မင်္ဂလာဆောင်ဆိုတာမျိုးက ကိုယ့်ကိုဖိတ်ကာမှ သွားလို့ကောင်းတဲ့ ပွဲမျိုးမဟုတ်လား။ ဒါကို အိန္ဒိယမြောက်ပိုင်းက မြို့လေးတစ်မြို့မှာ ရဲတွေကတော့ သူတို့မြို့မှာလုပ်သမျှ မင်္ဂလာဆောင်တိုင်းကို ဖိတ်စာမပါလည်း အချိန်မရွေးတက်ရောက်ခွင့်ကို မြို့အစိုးရက ခွင့်ပေးလိုက်ခဲ့ပါတယ်တဲ့။ Sory Pick မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။
အခုအချိန်ဟာ တစ်ကမ္ဘာလုံး ကိုဗစ်ကပ်ရောဂါဘေးကို ရင်ဆိုင်ကြုံတွေ့နေရတဲ့အချိန်ပါ။ ဒီလိုအချိန်မျိုးမှာ လူတိုင်းလိုက်နာရမယ့် အခြေခံစည်းကမ်း ၃ ချက်ပဲရှိနေပါတယ်။ လူစုလူဝေးရှောင်ရှားဖို့၊ အပြင်သွားတိုင်း mask တပ်ဖို့နဲ့ လက်ကို စက္ကန့် ၂၀ ကြာအောင် ခဏတိုင်းဆပ်ပြာနဲ့ ဆေးဖို့တို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုဆိုရင် ကိုဗစ်ဖြစ်နေတာ ၁ နှစ်တောင် ကျော်လာပြီဆိုတော့ နိုင်ငံတိုင်းလိုလိုဟာ အရင်လို lockdown တွေ၊ ပွဲတွေကို မလုပ်ဖို့ တားမြစ်ထားတာမျိုးတွေ၊ ဆိုင်တွေကို ပိတ်ခိုင်းထားတာမျိုးတွေကို ဖြေလျှော့လိုက်ပြီး new normal စည်းမျဉ်းတွေချမှတ်ရင်း ပိုးနဲ့အတူတူလိုက်လျောညီထွေဖြစ်အောင် နေဖို့ ဆုံးဖြတ်လိုက်ခဲ့ကြပါပြီ။

ဒါကြောင့် ကူးစက်မှုမြင့်မားတဲ့ အိန္ဒိယလိုနေရာမျိုးမှာတောင်မှပဲ မင်္ဂလာဆောင်တွေကို ပြန်လည်ကျင်းပဖို့ခွင့်ပြုလိုက်ခဲ့ပြီပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း မင်္ဂလာပွဲကျင်းပမယ်ဆိုရင်တော့ သတို့သားနဲ့ သတို့သမီးကစလို့ ပွဲထဲမှာ ရှိသမျှလူတိုင်း mask ကိုတော့ မဖြစ်မနေတပ်ရမယ်၊ တစ်ဦးနဲ့တစ်ဦး အနည်းဆံး ၃ ပေစီခွာရမယ်၊ အစားအသောက်တွေကို စနစ်တကျကျွေးမွေးရင်း အကတွေလည်း လူတွေစုမကရဘူးစတဲ့ စည်းမျဉ်းတွေတော့ ရှိနေတာပေါ့။
Gurgaon Cops To Attend Weddings, Check Guests Without Masks, Issue Fine https://t.co/TYoANovySh pic.twitter.com/d9erxHFekl
— NDTV (@ndtv) November 23, 2020
Gurgaon မြို့ရဲ့ မြို့တော်ဝန်ကတော့ ဒီကိစ္စကို တော်တော်လေး ဂရုတစိုက်နဲ့ တင်းတင်းကြပ်ကြပ်ပဲ ကိုင်တွယ်နေခဲ့ပါတယ်။ နောက် မြို့ခံ ရဲတွေကိုလည်း လုပ်ပိုင်ခွင့်ကို အပြည့်အဝပေးထားခဲ့ပါတယ်တဲ့။ မင်္ဂလာပွဲတိုင်းကို ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့ အခြေအနေမှာ မဖိတ်လည်းဘဲ လူတွေအကုန် mask တပ်မတပ်ကို ရှောင်တခင်စစ်ဆေးခွင့်ကို ပေးလိုက်ခဲ့တာပါ။
အကယ်၍ ပွဲထဲမှာရှိနေတဲ့လူတစ်ယောက်ကများ mask မတပ်ထားခဲ့ဘူး၊ လူအယောက် ၅၀ ထက်လည်း ကျော်နေခဲ့မယ်ဆိုရင်တော့ သဘာဝတရားဥပဒေနဲ့ ပွဲစီစဉ်သူတွေအပြင် ကာယကံရှင်ကိုပါ တရားစွဲ ဒဏ်ကြေးဆောင်ခိုင်းတာမျိုးတွေ လုပ်လို့ရနိုင်ပါတယ်တဲ့။
Penny