သရဲဟန်ဆောင်ပြီး လူတွေကိုစနောက်ခဲ့တဲ့ YouTuber ရဲ့ ရဲအဖမ်းခံရတဲ့အဖြစ်

YouTube-Kooky Pedia

YouTuber တွေဆိုတာ social media platform တွေ ပေါ်လာပြီးနောက်ပိုင်း တစ်ပါတည်းပေါ်ပေါက်လာခဲ့ကြသူတွေလို့ ဆိုနိုင်ပါတယ်။ နောက်တော့ လူတွေကိုစနောက်တဲ့ဟာတွေကို ဗီဒီယိုရိုက်ထားတဲ့ prank တွေပေါ်လာခဲ့တယ်ပေါ့။ ဟိုနေ့ကတော့ prank အလုပ်ကောင်းတဲ့ YouTuber ကျောင်းသားတစ်ယောက်နဲ့ သူငယ်ချင်းတစ်သိုက်ကတော့ အဖမ်းခံခဲ့ရတယ်ဆိုပြီး The Indian Express မှာ ဖော်ပြထားခဲ့ပါတယ်။ ဖြစ်ပုံကတော့ ဒီဗီဒီယိုထဲက အတိုင်းပါပဲ။

YouTube-
Kooky Pedia

ပြီးခဲ့တဲ့ တနင်္လာနေ့ညတုန်းက အိန္ဒိယနိုင်ငံရဲ့ Bengaluru နားတစ်ဝှက်မှာ ဆံပင်စုတ်ဖွား၊ ဝတ်စုံအဖြူကြီးကိုဝတ်ပြီး တွေ့သမျှလူတွေကို လိုက်လံခြောက်လှန့်နေခဲ့ပါတယ်။ ညကြီးမင်းကြီး ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် ဘာကောင်ကြီးလဲ၊ တကယ်သရဲခြောက်တာလားဆိုပြီး ထင်မှတ်ရလောက်မယ့်အခြေအနေမျိုးပါ။ Kooky Pedia ဆိုတဲ့ YouTube channel အတွက် ကောလိတ်ကျောင်းသား ၇ ဦးကနေပြီး လမ်းသွားလမ်းလာတွေကို prank လုပ်နေခဲ့တာပါ။

လာနေတဲ့ကားတွေပေါ်ကို ခုန်တက်လိုတက်၊ လမ်းသွားလမ်းလာတွေကို ခြောက်လှန့်လိုခြောက်လှန့်နဲ့မလို့ တစ်ဖက်ကပြန်တွေးကြည့်မယ်ဆိုရင် တော်တော်လေးကို အန္တရာယ်ရှိတဲ့အနေအထားတစ်ခုပါ။ ကားတွေကိုပါ ခြောက်လှန့်အတွက်ကြောင့် ယာဉ်တိုက်မှုတွေဖြစ်နိုင်သလို လမ်းလျှောက်လာတဲ့လူတွေကလည်း အကြောာက်လွန်ပြီးထွက်ပြေးတဲ့အခါ ကားတိုက်မိတာတွောတွေဖြစ်နိုင်လို့ပါပဲ။

READ
အိမ်ခေါင်မိုးထဲမှာ ကိုယ်လုံးကြီးဆန့်ထုတ်ပြီး အေးအေးလူလူအိပ်နေတဲ့ ဧရာမမြွေကြီး

ဒါကတော့ သူတို့ prank လုပ်တဲ့ ဗီဒီယိုပါ။ ဗီဒီယိုထဲမှာလည်း ကားအသွားအလာတွေ ဘယ်လောက်မျးလဲဆိုတာ မြင်ကြမှာပါ။

ဒါကြောင့် ညတွင်းချင်းမှာပဲ သက်ဆိုင်ရာရဲဌာနကနေပြီး prank လုပ်နေခဲ့တဲ့ ကျောင်းသားတွေကို အများပြည်သူထိတ်လန့်စေမှု၊ အနှောက်အယှက်ပေးမှု၊ လူစုလူဝေးရှိနေမှု၊ အဓိက အပေါ်မှာ ပြောခဲ့သလို ယာဉ်မတော်တဆဖြစ်နိုင်ခြေရှိနေတာကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပါတော့တယ်။ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့သူတွေကတော့ Shaan Malik, Naveed, Sakib, Syed Nabil, Yusif Ahmed, Sajil Mohammed, နဲ့ Mohammed Ayub တို့ဖြစ်တယ်လို့သိရပါတယ်။

အချုပ်ထဲ တစ်ညနေခိုင်းခဲ့ပြီးနောက်တစ်ရက်မှာတော့ နောက်တစ်ခါအခုလိုမျိုး prank မလုပ်တော့ပါဘူးဆိုတဲ့ ခံဝန်ထိုးခိုင်းခဲ့ကာ အုပ်ထိန်းသူတွေထံ အပ်နှံခဲ့ပါတယ်တဲ့။

Penny

 

SHARE