နန်းတော်ထဲလာနေကြဖို့ လိင်တူချစ်သူအမျိုးသားတွေကို ဖိတ်ခေါ်ခဲ့တဲ့ အိန္ဒိယမင်းသား

အိန္ဒိယမှာ LGBTQ အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ရတာ မလွယ်ပါဘူး။ အများပြည်သူရဲ့ ရှုံ့ချကဲ့ရဲ့ခြင်းကို ခံရတဲ့အပြင် လိင်တူချစ်ကြိုက်ခြင်းကို တရားဝင်တယ်လို့တောင် အချို့က မသတ်မှတ်ပါဘူး။ ဒါပေမယ့် အခုဆိုရင် အိန္ဒိယလိင်တူချစ်သူတွေအဖို့ လာမယ့်အနာဂတ်ကာလမှာ သူတို့အတွက် စိတ်လုံခြုံမှုပေးနိုင်တဲ့ နေရာလေးတစ်ေနရာကို ရရှိနိုင်တော့မှာပဲ ဖြစ်ပါတယ်။

elitereaders

အိန္ဒိယတော်ဝင်မျိုးနွယ်တစ်ဦးဖြစ်တဲ့ ဂူဂျာရတ်ပြည်နယ်က မင်းသား မန်ဗန်ဒရာဆင်းဂိုဟေးလ်ဟာ ပွင့်လင်းစွာ လိင်တူချစ်သူတစ်ဦးအဖြစ် နေထိုင်လျက်ရှိပါတယ်။ မင်းသားက သူ့ရဲ့ (၁၅) ဧက ကျယ်ဝန်းတဲ့ ဟာနုမန်တက်ရှ်ဝါးအမည်ရ ဘိုးဘွားပိုင်နန်းတော်ကို လိင်တူချစ်တူတွေအတွက် ခိုလှုံရာဖြစ်စေမယ်ဆိုပြီး ကြံစည်ထားတယ်လို့ ဆိုပါတယ်။ လိင်တူချစ်ကြိုက်မှု မလိုလားသူတွေရဲ့ ညှင်းပန်းနှိပ်စက်မှုရန်ကလွတ်အောင်နဲ့ လိင်တူချစ်သူတွေအတွက် လူ့အခွင့်အရေးအပြည့်အ၀ရရှိအောင် ဆောင်ရွက်ဖို့ မင်းသားက လိုလားကြောင်း သိရပါတယ်။

elitereaders

နန်းတော်ထဲမှာတော့ လိင်တူချစ်သူတွေအတွက် အကြံပေးဆွေးနွေးခြင်း အစီအစဉ်တွေ၊ ဆေးဝါးစောင့်ရှောက်မှုတွေနဲ့ အင်္ဂလိပ်စာသင်တန်းတွေကိုလည်း ပို့ချပေးသွားမှာ ဖြစ်ပါတယ်။ မင်းသား မန်ဗန်ဒရာဆင်းဟာ လိင်တူချစ်သူများ အခွင့်အရေးလှုပ်ရှားမှုထဲ တက်ကြွစွာပါဝင်ဆောင်ရွက်နေသူတစ်ဦး ဖြစ်ပါတယ်။ (၂၀၁၆) ခုနှစ်ကတည်းက အိန္ဒိယမှာရှိတဲ့ အဖိနှိပ်ခံ လိင်တူချစ်သူတွေရဲ့ ဘ၀ကို တိုးတက်လာအောင် စွမ်းဆောင်နိုင်ဖို့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။

READ
သြစတေးလျနိုင်ငံဆိုတာ တကယ်မရှိဘူးလို့ ယူဆနေကြတဲ့ လူအချို့
Alamy

မိမိကိုယ်ကို လိင်တူချစ်သူတစ်ဦးအဖြစ် ရပ်တည်ခဲ့တဲ့အတွက် မင်းသားဟာ မိသားစုရဲ့ စွန့်ပယ်ခြင်းကိုပါ ခံခဲ့ရသူပါ။ မင်းသားမန်ဗန်ဒရာဆင်းဟာ ကမ္ဘာကျော်အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ အော်ပရာဝင်းဖရေးနဲ့လည်း LGBTQ အခွင့်အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

elitereaders

သူ့ရဲ့ လိင်တူချစ်တူများ ခိုလှုံရာပရောဂျက်နဲ့ ပတ်သက်ပြီး မန်ဗန်ဒရာဆင်းက …

“လူတွေက အခုထိ မိသားစုတွင်း ဖိအားတွေနဲ့ ရင်ဆိုင်နေရတုန်းပါပဲ။ အိမ်ထောင်ရေးမှာလည်း အတင်းအကြပ်ပေးစားခံရတယ်။ အိမ်ကနေ မောင်းထုတ်ခံရတယ်။ အဲဒီတော့ သူတို့ဆီမှာ သွားစရာနေရာမရှိဘူး။ သူတို့ခြေထောက်ပေါ် သူတို့ မရပ်တည်နိုင်ဘူး။ ကျွန်တော်ကလည်း ကလေးယူမှာ မဟုတ်ဘူးဆိုတော့ ကျွန်တော့်နေရာကို အကူအညီလိုအပ်နေတဲ့ လိင်တူချစ်တူအတွက် အသုံးပြုဖို့ ရည်ရွယ်ခဲ့တာပါ..” လို့ ပြောပြပါတယ်။ ဒါ့အပြင် မန်ဗန်ဒရာဆင်းက သူ့အနေနဲ့ LGBTQ တွေအတွက် အထူးအခွင့်အရေးတွေ တောင်းဆိုနေတာ မဟုတ်ကြောင်းနဲ့ လိင်တူချစ်သူတွေကို မခွဲခြားပဲ အခြားနိုင်ငံသားတွေလို သာတူညီမျှ အခွင့်အရေးပေးဖို့သာ လိုလားကြောင်းလည်း ပြောပြခဲ့ပါသေးတယ်။

READ
မင်္ဂလာဆောင်အသွား ကားတိုက်ခံခဲ့ရတဲ့ အမျိုးသားရဲ့ ကြေကွဲဖွယ်အဖြစ်

လင်းလင်း (ShweMom)

Ref: wikipedia , elitereaders

SHARE