ဆပ်ပြာတွေစားပြရင်း နာမည်ကြီးလာတဲ့ အင်ဒိုမလေး၊ သြစတေးလျကောင်လေးနဲ့ ချစ်သူဖြစ်ခွင့်ရ

Instagram/HelenJunet

အင်ဒိုနီးရှားလူမှုကွန်ရက်မှာ ဆပ်ပြာတွေစားပြရင်း နာမည်ကြီးလာတဲ့ အင်ဒိုအမျိုးသမီးငယ်တစ်ဦးဟာ အခုအခါမှာတော့ နိုင်ငံခြားလူမျိုးခြားတစ်ဦးနဲ့ ချစ်ကြိုးသွယ်နိုင်ခဲ့ပြီမို့၊ သူမကို မနာလိုတိုရှည်သူတွေ ပေါလာပြီလို့ ကာယကံရှင်က ဖွင့်ဟခဲ့ပါတယ်။ သူမဟာ ဆပ်ပြာတံဆိပ်အမျိုးမျိုးကို လျှက်ပြရင်း၊ Reveiw ပြန်ပေးတဲ့အလုပ်နဲ့ ဆယ်လီဖြစ်လာခဲ့သူပါ။

သူမရဲ့အမည်ကတော့ Helen Junet ဖြစ်ပြီး၊ အခုဆိုရင် သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမှာ ချစ်သူနဲ့ ပျော်နေပါတယ်။ မကြာသေးခင်ကပဲ သူမရဲ့ Ratu Kuman အမည်ရ တွစ်တာအကောင့်ကနေ ချစ်သူအမျိုးသားနဲ့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပြန်လည်မျှဝေခဲ့ပါတယ်။

 

ဒါပေမယ့် မျှော်လင့်မထားတာက သူမရဲ့ ပို့စ်တွေအောက်မှာ မနာလိုဝန်တိုစွာနဲ့ အမုန်းစကား လာပြောသူတွေကို ကြုံခဲ့ရတာပါဘဲ။ သူမက ဘာလို့ လူတွေက ဒီလောက် အမုန်းတရားတွေကို လက်ခံတာ လျှင်မြန်နေရတာလဲဆိုတာကို စဉ်းစားနေမိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီအမုန်းတရားတွေက သူမကို မကျရှုံးစေပါဘူးလို့လည်း သူမက ပြောပါတယ်။

 

 

View this post on Instagram

 

A post shared by ISTRI IDAMAN PARA PERJAKA (@helenjunet) on

တစ်ချို့ကတော့ ရည်းစားရသွားမှာ အင်ဒိုအမျိုးသမီးတွေဝတ်လေ့ရှိတဲ့ ဦးခေါင်းခြုံပဝါကို ဖယ်ပစ်လိုက်တာကို အပြစ်လုပ် ပြောနေကြပါတယ်။ Helen ကတော့ ဒီမှတ်ချက်တွေနဲ့ပတ်သက်ပြီး ဘာမှ မတုန့်ပြန်ခဲ့ပါဘူး။ တစ်ချို့ကတော့ လူမျိုးရေး ခွဲခြား ချိုးနှိမ်တဲ့ မှတ်ချက်တွေ ရေးသားခဲ့တယ်လို့ သိရပါတယ်။

လင်းသူရိန်

SHARE