အင်ဒိုနီးရှားတံငါသည်တစ်ဦးဟာ လတ်တလောသတင်းတစ်ခုဖြစ်တဲ့ ခရီးသည်၆၂ဦးပါ လေယာဉ်အမှတ် ၇၃၇ ပင်လယ်ထဲထိုးကျခဲ့ပုံကို တွေ့မြင်လိုက်ရတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ Sriwijaya Air ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာကနေ စတင်ထွက်ခွာပြီး ၄မိနစ်အကြာမှာ ထိန်းချုပ်ခန်းနဲ့အဆက်အသွယ်ပြတ်သွားခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ဟာ ဂျကာတာကနေ ပွန်တီယာနက်မြို့ကို ပျံသန်းဖို့ ရည်ရွယ်ခဲ့တာပါ။
၎င်းလေယာဉ်ပျက်ကျမှုကို ဆိုလီဟင်းအမည်ရတဲ့ တံငါသည်တစ်ယောက်က ကိုယ်တွေ့တွေ့မြင်ခဲ့တာဖြစ်ပြီး သူက အခုလိုဆိုပါတယ်။ “လေယာဉ်က လျှပ်စီးလက်သလိုပဲ ပင်လယ်ထဲထိုးကျပြီး ရေထဲမှာပေါက်ကွဲသွားတာ။ ကျွန်တော်တို့နဲ့ တော်တော်လေးနီးတယ်။ အစအနတွေက ကျွန်တော့်သင်္ဘောနားတောင် ရောက်ခါနီးတယ်။”
ရေတပ်အရာရှိ Abdul Rasyid ကတော့ ကိုသြဒိနိတ်တွေကိုရှာဖွေတွေ့ရှိပြီဖြစ်တဲ့အတွက် ပျောက်ဆုံးနေတဲ့လေယာဉ်ကိုရှာဖွေဖို့ ရေတပ်သားအမှုထမ်းတွေကိုတာဝန်ပေးထားပါတယ်။ လေယာဉ်ဟာ တစ်မိနစ်အတွင်း အမြင့်ပေ ၁သောင်း (မီတာ ၃ထောင်) ကနေ ပြုတ်ကျခဲ့တယ်လို့ ယုံကြည်ရပါတယ်။ လောလောဆယ်တော့ လေယာဉ်အပိုင်းအစတွေတွေ့ရတဲ့နေရာတွေမှာ လိုက်ရှာနေပါတယ်။
လေယာဉ်တွေရဲ့ခရီးလမ်းကြောင်းကို ခြေရာကောက်ရတဲ့ Flightrader24.com ကတော့ Sriwajiya လေယာဉ်အမှတ် SJ182 ဟာ ဂျာကာတာကနေထွက်ပြီးပြီးချင်း ၄မိနစ်အကြာ အမြင့်ပေ ၁သောင်းကနေ တစ်မိနစ်အတွင်း အောက်ကိုပျက်ကျခဲ့တယ်လို့ ဆိုပါတယ်။ လေယာဉ်ထဲမှာတော့ ကလေး ၇ယောက်နဲ့ လသားအရွယ်ကလေး ၃ယောက် အပါအဝင် ခရီးသည်အယောက်၅၀နဲ့ လေယာဉ်အမှုထမ်း ၁၂ယောက်ပါရှိပါတယ်။
Sriwijaya Air flight #SJ182 lost more than 10.000 feet of altitude in less than one minute, about 4 minutes after departure from Jakarta.https://t.co/fNZqlIR2dz pic.twitter.com/MAVfbj73YN
— Flightradar24 (@flightradar24) January 9, 2021
လေယာဉ်ပျက်ကျမှုထဲပါရှိသွားတဲ့ လူတွေရဲ့မိသားစုဝင်တွေကတော့ ပွန်တီယာနက်လေဆိပ်မှာ စောင့်နေခဲ့ကြတာဖြစ်ပါတယ။် လူတစ်ယောက်ကတော့ “လေယာဉ်ပေါ်မှာ ကျွန်တော့်မိသားစု ၄ယောက်ပါလာတယ်။ ကျွန်တော့်မိန်းမနဲ့ ကလေး၃ ယောက်။ ဒီနေ့တောင် ကလေးဓာတ်ပုံကို ကျွန်တော့်မိန်းမက ကျွန်တော့်ဆီပို့သေးတယ်။ ကျွန်တော့်ရင်ဘတ်တစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ မဖြစ်ဘဲ ရှိရမလား။” ဆိုပြီး ဝမ်းနည်းစွာနဲ့ သတင်းထောက်ကို ပြောခဲ့ကြောင်း ladbible သတင်းအရ သိရပါတယ်။
ShweMom