$4,000 တန် ရွှေ Mask ကြီးနဲ့ ကိုဗစ်ကို ကာကွယ်နေတဲ့ အိန္ဒိယ အမျိုးသား

Image:twitter/@RaheelNama

ကိုဗစ် ကပ်ရောဂါ ကြောင့် ကမ္ဘာတစ်ဝန်း မှာ Mask တွေ တပ်ပြီးသွားလာ နေကြရတဲ့ အ ခြေအ နေ ပါ။ Mask တွေ က လည်း အခုဆိုရင် ကျန်းမာရေး အတွက် အပြင် ဖက်ရှင် ကျကျ အမြင်ဆန်း လှပ တဲ့ Mask တွေ ကိုပါ ဈေး ကွက် ရဲ့ လိုအပ် ချက်အရ ဖန်တီးလာ ကြတာကို လည်း တွေ့ရပါတယ်။ချမ်းသာတဲ့ လူ တန်း စား တွေ အတွက် ကလည်း  နာမည်ကြီး Brand တွေ က နေ Mask တွေ ဖန်တီး ခဲ့ ကြပါတယ်။အိန္ဒိယ စီးပွားရေး လုပ်ငန်း ရှင်  တစ် ယောက် ကတော့ ရွှေ Mask ကြီးကို ၀တ်ဆင်ခဲ့ပါတယ်။ဒီ အ ကြောင်းကိုတော့ SCMP မှာ ဖော်ပြ ထားပါတယ်။

Image:twitter/@RaheelNama

သူ့ နာမည် က တော့ Shankar Kurhade  ဖြစ်ပြီး Pune မြို့ က  ချမ်းသာ တဲ့ လုပ်ငန်း ရှင် တစ်ယောက်ပါ။ရွှေ Mask ကြီးရဲ့ တန် ဖိုး က တော့ အ မေရိကန် ဒေါ်လာ (၄၀၀၀) ပါ။ကိုဗစ် ကူးစက်မှုနှုန်းမြင့် နေတဲ့ အိန္ဒိယ နိုင်ငံ မှာ ရွှေ Mask ကြီး က သူ့ကိုယ် ကာကွယ် ပေးနိုင်မယ်လို့ hankar Kurhade က  တော့ ယုံကြည်နေပါတယ်။ဒီ Mask ရဲ့ အ လေး ချိန် က တော့ (၂ အောင်စ) ၊(၆၀)ဂရမ် ပါ။ Shankar Kurhade က တော့ သူ့ရဲ့ ရွှေ Mask ကြီး က ပါးလွှာ ပြီး အ ပေါက်ငယ်လေး တွေ ပါ တာ ကြောင့် အသက်ရှုရတာ အခါ မှာလည်း အဆင် ပြေ တယ်လို့ ပြော ခဲ့ပါ တယ်။”ဒီ Mask ကြီးက ကိုရိုနာ ဗိုင်းရပ်စ် အန္တရာယ်က နေ ကာကွယ် တဲ့ နေရာမှာ အ ထောက် အကူ ဖြစ်  မဖြစ် တော့ မသိဘူး။တခြား ကြိုတင် ကာကွယ်မှုတွေ ကိုလည်း ကျ တော် ယူထားပါတယ်..” လို့ ပြော ခဲ့ပါတယ်။

READ
အဖိုးတန်ပစ္စည်းတွေကို ဘယ်သူမှ မသိအောင် ၀ှက်ထားနိုင်မယ့် အလုံခြုံဆုံးနေရာများ
Image:twitter/@RaheelNama

 အသက် (၄၉)နှစ်ရှိနေပြီဖြစ်တဲ့ Shankar Kurhade  က တော့ ရွှေ ချစ်သူ ဖြစ်ပြီး လက် ကောက်၊လည် ဆွဲ၊လက် စွပ် တို့ကိုလည်း သူ့ရဲ့ ညာ လက် မှာ ၀တ်ထားပါတယ်။Kurhade  က တော့ ငွေ ရောင် Mask ကို တပ် ထားတဲ့  အမျိုးသား တစ်ယောက်ကို ကြည့်ပြီး အားကျ လာလို့ ရွှေ  Mask ကို တပ်ဖို့ စိတ် ကူး ရ ခဲ့တာ လို့ ပြော ခဲ့ပါတယ်။ရွှေ Mask ကို တပ်ပြီး အပြင် ထွက် တိုင်းမှာ လူတွေ က အတူ Selfie ဆွဲ ဖို့ တောင်းဆိုတာကို ခံရ  တယ်လို့ လည်း ပြော ခဲ့ပါတယ်။အိန္ဒိယမှာ တော့ ကိုဗစ် ကူးစက်နှုန်း က မြင့် တက် နေတုန်းပါ။ဒါ ကြောင့် လူထူတဲ့ နေရာ တွေ ကို သွားရင် Mask တပ်ဆင် သွားကြဖို့ စည်းကမ်း ထုတ်ထားပါတယ်။ရောဂါ ဖြစ်သွားသူ ကတော့ (697,000)ေ လာက် ရှိ နေပါပြီ။

#SHWEMOM

SHARE