အခုဆိုရင် ကိုဗစ်ကာကွယ်ဆေးတွေကို နိုင်ငံတော်တော်များများမှာ စတင်ထိုးနေခဲ့ကြပြီဖြစ်ပါတယ်။ အခုလည်း အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးထိုးမှုတွေကို စတင်နေခဲ့ပြီပဲဖြစ်ပါတယ်။
View this post on Instagram
အင်ဒိုနီးရှားနိုင်ငံအတွက် ပထမဆုံးသော ကာကွယ်ဆေးကိုတော့ သမ္မတဖြစ်တဲ့ Jiko Widodo က အထိုးခံခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီနေ့တုန်းက သမ္မတဆေးထိုးနေတဲ့ပုံရိပ်တွေကို မီဒီယာတိုင်း၊ ရုပ်သံလိုင်းတိုင်းက တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်နဲ့ကို ထုတ်လွှင့်နေခဲ့တာပါ။
တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ပြီးတော့ ပြည်သူတွေဟာ ကိစ္စတစ်ခုကို သတိထားမိခဲ့ပါတယ်။ အဲဒါကတော့ သမ္မတကို ဆေးထိုးပေးနေတဲ့ ဆရာဝန်ရဲ့ လက်တွေပါ။ ဆရာဝန်ဟာလည်း နယ်နယ်ရရမဟုတ်ဘဲ သမ္မတအိမ်တော်ကိုတာဝန်ယူရတဲ့ ဆရာဝန်ကြီး Dr. Abdul Muthalib ပဲဖြစ်ပါတယ်။ သမ္မတနဲ့ နီးနီးကပ်ကပ်ရှိနေခဲ့ပေမယ့်လည်း လက်တွေတုန်နေခဲ့တာ ဘာကြောင့်လဲဆိုပြီး ထင်နေကြမှာပါ။ အကြောင်းရင်းကတော့ ဒီလိုပါတဲ့။

ဆရာဝန်ကြီးဟာ ဆေးပညာပိုင်းဆိုင်ရာမှာ ကျွမ်းကျင်လှပေမယ့်လို့ သမ္မတကိုဆေးထိုးတုန်းက ရှိသမျှ ကင်မရာတွေက ချိန်ထားပြီး တစ်နိုင်ငံလုံးကလည်း ကြည့်နေတယ်ဆိုတဲ့ အသိကြောင့် စိတ်တွေလှုပ်ရှားပြီး လက်တွေတုန်နေခဲ့တာပါ။ ဒါပေမဲ့ ဘာပြဿနာမှတော့မရှိခဲ့ပါဘူး။
— dwiki aprinaldi (@dwikiaprinaldi) January 13, 2021
အင်ဒိုနီးရှားနိုင်ငံဟာ လက်ရှိအချိန်မှာ အတည်ပြုလူနာပေါင်း ၈ သိန်း ၄ သောင်းကျော်ရှိနေပါတယ်။ ကာကွယ်ဆေးတွေကိုတော့ အခုပေါင်း သန်း ၃၀၀ အထိ ဝယ်ယူထားပြီဖြစ်တယ်လို့ Channel News Asia မှာ ဖော်ပြထားပါတယ်။
penny