ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေတဲ့ အိန္ဒိယပြည်နယ်ဝန်ကြီးချုပ်ရဲ့ဂစ်တာလက်စွမ်း

[email protected]_k_sangma

လက်ရှိ COVID 19 ဖြစ်ပွားနေတဲ့အချိန်မှာ လူတော်တော်များများဟာ အိမ်ထဲမှာပဲနေနေရပြီး အနည်းနဲ့အများတော့ ပျင်းနေကြမှာပါပဲ။ ဒီလိုအချိန်မှာ လူတိုင်းဟာ အိမ်မှာနေရတာ ပျော်စရာမကောင်းဘူးလို့ ထင်ကောင်းထင်နေကြပါလိမ့်မယ်။ တကယ်တမ်းတော့ ပျော်စရာဆိုတာ ကိုယ့်ဟာကိုယ်လုပ်ယူပြီး ဖန်တီးလို့ ရပါတယ်။ အခုလည်း အိန္ဒိယနိုင်ငံက ပြည်နယ်ဝန်ကြီးချုပ်တစ်ဦးဆိုရင် အိမ်မှာနေရင်း နာမည်ကြီး Metal သီချင်းတစ်ပုဒ်ကို ဂစ်တာတီးကာ လက်စွမ်းပြခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါဝန်ကြီးချုပ်ရဲ့ နာမည်ကတော့ Conrad Sangma လို့ အမည်ရပြီး အိန္ဒိယနိုင်ငံ၊ Meghalaya ပြည်နယ်ရဲ့ ပြည်နယ်ဝန်ကြီးချုပ်တစ်ဦးလည်း ဖြစ်ပါတယ်။ Conrad ဟာ လက်ရှိမှာတော့ အိန္ဒိယဆိုရှယ်မီဒီယာမှာ အမိုက်ဆုံးပြည်နယ်ဝန်ကြီးချုပ်တစ်ဦးအဖြစ် ရေပန်းစားနေကြောင်း သိရပါတယ်။ ဒီလိုနာမည်ကြီးရတဲ့ အကြောင်းအရင်းကလည်း Conrad ဟာ သူ့ရဲ့ Instagram အကောင့်ကနေပြီးတော့ Electic ဂစ်တာတီးနေတဲ့ ဗီဒီယိုဖိုင်ကြောင့် ဖြစ်ပါတယ်။

READ
ကမ္ဘာ့အရက်စက်ဆုံး ဇနီးမယားတွေအဖြစ် သတ်မှတ်ခံထားရတဲ့ အမျိုးသမီး(၅)ယောက်

Conrad လက်စွမ်းပြခဲ့တဲ့ သီချင်းကတော့ “Wasted Years” လို့ အမည်ရတဲ့ သီချင်းဖြစ်ပြီး 1986 ခုနှစ်လောက်က နာမည်ကြီး Band တစ်ခုဖြစ်တဲ့ Iron Maiden အဖွဲ့ရဲ့ “Somewhere in Time” အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီသီချင်းရဲ့ ဂစ်တာလက်ကွက်တွေက တော်တော်ခက်တာကိုတောင်မှ Conrad ကတော့ Electric ဂစ်တာနဲ့ အေးအေးလူလူတီးခတ်ပြသွား ခဲ့ပါတယ်။

Conrad ဟာပြည်နယ်ဝန်ကြီးချုပ် မဖြစ်ခင် ငယ်ငယ်လေးကတည်းက ကိုယ်ပိုင် Band တစ်ခုရှိခဲ့ပြီး သူ့ရဲ့ ငယ်ဘဝတော်တော်များများကို ဂစ်တာတီးရင်း ကုန်ဆုံးခဲ့တာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုအသက်အရွယ်ရောက်တာတောင်မှ တစ်ကယ့် ပရော်ဖက်ရှင်နယ် ဂစ်တာသမားတစ်ယောက်လို တီးခတ်နိုင်သေးတဲ့ Conrad ကိုတော့ ဆိုရှယ်မီဒီယာကလူတွေ ပြောနေကြသလို အမိုက်ဆုံးဝန်ကြီးချုပ်တစ်ဦးအဖြစ် သတ်မှတ်နိုင်ပါတယ်။

READ
နားထဲကနေ လောက်တွေ ထွက်လာတဲ့ ထိတ်လန့်စရာ ဖြစ်ရပ်

Pyi Hein Kyaw

SHARE