မိဘခွင့်ပြုချက်မရဘဲ လက်ထပ်မိလို့ ကျင်ငယ်ရည်တိုက်ပြီး နှိပ်စက်ခံခဲ့ရတဲ့ စုံတွဲ

အိန္ဒိယနိုင်ငံက ချစ်သူနှစ်ဦးဟာ မိဘတွေ သဘောမတူတဲ့ကြားက လက်ထပ်ခဲ့တာကြောင့် လူမဆန်စွာ အပြစ်ပေးခံခဲ့ရပါတယ်။ အမျိုးသမီးဘက်မှ မိသားစုဝင်တွေဟာ အမျိုးဂုဏ်သိက္ခာကျဆင်းစေတယ်ဆိုပြီး အပြစ်ပေးဖို့အတွက် သူတို့စုံတွဲ နေထိုင်ရာ အိမ်ထဲဝင်ပြီး သေနတ်နဲ့ထောက် ပြန်ပေးဆွဲကာ ဖမ်းခေါ်လာခဲ့ကြတာဖြစ်ပါတယ်။

Dailymail

အသက်(၂၃)နှစ်အရွယ် အမျိုးသားဖြစ်သူကိုတော့ တိုင်တစ်တိုင်မှာ ကြိုးချည်ရိုက်နှက်ခဲ့ပြီး အသက်(၂၁)နှစ်အရွယ် အမျိုးသမီးဖြစ်သူကိုတော့ အ၀တ်တွေ အကုန်ချွတ်ကာ ဆံပင်ဖြတ်ပစ်ခဲ့ပါတယ်။ ပြီးတဲ့နောက် နှစ်ဦးစလုံးကို ကျင်ငယ်ရည်သောက်ခိုင်းခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်ဟာ အိန္ဒိယနိုင်ငံ မာဒယာပရာဒက်ရှ်ပြည်နယ် အလီရာ့ဂ်ျပူခရိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လင်မယားနှစ်ဦးကို နှိပ်စက်နေတဲ့ ဗီဒီိယိုဖိုင်ကိုတော့ နှိပ်စက်သူတွေထဲက တစ်ဦးက မှတ်တမ်းတင်ထားပြီး အွန်လိုင်းပေါ်မှာ ပြန်ဖြန့်ခဲ့တာပါ။ အနှိပ်စက်ခံစုံတွဲဟာ တစ်ရွာထဲနေထိုင်သူတွေဖြစ်ကြပြီး ယခုနှစ်မေလကမှ နှစ်ဦးသဘောတူ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

Dailymail

အမျိုးသားဟာ ချစ်သူကောင်မလေးရဲ့ မိဘတွေဆီ ဆိတ်နှစ်ကောင်၊ ရူပီး(၇၀,၀၀၀) နဲ့တင်တောင်းခဲ့ပေမယ့် ကောင်မလေးဘက်က မိဘတွေဟာ မတင်းတိမ်နိုင်ခဲ့ပါဘူး။ အမျိုးသမီးရဲ့ ဆွေမျိုးတွေကတော့ အခုလိုလုပ်တာဟာ မိသားစုဂုဏ်သိက္ခာအတွက် ပြန်လက်စားချေတယ်လို့ ဆိုခဲ့ပေမယ့် တကယ်တော့ လူသားတစ်ဦးရဲ့ သိက္ခာကို များစွာကျဆင်းစေတဲ့ အကြမ်းဖက်လုပ်ရပ်ပဲဖြစ်ပါတယ်။ လူမဆန်စွာ နှိပ်စက်ခံခဲ့ရတဲ့ ယင်းစုံတွဲဟာ လက်ရှိမှာ အမျိုးသမီးရဲ့ ဖခင်ဖြစ်သူ၊ ဦးလေး(၂)ယောက်နဲ့ အခြားဆွေမျိုး(၃)ဦးတို့ကို စခန်းမှာ အမှုဖွင့်ထားခဲ့ပြီး  (၂)ဦးကိုတော့ စခန်းက ဖမ်းဆီးထားပြီးဖြစ်ကြောင်းသိရပါတယ်။

READ
ယနေ့တိုင်အောင် မေးခွန်းများစွာနဲ့ အဖြေရှာမရသေးတဲ့ Elisa Lam သေဆုံးမှု

လင်းလင်း (ShweMom)

Ref: Dailymail, hindustantimes

SHARE