ဆိုရှယ်မီဒီယာအသုံးပြုသူတွေ အံ့အားသင့်ခဲ့ရတဲ့ ဘာမှန်းမသိတဲ့သတ္တ၀ါတစ်ကောင်

Viral Press

အင်ဒိုနီးရှားနိုင်ငံနေ အမျိုးသားတစ်ဦးဟာ အိမ်မျက်နှာကျက်တစ်လျှောက်မှာ တွားသွားနေတဲ့ သတ္တ၀ါတစ်ကောင်ကြောင့် အံ့အားသင့်ခဲ့ရကြောင်း Dailymail သတင်းစာမျက်နှာအရ သိရပါတယ်။ ဟာရီတိုးဆိုသူ အမျိုးသားဟာ ပြီးခဲ့တဲ့လတုန်းကမှ ထူးဆန်းသတ္တ၀ါတစ်ကောင် မျက်နှာကြက်ပေါ်မှာ တွားသွားနေတာကို တွေ့ခဲ့ရတာပါ။ အဲဒီသတ္တ၀ါမှာ အတောင်နှစ်ဖက်ပါတဲ့အပြင် အရှည်မတူတဲ့ လက်ချောင်းတွေသဏ္ဍာန် အတက်အလက် လေးခုလည်း ပါဝင်ပါတယ်။

Youtube/Viral Press

သတ္တ၀ါဟာ ခြေထောက်တွေကို မျက်နှာကြက်မှာ ကပ်တွယ်ထားရင်းနဲ့ အပေါ်အောက် ရွေ့လျားသွားနေခဲ့တာ ဖြစ်ပါတယ်။ အသည်းယားစရာကတော့ တလှုပ်လှုပ်တရွရွ ဖြစ်နေတဲ့ သူ့ရဲ့ အတက်အလက်လေးချောင်းပဲ ဖြစ်ပါတယ်။

ဟာရီတိုးကတော့ သတ္တ၀ါဟာ ညတုန်းက မိုးရွာခဲ့တာကြောင့် မိုးခိုဖို့နေရာရှာရင်း အိမ်ထဲဝင်လာတာ ဖြစ်နိုင်တယ်ဆိုပြီး သုံးသပ်ထားပါတယ်။ သတ္တ၀ါရဲ့ ပုံစံက ထူးဆန်းနေတဲ့အပြင် ရပ်ကွက်နား အိမ်နားမှာလည်း တစ်ခါမှ မမြင်ဖူး၊ မကြုံဖူးတာကြောင့် ဟာရီတိုးက စူးစမ်းနေခဲ့တာ ဖြစ်ပါတယ်။

READ
ပေါင်(၁)သောင်းနဲ့ရောင်းချမယ့် ကမ္ဘာ့အကြီးဆုံးအရုပ်စစ်တပ်လေး

ထူးဆန်းတဲ့ ၄င်းသတ္တ၀ါရဲ့ ဗီဒီယိုဟာ အွန်လိုင်းမှာ ပြန့်နှံ့ခဲ့ပေမယ့်လည်း ဘယ်လိုသတ္တ၀ါဖြစ်တယ်ဆိုတာ သေချာမသတ်မှတ်နိုင်သေးပါဘူး။ အချို့ကတော့ ဗီဒီယိုထဲမှာ တွေ့ရတဲ့ သတ္တ၀ါဟာ Arctiinae ပိုးဖလံမိသားစုဝင်ထဲက ဖလံတစ်မျိုးဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။ သူဟာ အာရှအရှေ့မြောက်ပိုင်းနဲ့ သြစတေးလျဘက်တွေမှာရှိတဲ့ Creatonotos gangis  ဖလံမျိုးနဲ့လည်း ၀ိသေသလက္ခဏာတွေ တူညီတယ်လို့ ဆိုကြပါတယ်။

Youtube/Viral Press

သတ္တ၀ါရဲ့ လက်ချောင်းတွေလို အတက်တွေကတော့ အနံ့ခံအစိတ်အပိုင်းတွေလို့ သိရပါတယ်။ ၄င်းအနံ့ခံအစိတ်အပိုင်းတွေကနေ ဆန့်ကျင်ဘက်လိင်တွေကိုဆွဲဆောင်ဖို့အတွက် ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ ဖီရိုမုန်းတွေကို ထုတ်လုပ်ကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE