အဖြေလွှာမှာအမှားကအစ တသွေမသိမ်းတူနေခဲ့ကြတဲ့ အိန္ဒိယကျောင်းကဖြစ်ရပ်တစ်ခု

Wikimedia Commons

အိန္ဒိယရဲ့ စာသင်ကျောင်းနဲ့ တက္ကသိုလ်တွေမှာ အခုနောက်ပိုင်း စာခိုးချမှုတွေ အကြီးအကျယ်ကို ဖြစ်နေခဲ့ကြပါတယ်။ ဒီအထဲကမှ ပြောစမှတ်တွင်သွားစေတဲ့ ဖြစ်ရပ်တစ်ခုကတော့ Gujarat ပြည်နယ်မှာ ဖြစ်သွားခဲ့တယ်ဆိုပြီး Story Pick မှာ ဖော်ပြထားခဲ့ပါတယ်။ ဒါကတော့ Gujarat ပြည်နယ်မှာ ပြုလုပ်တဲ့ စာမေးပွဲတစ်ခုမှာ ကျောင်းသားပေါင်း ၉၅၉ ယောက်ရဲ့ အဖြေဟာ တသွေမတိမ်း စာလုံးတိုင်း တူညီနေခဲ့တာပါ။

F1Digitals/Pixabay

ဒီအဖြစ်အပျက်ဟာ အိန္ဒိယတစ်ပြည်လုံးကကျောင်းတွေအတွက်တော့ သမိုင်းတွင်စေမယ့်ဖြစ်ရပ်တစ်ခုလို ဖြစ်သွားခဲ့ပါတယ်။ Gujarat ပြည်နယ်ရဲ့ အလယ်တန်းနဲ့အထက်တန်း ကျောင်းတစ်ကျောင်းမှာဆိုရင် အတန်းတင်စာမေးပွဲ မေးခွန်းတစ်ခုရဲ့ အဖြေကို ကျောင်းသားအယောက်ပေါင်း ၂၀၀ လောက်ကနေပြီး အမှားပါမကျန် အားလုံးတစ်ထပ်တည်းဖြေထားခဲ့ကြတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

ဖြစ်ပုံကတော့ကျောင်းသားတွေကတော့ Gujarat ရဲ့ Junagadh နဲ့ Gir-Somnath ကျောင်းက ကျောင်းသားအယောက် ၂၀၀ လောက်ဟာ စာစီစာကုံးကဏ္ဍမှာ “Dikri Ghar Ni Divdi” ဆိုတဲ့ စာစီးစာကုံးကို ခေါင်စဉ်တင်မဟုတ်ဘဲ အထဲက စာပိုဒ်တွေထဲက စာလုံးတွေပါမကျန် အကုန်လုံးထပ်တူကျနေခဲ့တာပါ။ ဒီအပြင်ကိုမှ စာလုံးပေါင်းအမှားတွေလည်း တစ်ထပ်တည်းတွေ တူနေသေးပြန်တော့ ပညာရေးဌာနအနေနဲ့ စဉ်းစားစရာတစ်ခုဖြစ်သွားခဲ့ပါတယ်။

READ
မိနစ်(၄၀)သာဆုံဖူးတဲ့ အဘိုးအိုနဲ့ ဇိမ်ခံသင်္ဘောခရီးအတူထွက်သွားခဲ့တဲ့အဖွားအို
Wikimedia Commons

သူတို့နိုင်ငံတွေမှာက စာစီစာကုံးတို့ အက်ဆေးတို့ဟာ နှုတ်တိုက်ကျက်ပြီးဖြေရတာမျိုးမဟုတ်ဘဲနဲ့ ကိုယ့်အတွေးအမြင်နဲ့ကိုယ်ရေးရတာဖြစ်လို့ အကြောင်းအရာတွေ တူနေရင်တောင်မှပဲ အထဲကစာကြောင့်နဲ့ စာလုံးတွေကတော့ လုံးဝတူစရာအကြောင်းကို မရှိပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး Gujarat ကပညာရေးဌာနကတော့ စာမေးပွဲရလဒ်တွေထုတ်ဖို့ ၂၀၂၀ အစောပိုင်းထိ ရပ်ဆိုင်းထားခဲ့ပြီး ခိုးချတယ်လို့ ယူဆရတဲ့ကျောင်းသားတွေကို သေသေချာချာစီစစ်ပြီး စာမေးပွဲချသွားမယ်လို့တော့ GSHSEB (Gujarat Secondary and Higher Secondary Education Board) မှ ထုတ်ပြန်ထားပါတယ်။

Penny

SHARE