မြွေကို လည်ပင်းပတ်ပြီး သူငယ်ချင်းတွေကို စနောက်ချင်ခဲ့တဲ့ အမျိုးသားရဲ့ အဖြစ်

အိန္ဒိယနိုင်ငံနေ အမျိုးသားတစ်ဦးဟာ လည်ပင်းကို မြွေပတ်လိုက်ပြီးနောက်မှာ လက်ကို မြွေကိုက်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ ၄င်းဖြစ်ရပ်ဟာ အန်ဒရာပရာဒက်ရှ်ပြည်နယ် ဆူလာပီတာကျေးရွာမှာ ဖြစ်ပွားခဲ့တာပါ။ သေဆုံးသူအမျိုးသားဟာ အသက်(၂၄) နှစ်အရွယ် ဂျာဂါဒစ်ရှ်ဆိုသူပါ။ ဂျာဂါဒစ်ရှ်ဟာ ရာမာရာလို့ အမည်တွင်တဲ့ အသက်(၅၀) အရွယ် မြွေအလမ္မာယ်ဆရာဆီ အလည်လာခဲ့တာ ဖြစ်ပါတယ်။

CEN

သေဆုံးသူရဲ့ သူငယ်ချင်းတစ်ဦး ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာတော့ မြွေအလမ္မာယ်ဆရာဟာ တောင်းထဲက မြွေဟောက်ကိုထုတ်ပြီး ဂျာဂါဒစ်ရှ်ဆီကို ကမ်းပေးခဲ့တာကို တွေ့ရပါတယ်။ ဂျာဂါဒစ်ရှ်ဟာ မြွေဟောက်ကိုကိုင်ပြီး သူ့ကို ၀ိုင်းကြည့်နေတဲ့သူတွေကို ခြောက်လှန့်ဖို့ ကြိုးစားနေခဲ့တာပါ။ နောက်တော့ မြွေအလမ္မာယ်ဆရာက မြွေကို ပုခုံးပေါ်တင်လိုက်ဖို့ ပြောတဲ့အခါ ဂျာဂါဒစ်ရှ်ကလည်း အဆင်ခြင်မဲ့စွာ မြွေကို ပုခုံးပေါ်မှာ တင်လိုက်ပါတယ်။

CEN

ပြီးနောက် မြွေဟောက်ကို လည်ပင်းပတ်ထားတဲ့ ပုံကို ဓာတ်ပုံရိုက်ဖို့ သူငယ်ချင်းတစ်ဦးကို တောင်းဆိုစဉ်မှာပဲ ဂျာဂါဒစ်ရှ်ဟာ လက်ကို မြွေပေါက်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဆေးရုံကို ရောက်သွားတဲ့အခါမှာတော့ ဂျာဂါဒစ်ရှ်ဟာ သေဆုံးသွားပါပြီ။ သူ့မှာ မြွေဆိပ်ဖြေဆေး အသင့်ရှိတယ်လို့ ကြေညာထားတဲ့ မြွေအလမ္မာယ်ဆရာဆိုသူကလည်း ဂျာဂါဒစ်ရှ်မြွေပေါက်ခံရတဲ့အခါ အခင်းကနေ ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။

CEN
CEN

ရဲအဖွဲ့ကတော့ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းက မြွေဟောက်ထဲက အဆိပ်တွေကို ဖယ်ရှားခဲ့ကြောင်း ရာမာရာက ထွက်ဆိုခဲ့တယ်လို့ ပြောပြပါတယ်။ ဒါပေမယ့် မြွေဟောက်ဟာ အဆိပ်တွေကို ထပ်ပြီး ထုတ်လုပ်ခဲ့ပုံရပါတယ်။ လက်ရှိမှာတော့ မြွေအလမ္မာယ်ဆရာကို လူသေစေမှုနဲ့ တရားစွဲထားပါတယ်။ အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ အွန်လိုင်းပေါ်က လူတွေကတော့ မဆင်မခြင်နဲ့ အဆိပ်ရှိသတ္တ၀ါကို ဟန်ပြအလို့ငှာ ကိုင်တွယ်တဲ့ ဂျာဂါဒစ်ရှ်ဟာ သေထိုက်ကြောင်း အမျိုးမျိုးဝေဖန်ကြလျက် ရှိနေပါတယ်။

READ
နို့ချိုတိုက်ကြွေးနေတဲ့ဓာတ်ပုံတွေတင်ခဲ့လို့ ဝေဖန်ခံနေရတဲ့ကမ္ဘာအလှဆုံးကလေးမိခင်

လင်းလင်း (ShweMom)

Ref: Dailymail

SHARE