အိန္ဒိယသူတွေသုံးတဲ့ ဆံပင်အရှည်မြန်စေတဲ့ နည်းလမ်း (၅)မျိုး

အိန္ဒိမင်းသမီးအများကို ကြည့်မယ်ဆိုရင် ဆံကေသာက နက်မှောင်သန်စွမ်းသလို အုံလည်း ထူပြီး တော်တော်လေးကြည့်ကောင်းတာကို တွေ့ရပါတယ်။အိန္ဒိယ သူတွေ ဆံကေသာ လှပနေရတဲ့ နောက်ကွယ်မှာ အကြောင်း အရင်းရှိပါတယ်။ သူတို့ ရဲ့ ဆံကေသာ ထိန်းသိမ်းနည်းရှိပါတယ်။အဲ့ဒါကတော့ ..

(၁)ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဟာ မျက်နှာအတွက် တင်မဟုတ်ပါဘူး။ဆံပင် အတွက်လည်း အစွမ်းထက်တဲ့ ဆေးကောင်း တစ်လက်ပါ။ဆံပင် အ ရှည် မြန်ချင်ရင်တော့ ရှားစောင်းလက်ပတ်ကို သုံးပါ။အရင် ဆုံး ရှား စောင်းလက်ပတ်ကို ယူပါ။အရွက်တွေကို ဖြတ်တောက်ပါ။(သို့) အထဲက ဂျဲလ်ကို ခြစ်ထုတ်ပါ။အဓိက ကတော့ အရည်ပျစ်ပျစ်လေး ဖြစ်အောင် လုပ်ပေးရမှာပါ။ပြီးရင်တော့ အဲ့ဒီအရည်ကို ဆံပင် အမြစ်နဲ့ ဦးရေပြားကို လိမ်းပေးပါ။လိမ်းရင်လည်း ဦးရေပြားကိုပါ နှိပ်နယ်ပေးပါ။ ဒီနည်းကို သုံးရင်တော့ ဦးရေပြားကို သွေးလှည့်ပတ်မှု အထူးကောင်း မွန်စေပါတယ်။နှစ်နာရီ(သို့)တစ်နာရီလောက် ကြာအောင် ထားပါ။ ပြီးရင်တော့ ရေနဲ့ ဆေးချပါ။

(၂)ရေအေး

ရေအေးဟာ ဦးရေပြားမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်သွားပြီး သွေး လှည့် ပတ်မှု ကောင်းစေပါတယ်။ဆံပင်အရှည် မြန်စေ၊ဆံပင် တောက် ပ စေတဲ့ နောက်တစ် နည်းပါ။ခေါင်းကို ပုံမှန်အတိုင်းပဲ လျှော်ပါ။ conditioner or a mask တစ်ခုခု သုံးပြီးရင်တော့ ဆံပင်ကို ပုံမှန် သုံးနေကျ ရေမဟုတ်ပဲ ရေအေးကို သုံးပြီး လောင်းချ၊လျှော်ပေးပါ။

READ
အစ်မရှိတဲ့ပျိုမေတွေပဲ ခံစားရမယ့် ကောင်းကျိုးများ

(၃)ပန်းသီးရှာလကာရည်

conditioner အစား ပန်းသီးရှာလကာရည်ကို သုံးကြည့်ပါ။ခေါင်း လျှော်နဲ့ တော့ပြန်လျှော်ပစ်ဖို့ မလိုပါဘူး။ပန်းသီး ရှာလကာရည်က အနံ့ မပြင်းပါဘူး။

(၄)ကြက်ဥအနှစ်

အကာကို ဖယ်ပြီး ကြည်ဥ အနှစ်ကိုပဲ သုံးရမှာပါ။ဆံပင်ရဲ့ အရင်း (အမြစ်) ကို လိမ်းပေးပါ။ပြီးရင်တော့ ရေချိုးရင်သုံးတဲ့ ခေါင်းစွပ်လေးနဲ့ နာရီဝက်လောက် စွပ်ပါ။ပြီးမှ ပြန်လျှော်ပစ်ပါ။

(၅)ဆံပင်အားဖြစ်စေမယ့် အဆီ

Jojoba, မက်မွန်၊လာဗင်ဒါ၊ rosemary, နဲ့ စမုန်ဖြူ အဆီတို့ ကို သုံးပါ။ဆံပင်ရဲ့ မွှေးညင်းပေါက်တွေ အတွက် အကျိုးရှိစေပါတယ်။ အဲ့ဒီ အဆီတွေထဲက တစ်မျိုးမျိုးကို အုန်းဆီနဲ့ရောပါ။ပြီးရင် ဆံပင်အ ရင အမြစ်)ကို လိမ်းပေးပါ။(၂)နာရီ(၃)နာရီကြာအောင် ထားပါ။ပြီး ရင်ေ တာ့ ပုံမှန် အတိုင်းပဲ ရှန်ပူကို သုံးပြီး ခေါင်းလျှော်ပေးပါ။

READ
၁၉၇၀ ခုနှစ်ဝန်းကျင်က စုံတွဲတွေ ဘယ်လို couple အင်္ကျီတွေဝတ်ပြီး ရိုမန်တစ်ဆန်ခဲ့ကြလဲ..

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင်
ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး
များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်
ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Ref;brightside

SHARE