ရေမြုပ်နေတဲ့ ဘတ်စ်ကားထဲက ခရီးသည်တွေကို သက်စွန့်စံဖျား ကယ်ခဲ့တဲ့ အိန္ဒိယရဲများ

[email protected]

လက်ရှိအချိန် အိန္ဒိယနိုင်ငံမှာ တစ်နိုင်လုံး မိုးတွေ သည်းထန်စွာ အဆတ်မပြတ်ရွာသွန်းနေတာကိုတော့ တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ အခုဆိုရင် မိုးတွေ တောက်လျှောကရွာသွန်းနေတာ ၂ ပတ်ကျော်လောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ ဒီလို အဆတ်မပြတ်မိုးရွာသွန်းမှုကြောင့်လည်း အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ နေရာအနှံ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။ အခုလည်း ရေကြီးမှုကြောင့် ရေမြုပ်နေတဲ့  ဘတ်စ်ကားကြီးတစ်စီးထဲ ခရီးသည်တွေကို အိန္ဒိယရဲသားတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ရေငုပ်ပြီး ခက်ခက်ခဲခဲကို ကယ်တင်ခဲ့ရကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့က အိန္ဒိယနိုင်ငံ၊ Uttar Pradesh ပြည်နယ်ရှိ Mathura မြို့က ခရီးသည်တင် ဘတ်စ်ကားတစ်စီးဟာ ရေကြီးမှုကြောင့် ကားရေမြုပ်နေခဲ့ပါတယ်။ ပိုဆိုးတာက အဲဒီဘတ်စ်ကားထဲမှာ ခရီးသည်တွေ အများကြီးရှိနေတာပါပဲ။ အပြင်ထွက်ဖို့ပြန်ကျတော့လည်း အရမ်းသန်တဲ့ ရေစီးကြောင်းကြောင့် ခရီးသည်တွေဟာ ဘတ်စ်ကားခဲမှာပဲ နေခဲ့ရပါတယ်။ အချိန်ကြာပြီး ရေတက်လာတာနဲ့အမျှ ဘတ်စ်ကားဟာ တဖြည်းဖြည်း ရေမြုပ်လာပါတော့တယ်။

 

ကံကောင်းတာတစ်ခုက အိန္ဒိယရဲတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ အချိန်မှီရောက်လာတာကြောင့် ခရီးသည်တွေအားလုံး အသက်ချမ်းသာခဲ့ရပါတယ်။ ဒီလိုနဲ့ ရဲတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ခရီးသည်တွေကို ကယ်တင်ဖို့အတွက် အချိန်တော်တော်ကြာ ရေငုပ်ပြီး ခရီးသည်တစ်ယောက်ပြီး တစ်ယောက်ကို ကယ်ထုတ်ခဲ့ရပါတယ်။ ဒီလိုမျိုး အိန္ဒိယရဲတွေနဲ့ ကယ်ဆယ်ရေးသမားတွေ စွန့်စွန့်စားစား ကယ်တင်ခဲ့တဲ့ ပုံရိပ်တွေဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့ပြီး လူတိုင်းက အိန္ဒိယရဲတွေနဲ့ ကယ်ဆယ်ရေး အဖွဲ့ဝင်တိုင်းကို ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

READ
ဥာဏ်ကောင်းတဲ့လူတွေမှာရှိတဲ့ ထူးခြားတဲ့အကျင့်များ
[email protected]

“ကယ်ရတာ တော်တော်လေးတော့ မလွယ်ပါဘူး။ ကားကရေမြုပ်နေပြီး ရေစီးကြောင်းကလည်း သန်တော့ ကြိုးတွေကို ခိုင်တဲ့နေရာမှာ သေသေချာချာချည်ပြီး တစ်ယောက်ချင်းဆီကို ရေငုပ်ပြီး ကယ်ဆယ်ခဲ့ရတာပါ။ တစ်ခုကံကောင်းတာက ကျွန်တော်တို့ ကယ်နေတဲ့အချိန်မှာပဲ မိုးနည်းနည်းစဲသွားပြီး ရေစီးတဲ့အရှိန်လျော့သွားခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဘတ်စ်ကားထဲမှာရှိတဲ့ ခရီးသည် အကုန်လုံးကို ကယ်တင်နိုင်ခဲ့ပါတယ်”လို့ အိန္ဒိယနိုင်ငံမီးသတ်ဦစီးချုပ်ဖြစ်တဲ့ Pramod Sharma က ပြောကြားခဲ့ပါတယ်။

 

Pyi Hein Kyaw

SHARE