Online class ကောင်းမှုကြောင့် (၉)နှစ်ကြာ ကွဲကာနေတဲ့ မိသားစုနဲ့ ပြန်ဆုံခဲ့တဲ့ ကောင်လေး

Twitter- @thetribunechd

COVID-19 ကပ်ရောဂါဘေးကြောင့် စာသင်ကျောင်းတွေလည်း ပိတိထားရပြီး လက်ရှိတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အွန်လိုင်းမှ စာသင်ကြားရေးစနစ်ကို ပြောင်းလဲအစားထိုးလာခဲ့ကြပါတယ်။ Story Pick မှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်အရ အိန္ဒိယနိုင်ငံမှ ကောင်လေးတစ်ယောက်ဟာ အခုလို online class ကြောင့် ငယ်ငယ်တုန်းက ကွဲကွာခဲ့ရတဲ့ မိဘတွေနဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်တဲ့။

လွန်ခဲ့တဲ့ ၉ နှစ်လောက်တုန်းကပါ။ ၂၀၁၁ ခုနှစ်တုန်းက။ Adbul ဟာ ၁၀ နှစ်သားပဲရှိပါသေးတယ်။ မိသားစုနဲ့အတူတူ Fategharh Sahib မှာလုပ်တဲ့ ဘုရားပွဲတစ်ခုကို သွားခဲ့ပါတယ်။ အဲဒီအချိန် လူများလှတဲ့ ပွဲခင်းထဲ Adbul တစ်ယောက် မိသားစုနဲ့ လူစုကွဲသွားခဲ့ပြီး စွန့်အနားမကြားလည်း ဖြစ်နေခဲ့တာကြောင့် မိသားစုနဲ့ပတ်သက်ပြီး ဘာမှ မပြောပြနိုင်ခဲ့ပါဘူး။ မိသားစုဖက်ကလည်း နှစ်အများကြီးကြာအောင် လိုက်ရှာခဲ့ပေမယ့်လို့ ရှာမတွေ့ခဲ့ပါဘူး။

အိမ်ပြန်တဲ့ ဘတ်စ်ကားကို Adbul တစ်ယောက် စမ်းတစ်ဝါးဝါးနဲ့မှားစီးခဲ့ကာ အိမ်နဲ့ ဝေးသထက်ဝေးသွားခဲ့ပါတော့တယ်။ ဘတ်စ်ကားဆရာက Adbul ကို သူနေတဲ့ရွာကို ခေါ်သွားခဲ့ပြီးတော့ ရပ်ရွာလူကြီးတွေနဲ့ တိုင်ပင်ကာ အသက် ၇၀ အရွယ် Gurnam Singh ဆိုသူက Adbul လေးကို သူ့အိမ်ခေါ်သွားပြီး မွေးစားခဲ့ပါတယ်။ နောက် စွန့်အ နားမကြားဖြစ်နေတဲ့ Adbul ကိုလည်း အစ္စလာမ်ဗလီကို ခေါ်သွားခဲ့ပြီး စွန့်အ နားမကြားတွေတက်တဲ့ ကျောင်းကို ပို့ဆောင်ပေးခဲ့ပါတယ်။

READ
ရုပ်ဆိုးမ ဆိုပြီး သိမ်ငယ်စိတ်ဝင်နေတဲ့ ကလေးမလေးကို နှစ်သိမ့်ပေးခဲ့တဲ့ Michelle Obama

မွေးစားဖခင်ဟာ ပျံကျဈေးသည်ဖြစ်ပေမယ့်လို့ Adbul လေးကို ဇနီးဖြစ်သူနဲ့အတူတူ ကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်ကျွေးမွေးခဲ့တာပါ။ အခုလို COVID-19 လည်း ဖြစ်ရော Adbul ရဲ့ ကျောင်းက အွန်ုလိုင်းကနေ စာသင်ကြားတဲ့စနစ်ကို ပြောင်းလဲလိုက်ခဲ့ပါတယ်။ ဒီအတွက် စာတွေဖလှယ်ဖို့၊ ဆက်သွယ်ဖို့ကိုတော့ Facebook ကိုပဲ အသုံးပြုရမှာဖြစ်တဲ့အတွက် Adbul ဟာ ပထမဆုံးအနေနဲ့ Facebook account ဖွင့်လာခဲ့ပါတယ်။

Facebook မှာတွေ့တဲ့ သူငယ်ချင်း Razzak ကို သူ့အကြောင်းလေးတွေပြောပြပြီး Adbul မှတ်မိနေတဲ့ မိဘတွေနာမည်ရယ်၊ နေတဲ့နေရာခပ်ရေးရေးရယ်ကို အကြောင်းပြုပြီး Razzak က လိုက်ရှာပေးခဲ့ရာ Uttar Pradesh ရဲ့ Farrukhabad မှာ မိဘတွေကို ရှာတွေ့ခဲ့ပါတယ်။ ဒါနဲ့ Razzak ကနေပြီး Adbul ရဲ့ဖခင်ကို ဆက်သွယ်ကာ အကြောင်းစုံပြောပြခဲ့တဲ့အခါမှာတော့ အခုဆိုရင် ၉ နှစ်ကျော်ကြာကွဲကွာနေခဲ့တဲ့ မိသားစုလေး ပြန်လည်ဆုံတွေ့ခဲ့ပါတော့တယ်။

READ
အချစ်မှာ ရုပ်ရည်မလိုကြောင်းသက်သေပြခဲ့တဲ့ ကမ္ဘောဒီးယားစုံတွဲ

penny

SHARE