ကျောင်းသွားရင်းလိင်ပိုင်းဆိုင်ရာစော်ကားခံနေရမှုကို တစ်နိုင်ငံလုံးအသိပေးလိုက်တဲ့သူမ

YouTube-Indian Press Online

“Sexual Harassment” ဆိုတဲ့ စကားလုံးဟာ အဓ္ဓမကျင့်လိုက်မှ၊ ကိုယ်ထိလက်ရောက် စော်ကားကျူးလွန်လိုက်မှ အထမြောက်တာမဟုတ်ဘဲ ပါးစပ်နဲ့စတာ၊ စော်ကားမော်ကားပြောဆိုတာတွေဟာလည်း အမျိုးသမီးတစ်ယောက်ကို ကာယအိနြေ္ဒပျက်ပြားစေတာကြောင့် လိင်ပိုင်းဆိုင်ရာနှောက်ယှက်စော်ကားမှု မြောက်ပါတယ်။

ဒီရဲ့ sexual harassment ဆိုတာဟာ ကျွန်တော်တို့လို မဖွံ့ဖြိုးသေးတဲ့၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေပဲ ကြုံတွေ့ရတဲ့ အရာတစ်ခုအမဟုတ်ပါဘူး။ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံကြီးက အမျိုးသမီးတွေဟာလည်း နေ့တိုင်းလိုလို စော်ကားခံရမှုတွေ ကြုံတွေ့နေရတုန်းပါပဲ။ ဥပဒေတွေ သတ်မှတ်ထားပေမယ့်လို့ တကယ်ကျတော့ အသုံးမဝင်ကြတာဟာ ပိုလို့ဆိုးနေပါတယ်။ ဒီလိုနိုင်ငံတွေထဲ အိန္ဒိယနိုင်ငံကတော့ sexual harassment အဖြစ်များဆုံးနိုင်ငံတွေထဲကတစ်နိုင်ငံလို့ ဆိုရမှာပါပဲ။

ဒီလိုကိစ္စတွေနေ့စဉ်တိုင်းလိုလို ကြုံတွေ့နေရတဲ့ အမျိုးသမီးငယ်လေးတစ်ဦးကတော့ အိန္ဒိယက အမျိုးသားတွေအပါအဝင် သက်ဆိုင်ရာကိုပါ project တစ်ခုနဲ့ သိအောင်ပြောပြလာခဲ့ပါတယ်။ သူမကတော့ Nupur Pantny ပါ။ Srishti Institute of Art, Design and Technology မှ Human Centred Design မေဂျာရဲ့ စတုတ္ထနှစ်ကျောင်းသူတစ်ယောက်ပါ။ သူမအနေနဲ့ ၄ နှစ်တာကျောင်းတက်ပြီးတဲ့နောက်ပိုင်း ကျောင်းသွား၊ကျောင်းပြန်အချိန်မှာတောင် စိတ်အနှောက်အယှက်ဖြစ်စရာကိစ္စတွေကို သူမတွေ့ကြုံလာခဲ့ရတဲ့အတိုင်း ချပြလာခဲ့တာပါ။

READ
မင်္ဂလာပွဲကို ကျွဲလှည်းစီးပြီးဆင်နွှဲခဲ့တဲ့ သတို့သမီးရဲ့ ဗွီဒီယိုဖိုင် ကြည့်ရှုသူ 4 သန်းကျော်ခဲ့
YouTube-Indian Press Online

Project နာမည်ကတော့ “It’s Not My Fault” (ကျွန်မအမှားမပါပါ) တဲ့။ နောက် နေထိုင်တဲ့ Bengaluru မြို့ရဲ့မြေပုံပေါ်မှာ အမှတ်အသားများစွာကို ပြုလုပ်ထားခဲ့ပါတယ်။ အဲဒီအမှတ်သားတွေကတော့ sexual harassment ကြုံတွေ့ခဲ့ရတဲ့ နေရာတွေပဲဖြစ်ပါတယ်။ အတိအကျမဟုတ်ပေမယ့် ခန့်မှန်းခြေဧရိယာတွေနဲ့ စိတ်ထဲစွဲမြဲနေခဲတဲ့ ယောက်ျားသားတချို့ရဲ့ စကားလုံးတွေနဲ့အပြုအမူတွေပါ။ ဒါတွေကို စာရွက်အဝါတွေပေါ်မှာ ချရေးကာ ဖြစ်ပျက်ခဲ့တဲ့နေရာတွေမှာ လိုက်ကပ်ထားခဲ့တာပဲဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဘူတာရုံတွေနဲ့ လူသွားလူလာများတဲ့ လမ်းမကြီးတွေမှာ ဖြစ်ပွားခဲ့တာပါ။

YouTube-Indian Press Online

ဒါတောင် သူမတစ်ယောက်တည်းရဲ့အတွေ့အကြုံပဲရှိပါသေးတယ်။ Napur Pantny ကတော့ သူမရဲ့ “It’s Not My Fault” project ကို လူမှုကွန်ယက်တွေပေါ်မှာ ဗီဒီယိုဖိုင်ဖြင့် ချပြခဲ့ပါတယ်။ အခုခေတ်လူငယ်တွေရော၊ လူကြီးတွေရာဟာလည်း အင်တာနက်နဲ့ မစိမ်းကြတဲ့အတွက်ကြောင့် ဒီနည်းလမ်းဟာ လူတွေပိုသိအောင်လုပ်ပေးမယ်ဆိုတာ Napur Pantny သိနေပုံပါပဲ။

READ
ချိုးနှိမ်အနိုင်ကျင့်ခံခဲ့ရပေမယ့် ကလေးအထူးကုဆရာဝန် ဖြစ်အောင်ကြိုးစားခဲ့သူ

တကယ်လည်း သူမရဲ့ project လေးဟာ ပြည်သူတွေဆီကိုသာမက သက်ဆိုင်ရာဌာနတွေ အထူးသဖြင့် Bengaluru မြို့ရဲ့ ရဲစခန်းတွေကိုပါ နားပေါက်သွားခဲ့ပါတယ်။ လက်ရှိမှာတော့ Bengaluru မြို့ရဲ့ရဲဌနာချုပ်မှ Napur Pantny ရဲ့အချက်အလက်တွေမှာပါတဲ့ မြို့နယ်နဲ့နေရာဒေသတွေကို လုံခြူံရေးတွေတိုးမြှင့်ပေးသွားဖို့ရှိပြီး တကယ်သတ်မှတ်ထားတဲ့ဥပဒေနဲ့အညီ အရေးယူမှုတွေ ဆောင်ရွက်သွားမယ်ဆိုပြီး ကတိတော့ ပေးထားခဲ့ါပပြီ။ The Indian Express မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

Penny

SHARE