အချိုရည်သောက်ပြီး အမျိုးသား(၁၂) ဦးရဲ့ သားကောင်ဖြစ်ခဲ့ရရှာတဲ့ ဆယ်ကျော်သက်လေး

အိန္ဒိယနိုင်ငံ မြောက်ပိုင်းက ဘတ်စ်ကားမှတ်တိုင်တစ်ခုမှာ အမျိုးသား(၁၂) ဦးဟာ အသက်(၁၉) နှစ်အရွယ် ဆယ်ကျော်သက်ကောင်မလေးတစ်ဦးကို မူးယစ်ဆေးတွေ တိုက်ကျွေးပြီး အိမ်တစ်လုံးဆီ ခေါ်ဆောင်သွားကာ (၈)နာရီကြာအောင် အဓမ္မပြုကျင့်ခဲ့ပါတယ်။ ယခုအဖြစ်အပျက်ဟာ အိန္ဒိယမှာ ဖြစ်ပွားခဲ့တဲ့ အမျိုးသမီးအကြမ်းဖက်ခံရမှုထဲ နောက်ဆုံးတိုက်ခိုက်မှုဖြစ်ပါတယ်။ ရက်စက်ယုတ်မာတဲ့ အမျိုးသားတွေရဲ့ မုဒိမ်းကျင့်ခံရမှုကြောင့် ၄င်းဆယ်ကျော်သက်ကျောင်းသူ ကောင်မလေးဟာ စကားတောင် သိပ်မပြောနိုင်ရှာတော့ပါဘူး။

Dailymail

ကျောင်းသူလေးကို အဓမ္မကျင့်သူတွေထဲမှာ သူမတို့မိသားစုနဲ့ ရင်းနှီးသူ သုံးဦးပါဝင်ပြီး ထိုထဲက ပန်ကတ်ဂ်ျအမည်ရှိ အမျိုးသားကတော့ စစ်သားတစ်ဦးဖြစ်ပါတယ်။ တစ်နေ့ ထိုကျောင်းသူလေးဟာ ဘတ်စ်ကားမှတ်တိုင်တစ်ခုမှာ ရှိနေစဉ် သူမနဲ့ ရော မိသားစုနဲ့ပါ သိကျွမ်းသူ အမျိုးသားနှစ်ဦး ရောက်လာပြီး သူမကို အချိုရည်တိုက်ခဲ့ပါတယ်။ ထို့နောက် သူမဟာ ဘတ်စ်ကားဂိတ်ကနေ (၂၅)မိုင်လောက် ဝေးတဲ့ အိမ်တစ်အိမ်ဆီ ခေါ်ဆောင်သွားခံရပြီးတဲ့နောက် နောက်ထပ်အမျိုးသားတွေ ထပ်ရောက်လာကြတာ တစ်လှည့်စီ သူမကို အဓမ္မပြူကျင့်ခဲ့ကြကြောင်း The Times of India ကတော့ ဆိုပါတယ်။

READ
လေယာဉ်ပျက်ကျရာတွင်ပါဝင်သည့်ဂိုးသမား ဇနီးကိုဖုန်းခေါ်ခွင့်ရပြီးမှ ဆေးရုံမှာကွယ်လွန်
Dailymail

အဓမ္မပြုကျင့်ပြီးနောက် သူမကို ခေါ်ဆောင်လာရာ ဘတ်စ်ကားမှတ်တိုင်မှာပဲ ပြန်ချထားခဲ့ပါတယ်။ မုဒိမ်းသမားတွေထဲက တစ်ဦးက  သူမကို လာခေါ်ဖို့ ကျောင်းသူလေးအိမ်ကို ဖုန်းဆက်ခဲ့ပါတယ်။ လက်ရှိမှာ အဓမ္မကျင့်ခံရတဲ့ အမျိုးသမီးလေးဟာ ဆေးရုံပေါ်မှာရှိနေပြီး နောက်ကျော၊ ပခုံးနဲ့ မျိုးပွားအင်္ဂါ တွေမှာ ထိခိုက်ဒဏ်ရာပေါင်းများစွာ ရခဲ့ပါတယ်။ သူမရဲ့ မိခင်ဖြစ်သူက “ကလေးက လည်ပင်းလည်း တော်တော်နာနေတယ်။ စကားလဲ မပြောနိုင်သလို ဘာမှလည်း မျိုချလို့ မရဘူး။ ကြည့်ရတာတော့ လူယုတ်မာတွေက သမီးရဲ့လည်ပင်းကို ညှစ်ကိုင်ထားကြပုံရတယ်။” လို့ဆိုပါတယ်။

Dailymail

အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့ (၂၀၁၂)ခုနှစ်ကစပြီး အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ကိစ္စတွေ မကြာခဏဆိုသလို ကြားနေရပါတယ်။ ထိုအချိန်တုန်းကတော့ အစိုးရက မုဒိမ်းမှုဆိုရင် ထောင်ဒဏ်အနှစ်(၂၀)ဆိုပြီး ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အရွယ်ရောက်ပြီး အမျိုးသမီးတွေအပါအ၀င် အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို အဓမ္မကျင့်ကြံ သတ်ဖြတ်မှုတွေက ပိုမိုများပြားလာနေတာကြောင့် ပြီးခဲ့တဲ့ ဧပြီလမှာတော့ အိန္ဒိယအစိုးရက အသက်(၁၂)အောက်ကလေးတွေကို အဓမ္မကျင့်တဲ့ မုဒိမ်းသမားတွေကို သေဒဏ်သတ်မှတ်ပေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ နေ့စဉ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပေါင်း (၁၀၀) ခန့် ရှိကြောင်း သိရပါတယ်။

READ
ဘဲလ်ဂရိတ်မြို့ခံ(၂)သင်းရဲ့ ဒါဘီပွဲမှာ ပါတီဇန်အသင်း ပရိသတ်အချင်းချင်း ခိုက်ရန်ဖြစ်ပွား

လင်းလင်း (ShweMom)

Ref: Dailymail

SHARE