မိကျောင်းကို အိမ်မွေးတိရစ္ဆာန်လို မွေးထားတဲ့ (၃) နှစ်အရွယ် အင်ဒိုကလေးမလေး

အင်ဒိုနီးရှားနိုင်ငံက အသက်() နှစ်အရွယ် ရာနီမဟာရာနီအမည်ရတဲ့ ကလေးမလေးဟာ မိကျောင်းတစ်ကောင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားပါတယ်။ မိကျောင်းဟာ () ပေ() လက်မရှိပါတယ်။ ရာနီဟာ မိကျောင်းကို အမြီးကနေ ဆွဲကာ သွားလာတတ်ပြီး ဒီမိကျောင်းနဲ့ပဲ အတူတူဆော့၊ အတူတူရေချိုးလေ့ ရှိပါတယ်။

EBE
EBE

သူမကို ဓာတ်ပုံရိုက်ပေးတဲ့ ဓာတ်ပုံဆရာ အီခိုကတော့ ကောင်မလေးဟာ မိကျောင်းကို အရုပ်တစ်ရုပ်လို သဘောထားပြီး ဆော့ကစားနေတယ်လို့ ပြောပြပါတယ်။ မိကျောင်းကတော့ မိသားစု မိတ်ဆွေတစ်ယောက်ဆီကနေ ရရှိတာ ဖြစ်ပါတယ်။ ကောင်မလေးက ခုလို မိကျောင်းနဲ့ တရင်းတနှီးဆော့နေပေမယ့် မိသားစုကတော့ သူမအတွက် စိတ်ပူပန်တာမျိုး မရှိဘူးလို့လည်း သိရပါတယ်။

EBE
EBE

ရာနီရဲ့ ဖခင်ဖြစ်သူ စင်းဟရုကတော့ ရာနီ့အနေနဲ့ အနာဂတ်မှာလည်း တိရစ္ဆာန်တွေကို မကြောက်တတ်တဲ့စိတ်ကို ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ကြောင်း ဆိုပါတယ်။ ရာနီတို့ မိသားစုဟာ တောရိုင်းတိရစ္ဆာန်တွေကို ခင်တွယ်တတ်တဲ့ မိသားစုဖြစ်ပါတယ်။ သူမတို့ အိမ်ထဲမှာ မိကျောင်းအပြင် စပါးအုံး၊ ကြက်တူရွေး၊ မျောက်တစ်ကောင်နဲ့ ကင်းမြီးကောက်တွေလည်း မွေးထားကြောင်း သိရပါတယ်။

EBE

လင်းလင်း (ShweMom)

READ
ဆူရှီလိုလို ဂျယ်လီလိုလို ပုံစံရှိတဲ့ ပင့်ကူတစ်မျိုး သြစတေးလျနိုင်ငံမှာတွေ့ရှိ

Ref: theSun

SHARE