(၂၀၂၁) ခုနှစ် ဇန်န၀ါရီလ(၁၄)ရက်နေ့က အင်ဒိုနီးရှားနိုင်ငံရဲ့ ပထမဆုံးသော ကိုဗစ်ကာကွယ်ဆေးထိုးတဲ့အစီအစဉ်ကို စတင်ခဲ့ပါတယ်။ ပထမဆုံးကတော့ သမ္မတကြီးကို ကာကွယ်ဆေးထိုးပေးခဲ့တာပဲဖြစ်ပါတယ်။ နိုင်ငံတကာမှာက သမ္မတနဲ့ သမ္မတအိမ်တော်ပြီးတာနဲ့ ဆေးဝန်ထမ်းတွေကို ဦးစားပေးပြီး ကာကွယ်ဆေးထိုးပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အင်ဒိုနီးရှားမှာတော့ အဲဒီလိုမဟုတ်ပါဘူး။
တစ်ကမ္ဘာလုံးရဲ့ လုပ်ထုံးလုပ်နည်းနဲ့ သွေဖယ်ပြီးတော့ အင်ဒိုနီးရှားမှာတော့ သမ္မတပြီးတာနဲ့ တစ်ပြိုက်နက်တည်း ကာကွယ်ဆေးထိုးပေးခဲ့တာကတော့ social influencer တွေပဲဖြစ်ပါတယ်။
View this post on Instagram
အွန်လိုင်းဆယ်လီတွေလို့လည်း သိထားကြတဲ့ social influencer တွေထဲမှာမှ Raffi Ahmad ကတော့ ပထမဆုံး ကာကွယ်ဆေးထိုးခွင့်ရခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ကာကွယ်ဆေးကိုတော့ တရုတ်ကုမ္ပဏီတစ်ခုက ထုတ်ထာားခဲ့တဲ့ Sinovac Biotech အမျိုးအစားကို သုံးထားခဲ့တာပါ။ တစ်ကမ္ဘာလုံးမှာ ကာကွယ်ဆေး လိုချင်ကြတဲ့၊ ထိုးချင်ကြတဲ့လူတွေချည်းပဲဖြစ်ပေမယ့်လို့ အင်ဒိုနီးရှားမှာတော့ ကာကွယ်ဆေးထိုးဖို့ ပြဿနာတွေ တက်နေခဲ့ပါတယ်။
View this post on Instagram
View this post on Instagram
ဘာသာရေးအစွဲတွေကြောင့် ကာကွယ်ဆေးမထိုးဖို့ ခေါင်းမာနေကြတဲ့ လူတစ်စုရှိနေခဲ့ပါတယ်။ အဲဒါကြောင့် အရင်ဆုံး သမ္မတကြီး ကာကွယ်ဆေးထိုးပြီးတာနဲ့ social influencer တွေကို တစ်ခါတည်း ထိုးပေးခဲ့တာပါတဲ့။ လူတွေကို လွှမ်းမိုးမှုရှိတဲ့ အွန်လိုင်းဆယ်လီတွေကို ဆေးဝန်ထမ်းတွေထက် အရင် ထိုးပေးခြင်းအားဖြင့် လူတွေရဲ့ ယုံကြည်မှုကိုပိုရပြီးတော့ ကာကွယ်ဆေးထိုးဖို့အတွက်ကိုလည်း တိုက်တွန်းပြီးသားဖြစ်မယ်လို့ ယူဆတဲ့အတွက် အခုလိုလုပ်ခဲ့တာလို့ Next Shark မှာ ဖော်ပြထားခဲ့ပါတယ်။
ဒါပေမဲ့ ပထမဆုံး ကာကွယ်ဆေး ထိုးခွင့်ရခဲ့တဲ့ Raffi Ahmad ဟာ ကာကွယ်ဆေး ထိုးထိုးပြီးချင်းမှာပဲ သူငယ်ချင်းတွေနဲ့ mask မပါဘဲ အပြင်သွားပြီး social distancing လည်း မလိုက်နာဘဲ ပုံတွေတင်ထားခဲ့လို့ လူတွေရဲ့ဝေဖန်မှုကို ခံနေခဲ့ရပါတယ်။ အဲဒီအတွက်ကြောင့် Raffi Ahmad တစ်ယောက် အွန်လိုင်းမှာ တရားဝင်တောင်းပန်ခဲ့ရပါတယ်။
Manteb ya, Raffi Ahmad, teladan bagi jutaan khalayak yang dianggap bodoh oleh pemerintahnya 😌 pic.twitter.com/6hWvaBIDPU
— 👁️🗨️👁️🗨️ (@kopiganja) January 13, 2021
View this post on Instagram
penny