲ့ စာလိပ်လေးကို တွေ့ရှိခဲ့ရကြောင်း သိရှိရပါတယ်။

“အခုတော့ အဲဒီကုဒ်ကို ဖော်ဖို့ကြိုးစားနေပါတယ်။ ဒီလိုမျိုး ပါကစ္စတန်စပိုင်ခိုတွေကို အိန္ဒိယမှာ မိမိနေတာ အကြိမ်ပေါင်း မနည်းတော့ပါဘူး။ အခုလို တာဝန်တသိနဲ့ ဖမ်းပြီး လာအပ်ပေးတဲ့ ကျွန်တော်တို့ပြည်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ခိုရဲ့ ခြေထောက်အောက်မှာ တွေ့ရတဲ့ စာလိပ်လေးထဲမှာ ဝှက်စာ တော်တော်များများရေးထားတာတွေ့ရပါတယ်” လို့ Kathua မြို့ရဲ့ ရဲမှူး Shailendra Mishra က ပြောကြားခဲ့ပါတယ်။

READ
အသေခံဗုံးခွဲဖို့အတွက် ခွေးတွေကို အသုံးပြုဖို့ရှိလာတဲ့ IS အဖွဲ့

Pyi Hein Kyaw

SHARE