အသက်အန္တရာယ် ရန်ရှာခဲ့တဲ့ ဓားပြတွေကို ပြန်ခံချခဲ့တဲ့ အိန္ဒိယက ဖိုးဖိုးနဲ့ဖွားဖွား

Today Buzz/Facebook

ခေတ်ပျက်ကြီးထဲမှာ နေနေရသလိုပါပဲ။ ကျွန်တော်တို့နိုင်ငံမှာရော အိမ်နီးချင်းနိုင်ငံတွေ၊ တခြားနိုင်ငံတွေမှာပါ အကြမ်းဖက်မှုတွေဟာ သေးသေး၊ကြီးကြီး ဟိုတစ်နေရာ၊ ဒီတစ်နေရာ ပေါ်ပေါက်နေကြလို့ ရုတ်တရက်ဆိုရင် ကိုယ်ကိုယ်တိုင်ကလွဲပြီး ကိုယ့်ကိုလာကူညီကယ်ဆယ်မယ့်သူကို မျှော်နေလို့ မရတော့ပါဘူး။ ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံးကာကွယ်ကာမှ တော်ရာကျမှာပါ။ ဥပမာ အိန္ဒိယကဒီစုံတွဲလိုပေါ့။

Today Buzz ရဲ့ Facebook မှာ တင်ထားတဲ့ ဗီဒီယိုတစ်ခုအကြောင်းပါ။ အမှုဖြစ်သွားခဲ့တာကတော့ သြဂုတ်လ ၁၂ ရက်နေ့တုန်းကဖြစ်ပြီး အိန္ဒိယရဲ့ Tamil Nadu ဒေသက Tirunelveli က နေအိမ်တစ်အိမ်မှာ ဖြစ်သွားခဲ့ကြတာပါ။ ဖြစ်စဉ်တစ်ခုလုံးကိုတော့ နေအိမ်မှာ တပ်ဆင်ထားတဲ့ CCTV ကနေတစ်ဆင့် ရရှိခဲ့တာပါတဲ့။

အဲဒီအိမ်မှာ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးရယ် ဇနီးဖြစ်သူ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးရယ်သာ အေးအေးချမ်းချမ်း နေထိုင်နေကြတာပါ။ ဒါကို ဓားပြတွေက သိဟန်တူပါလိမ့်မယ်။ ညဖက်ကြီး အိမ်ကိုဓားပြတိုက်ဖို့အတွက် ခြုံထဲမှာဝင်စောင့်နေခဲ့ကြပါတယ်။ အဲဒီအချိန် အိမ်ရှင်အမျိုးသားဟာ အိမ်ပြင်ထွက်ပြီးအေးအေးလူလူထိုင်နေခဲ့တာပါ။ ဒါကို ဓားပြတစ်ယောက်ကနေပြီး အဝတ်နဲ့ အိမ်ရှင်ရဲ့လည်ပင်းကို ဆွဲညှစ်ထားခဲ့ပြီး သတ်ဖို့ကြိုးစားခဲ့ပါတော့တယ်။ အိမ်ရှင်အမျိုးသားက ချက်ချင်းဆိုသလို ဘေးလူတွေကြားအောင် အသံကျယ်ကျယ်နဲ့ တစ်ခုခုအော်ပြောနေခဲ့တာကို ဗီဒီယိုထဲ မြင်ရပါလိမ့်မယ်။

READ
မြင်လိုက်တာနဲ့ ရူးသွပ်သွားမယ့်ဆိုင်ကယ် ဒီဇိုင်းသစ်
Today Buzz/Facebook
Today Buzz/Facebook

ခဏအကြာမှာပဲ အိမ်ထဲကနေ အိမ်ရှင်ရဲ့ဇနီးသည်ထွက်လာခဲ့ပြီး ခင်ပွန်းတစ်ယောက် မျက်နှာဖုံးစွတ်လူတွေရဲ့ အသက်အန္တရာယ်ပြုခြင်းကို ခံနေတာကို တွေ့လိုက်ရတဲ့အချိန်မှာတော့ တွေဝေဆိုင်းငံ့ခြင်းမရှိဘဲ ဘေးမှာရှိတဲ့ပစ္စည်းတွေနဲ့ အဲဒီဓားပြတွေကို ပစ်မှတ်ထားပြီး အဝေးကစတင်တိုက်ခိုက်ပါတော့တယ်။ နောက်ထပ် ဓားပြတစ်ယောက် ထပ်ထွက်လာခဲ့ပြီး အမျိုးသမီးကို ခြောက်လှန့်ခဲ့ပေမယ့်လို့ ကံကောင်းစွာနဲ့ အိမ်ရှင်အမျိုးသားဟာ ထိုင်ခုံကိုဆွဲလှဲချပြီး လည်ပင်းညှစ်ထားတဲ့ ဓားပြရဲ့လက်ထဲက လွတ်သွားခဲ့ပါတယ်။ ဓားကောက်ကိုယ်ဆီကိုင်ထားတဲ့ ဓားပြတွေကို အသက် ၇၀ နဲ့ ၆၅ အရွယ် စုံတွဲက နီးစပ်ရာ ပလတ်စတစ်ထိုင်ခုံတွေ၊ ရေပုံးတွေ၊ ဖိနပ်တွေစတဲ့ တွေ့တဲ့ပစ္စည်းမှန်သမျှနဲ့ ဓားပြတွေထွက်ပြေးသွားသည်အထိ ခံချပါတော့တယ်။

ဗီဒီယိုဟာ Facebook မှာ ကြည့်ရှုသူပေါင်း ၆ သန်းကျော်ရှိနေခဲ့ပြီး comment မှာတော့ အများစုက အိမ်ရှင်လင်မယားဟာ တကယ်သတ္တိရှိကြသူတွေဆိုပြီး မှတ်ချက်ပေးထားခဲ့ကြပါတယ်။ ကြည့်ရှုသူတွေကသာ အရမ်းမိုက်တာပဲ၊ အားရလိုက်တာလို့ စိတ်ထဲမှာချီးကျူးနေပေမယ့်လို့ သူတို့နှစ်ယောက်ရဲ့စိတ်ထဲမှာတော့ ဘယ်လောက်တောင် ကြောက်နေလိုက်မလဲနော်။ ဗီဒီယိုလေးကို ကြည့်လိုက်ကြပါဦး။

Old Couple Daring Fight With Thieves in Tirunelveli District

Posted by Today Buzz on Monday, August 12, 2019

Penny

SHARE