မျှစ်နဲ့ဖန်တီးထားတဲ့ ကွတ်ကီးမုန့်တွေကို ကိုယ်တိုင်ထုတ်လုပ်ခဲ့တဲ့ အိန္ဒိယပြည်နယ်ဝန်ကြီးချုပ်

[email protected]

မျှစ်ဆိုတဲ့ အရာက ဝါးပင်ကနေရရှိလာတဲ့ အစားအစာတစ်ခုပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်း သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းကာကွယ်ရေး အဖွဲ့အစည်းတော်တော်များများမှာ ပလပ်စတစ်ဗူးတွေအစား ဝါးနဲ့ပြုလုပ်ထားတဲ့ ဗူးလေးတွေကို တဖြည်းဖြည်း ကျယ်ပြန့်စွာ အသုံးပြုလာကြပြီး ပြည်သူလူထုတွေကိုလည်း အသိပညာဗဟုသုတတွေ ပေးဝေလျက် ရှိပါတယ်။ မကြာသေးခင်အချိန်တုန်းကလည်း အိန္ဒိယနိုင်ငံရှိ ပြည်နယ်ဝန်ကြီးချုပ်တစ်ဦးဟာ မျှစ်နဲ့ ပြုလုပ်ထားတဲ့ ကွတ်ကီးမုန့်တွေကို ကိုယ်တိုင်ထုတ်လုပ်ခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဆိုပါ ဝန်ကြီးချုပ်ကတော့ အိန္ဒိယနိုင်ငံ၊ Tripura ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ဖြစ်သူ Shri Biplab Kumar Deb ပဲ ဖြစ်ပါတယ်။ Shri ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့(တစ်ကမ္ဘာလုံးဆိုင်ရာဝါးပင်များနေ့)မှာ သူကိုယ်တိုင်ပြုလုပ်ထားတဲ့ မျှစ်ကွတ်ကီးတွေကို တရားဝင်မိတ်ဆက်အသိပေးခဲ့တဲ့အပြင် သူကိုင်တိုင်ပြုလုပ်ထားတဲ့ ဝါးပုလင်းတွေကိုပါ မိတ်ဆက်ပေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် မျှစ်နဲ့ပြုလုပ်ထားတဲ့ ကွတ်ကီးဟာဆိုရင်လည်း တော်တော်လေးစားလို့ကောင်းသလို ကိုယ်ခံအားကောင်းစေတဲ့ ဓာတ်တွေအများကြီးပါဝင်ကြောင်း သိရပါတယ်။

READ
မျက်နှာကိုလက်သီးနဲ့ အထိုးခံရတဲ့အပြင် ရန်စပျိုးလို့ဆိုပြီး ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ အမျိုးသမီး

 

“မျှစ်ကို လူတော်တော်များများက မစားကြပါဘူး။ သူ့ချည်းပဲစားရင် ဘာအရသာမှ မရှိလို့ပဲ ဖြစ်ပါတယ်။ မျှစ်မှာ ဗီတာမင်ဓာတ်နဲ့ ပရိုတိန်းဓာတ်များစွာပါဝင်ပါတယ်။ ဒါ့အပြင် phosphorus, copper, zinc, magnesium နဲ့ calcium ဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ပြီးတော့ ကျွတ်ကီးလုပ်တဲ့နေရာမှာလည်း မျှစ်ကို အရည်ဖျော်ပြီး ဂျုံနယ်သေသေချာချာနယ်ကာ သဘာဝအတိုင်းပြုလုပ်ခဲ့တဲ့ မျှစ်ကွတ်ကီးပဲ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာဆိုရင်တော့ ကျွန်တော်တို့ လူသားတွေဟာ ကိုယ်ခံအားကောင်းဖို့ တော်တော်လေး လိုအပ်ပါတယ်” လို့ Shri က ပြောကြားခဲ့ပါတယ်။

READ
ဝေဖန်မှုတွေကို ထူခြားတဲ့ အပြုအမူနဲ့ တုံ့ပြန်ခဲ့တဲ့ သြဇီ အမျိုးသမီးအမတ်

Pyi Hein Kyaw

SHARE