လူရာပေါင်းများစွာအတွက် အသက်စတေးခဲ့တဲ့ ဆူနာမီကြားထဲက သူရဲကောင်းလေး

လေယာဉ်အတက်အဆင်း စီမံထိန်းချုပ်ပေးရတဲ့ အင်ဒိုနီးရှားနိုင်ငံမှ လေကြောင်းအမှုထမ်းလေးတစ်ဦးဟာ ဆူနာမီငလျင်အတွင်း လေယာဉ်တစ်စီးပေါ် လိုက်ပါလာကြတဲ့ ခရီးသည်အားလုံးရဲ့ အသက်ကို ဘေးကင်းလုံခြုံစွာ ကယ်တင်နိုင်ခဲ့ပါတယ်။ အသက်(၂၁) နှစ်အရွယ် အန်သိုနီးယပ်စ် ဂူနာဝမ်အဂန်ဟာ ကိုယ့်အသက် ဆုံးရှုံးရမှာကို သိနေပေမယ့် တာဝန်ကို လျစ်လျူရှုခြင်းမရှိဘဲ လေကြောင်းပြတာဝါတိုင်ပေါ်မှာ နေရင်း လေကြောင်းလမ်းညွှန်ခဲ့တာပါ။

icoze_ricochet

ပြီးခဲ့တဲ့ သောကြာနေ့ညက အင်ဒိုနီးရှားနိုင်ငံမှာ လှုပ်ခတ်သွားတဲ့ (၇.၅) အဆင့်ပြင်းအားရှိတဲ့ ငလျင်လှုပ်နေစဉ်အတွင်းမှာ အန်သိုနီးယပ်စ်ဟာ ဆူလာဝေစီကျွန်း ပါလူးမြို့ Mutiara SIS Al-Jufrie လေဆိပ်မှာ တာဝန်ကျနေခဲ့တာပါ။ ထိုအချိန်မှာ Batik Air လေယာဉ်အမှတ် (၆၃၂၁) ဟာ ရာပေါင်းများစွာသော ခရီးသည်တွေကို တင်ဆောင်လာပြီး မြေပြင်ပေါ် ဆင်းသက်ဖို့ ပြင်ဆင်နေတဲ့ အချိန်ပါ။

AirNav Indonesia/ Twitter

ထိုအချိန်မှာ ငလျင်လှုပ်နေတာကြောင့် လေယာဉ်ပြေးလမ်းမကြီးမှာ ပက်ကြားအက်ခဲ့တဲ့အပြင် အန်သိုနီးယပ်စ် အလုပ်လုပ်နေရာ လေကြောင်းပြတာဝါတိုင်ကြီးဟာလည်း စတင်ပြီး လှုပ်ယမ်းလာခဲ့ပါတယ်။ မကြာခင် အဆောက်အဦးက ပျက်စီးတော့မှာ ဖြစ်တာကြောင့် အန်သိုနီးယပ်စ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ အသက်ဘေးလွတ်ရာကို ချက်ခြင်းထွက်ပြေးကြပါတယ်။ ဒါပေမယ့် အန်သိုနီးယပ်စ်ဟာ ထွက်မပြေးဘဲ လေယာဉ်အန္တရာယ်ကင်းကင်း ဆင်းသက်နိုင်အောင် လိုအပ်တဲ့ အချက်ပြမှုတွေကို ကောင်းကောင်းပြုလုပ်ပေးခဲ့ပါတယ်။ အန်သိုနီးယပ်စ်ရဲ့ ရဲရင့်မှုကြောင့် လေယာဉ်အမှတ် (၆၃၂၁) ပေါ်မှာ လိုက်ပါလာကြတဲ့ လေယာဉ်အမှုထမ်းတွေ အပါအ၀င် ခရီးသည်တွေအားလုံးရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

READ
လူတွေရဲ့မလိုလောဘကြောင့် ကျောကုန်းမှာစူပါဂလူးနဲ့ ခြင်းကြီးအကပ်ခံထားရတဲ့လိပ်လေး
Indonesian airnav

လေယာဉ်ဆင်းပြီးတာနဲ့ အန်သိုနီးယပ်စ်ရှိနေရာ တာဝါတိုင်ကြီးဟာ စတင်ပြီး လှုပ်ခါလာခဲ့ပါတယ်။ အန်သိုနီးယပ်စ်ဟာ အဆောက်အဦးရဲ့ အပျက်အစီးတွေကြားထဲမှာ ပိတ်မိသွားမှာ စိုးရိမ်လို့နဲ့ တူပါတယ်။ အပြင်ကို လွတ်အောင်ထွက်ဖို့ တာဝါတိုင်ရဲ့ လေးလွှာပြတင်းပေါက်ကနေ ခုန်ချခဲ့ပါတယ်။ ခုန်ချတဲ့ဒဏ်ကြောင့် အန်သိုနီးယပ်စ်ဟာ အတွင်းအင်္ဂါတွေ ထိခိုက်အနာတရဖြစ်ပြီး ခြေတစ်ဖက်လည်း ကျိုးသွားခဲ့ပါတယ်။

EPA

ဆေးရုံအမြန်ပို့ပေးခဲ့ပေမယ့် အန်သိုနီးယပ်စ်ဟာ ပြုတ်ကျဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် အန်သိုနီးယပ်စ်ရဲ့ သေဆုံးမှုက အလဟဿတော့ မဖြစ်ခဲ့ပါဘူး။ သူ့ရဲ့  မြင့်မြတ်တဲ့ စိတ်ထားဟာ လူရာပေါင်းများစွာရဲ့ အသက်ကို ကယ်တင်ပေးခဲ့ပါတယ်။ အန်သိုနီးယပ်စ်ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့စိတ်ကို အသိအမှတ်ပြုတဲ့အနေနဲ့ လေကြောင်းဌာနက အကြီးအကဲတွေက သူ့ကို ရာထူးအဆင့်(၂) ဆင့် တိုးပေးခဲ့ပါတယ်။ သူရဲကောင်းလေး အန်သိုနီးယပ်စ်ဟာ ၄င်းရဲ့ အသက်(၂၂) နှစ်ပြည့်မွေးနေ့မတိုင်ခင် တစ်လအလိုမှာ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ စိတ်မကောင်းဖွယ် သိရပါတယ်။

AirNav_official

လင်းလင်း (ShweMom)

READ
ဘရာဇီးလ်မှာ ရပ်ကွက်ထဲ ဘောလုံးလေ့ကျင့်နေသူတွေကို သေနတ်နဲ့ပစ်လို့ (၆)ဦးသေဆုံး

Ref: Dailymail, unilad

SHARE