Lockdown ချပြီး အပြင်ထွက်သူတွေကို အပြစ်ကောင်းကောင်းပေးနေကြတဲ့ အိန္ဒိယရဲများ

Youtube-Spotted roaming on the streets violating coronavirus lockdown protocol| Nagpur Today

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID-19 ကူးစက်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်းရှိ လူပေါင်း ၁၆,၀၀၀ ကျော် အသက်သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ COVID-19 ရောဂါ ကာကွယ်ရေးဆေးဝါးတွေလည်း လက်ရှိအချိန်ထိမပေါ်သေးတာကြောင့် နိုင်ငံတော်တော်များများရှိ အစိုးရတွေက သူတို့နိုင်ငံသားတွေကို အိမ်ထဲမှာပဲ လုံလုံခြုံနေဖို့ တိုက်တွန်းထားပါတယ်။

ဒီလိုပဲ အိန္ဒိယနိုင်ငံမှာလည်း COVID-19 ရောဂါကြောင့် လူအသေအပျောက်မရှိသေးသော်လည်း လူ ၁၀ ယောက် ကူးစက်ခံထားရကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ဒါ့ကြောင့် အိန္ဒိယအစိုးရဟာ နိုင်ငံအတွင်းရှိ မြို့ကြီးတော်တော်များများကို lockdown ချလိုက်ပြီပဲ ဖြစ်ပါတယ်။

READ
မိဘတွေထက်တောင် ငွေပိုစုနိုင်နေတဲ့ အသက် (၉) နှစ်အရွယ် ကလေးမလေး

 

ဒီလို lockdown ချထားတဲ့ကြားက အကြောင်းအရင်းမယ်မယ်ရရမရှိဘဲ အပြင်လျှောက်သွားနေတဲ့ အိန္ဒိယပြည်သူတွေကို အိန္ဒိယရဲတွေမှ လမ်းမပေါ်မှာတင် အပြစ်ပေးနေကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အိန္ဒိယရဲတွေရဲ့ အပြစ်ပေးပုံတွေကတော့ ကြိမ်လုံးဖြင့် တင်ပါးကို ရိုက်ခြင်း၊ ထိုင်ထလုပ်ခိုင်းခြင်း၊ ပုံစံထိုင်ခိုင်းခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီလို အပြစ်ပေးတာတွေကို ရက်စက်တယ်လို့ ပြောလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အစိုးရချမှတ်ထားတဲ့ အရေးပေါ်စည်းမျဉ်းစည်းကမ်းတွေကို လိုက်မနာရင် ငွေဒဏ်၊ထောင်ဒဏ်ချမှတ်လို့ရတဲ့ကြားက ဒီလောက်လေးနဲ့ ပြီးသွားတာ တော်တော်ကံကောင်းတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

READ
ရုရှားနိုင်ငံရဲ့ အထူးသံတမန်အဖြစ် ပူတင်ရဲ့ခန့်အပ်ခြင်းကို ခံခဲ့ရတဲ့ စတီဗင်ဆီးဂဲလ်

Pyi Hein Kyaw

SHARE