ဘူတာရုံထဲ လေ့ကျင့်ခန်းစက်ထားပြီး ပြည်သူ့ကျန်းမာရေးကို မြှင့်တင်နေတဲ့ အိန္ဒိယ

twitter/PiyushGoyal

နိုင်ငံသားတွေရဲ့လူနေမှုစနစ်မြင့်မားအောင်ဆောင်ရွက်ပေးဖို့ဟာ နိုင်ငံ့အာဏာပိုင်တွေမှာ တာဝန်ရှိပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးဟာလည်း ပြည်သူတွေ စီးပွားရေးချောင်လည်အောင်၊ ကျန်းမာရေးဝန်ဆောင်မှုတွေ ပိုပြီးရရှိအောင်နဲ့ ပြည်သူတွေကိုပျော်အောင်ထားနိုင်ဖို့ ကိုယ့်အတိုင်းအတာနဲ့ကိုယ် ဆောင်ရွက်ပေးနေကြပါတယ်။

အခုဖော်ပြပေးမှာကတော့ Storypick သတင်းဌာနကတဆင့် တွေ့မြင်ရတဲ့ အိန္ဒိယရထားလိုင်းရဲ့ ဆန်းသစ်တဲ့အိုင်ဒီယာတစ်ခု ဖြစ်ပါတယ်။ အိန္ဒိယမီးရထားလိုင်းဟာလည်း ရထားစီးပြည်သူတွေကို စိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်တွေနဲ့ မကြာခဏမိတ်ဆက်ပေးလေ့ရှိပါတယ်။ ဒီလိုအစီအစဉ်တွေထဲမှာ အခုနောက်ဆုံးထွက်ရှိလာတဲ့ ထူးခြားတဲ့အစီအစဉ်ကိုတော့ ဒေလီမြို့က အာနန်ဝိဟာ ဘူတာရုံမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။

twitter/PiyushGoyal

အာနန်ဝိဟာဘူတာရုံထဲမှာ ထိုင်ထစက်တစ်လုံး ထားထားပါတယ်။ ထိုင်ထစက်ဟာ ရထားလက်မှတ် အခမဲ့ထုတ်ပေးနိုင်ပါတယ်။ တကယ်လို့ စာဖတ်သူဟာ ပိုက်ဆံလည်းမရှိဘူး၊ ရထားစီးနင်းဖို့လည်း လက်မှတ်လိုချင်တယ်ဆိုရင်တော့ ၄င်းထိုင်ထစက်မှာသွားပြီး ထိုင်ထလေ့ကျင့်ခန်း လုပ်ရမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ အကြိမ်အရေအတွက် ပြည့်ပြီဆိုရင်တော့ စက်က အခမဲ့ရထားစီးနင်းခွင့် လက်မှတ်တစ်စောင်ကို ထုတ်ပေးမှာ ဖြစ်ပါတယ်။

READ
မြောက်ကိုရီးယားမှာ ညစ်ညမ်းဇာတ်ကားကြည့်ပါက ထောင်ကျနိုင်

အောက်ဘက်မှာတော့ ပြည်သူတစ်ယောက်ရဲ့ အခမဲ့ရထားစီးနင်းခွင့်ရဖို့ ကြိုးစားအားထုတ်နေတဲ့ ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်။

လင်းလင်း (ShweMom)

SHARE