ကိုဗစ်ကိုရှောင်ဖို့ လေယာဉ်တစ်စီးလုံး ဘွတ်ကင်လုပ် ငှားရမ်းခဲ့တဲ့ အင်ဒိုအမျိုးသား

instagram/richardmuljadi

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့နေ ခေတ်ဆန်တဲ့အသိုင်းအဝိုင်းက အမျိုးသားတစ်ယောက်ဟာ ကိုဗစ်ကြိုတင်ကာကွယ်ရေးကို အဆုံးစွန်ထိပြုလုပ်ခဲ့ပါတယ်။ သူဟာ သူကိုယ်တိုင်နဲ့ ဇနီးသည်ဖြစ်သူကို Covid-19 ကနေ ကာကွယ်ဖို့အတွက် လေယာဉ်တစ်စင်းလုံးငှားရမ်းခဲ့ကြောင်း worldofbuzz သတင်းစာမျက်နှာအရ သိရပါတယ်။

 

View this post on Instagram

 

A post shared by Richard Muljadi (@richardmuljadi)

သူ့နာမည်က Richard Muljadi ဆိုသူပါ။ သူဟာ ဇန်နဝါရီလ ၄ရက်နေ့မှာတော့ လူမရှိတဲ့လေယာဉ်ထဲမှာ သူထိုင်နေတဲ့ပုံကို ဓာတ်ပုံတင်ထားခဲ့တာပါ။ “ခုံတွေတတ်နိုင်သလောက် ဘွတ်ကင်လုပ်အပြီးမှာ ဂျက်လေယာဉ်စင်းလုံးငှားတာထက် သက်သာနေတာတွေ့ရတယ်။ ဒါ နည်းလမ်းပဲ။ #LIFEHACKS” ဆိုပြီး ရေးသားထားတာပါ။

instagram/richardmuljadi

ဒါ့ပြင် Richard က သူနဲ့ သူ့ဇနီးသည်ဟာ ကိုဗစ်ရောဂါပိုးကူးစက်ခံရမှာကို အရမ်းကြောက်တဲ့အကြောင်း ပြောထားပါသေးတယ်။ ဒါကြောင့် ဗိုင်းရပ်စ်ပါလာနိုင်ခြေရှိတဲ့ ခရီးသည်တွေကိုရှောင်ဖို့ လေယာဉ်တစ်စီးလုံးစာ ဘွတ်ကင်လုပ်ထားခဲ့တာပါ။ လေကြောင်းကုမ္ပဏီ Lion Air Group ကတော့ Richard ရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ အငြင်းပွားဖွယ်ဖြစ်တဲ့ အချက်အလက်တစ်ချို့ကိုပြောခဲ့ပါသေးတယ်။ အဲ့ဒါကတော့ Richard ဟာ ခရီးသည်နှစ်ယောက်စာအတွက် ဘွတ်ကင်ကုဒ်တစ်ခုတည်းကိုသာ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ကျန်တဲ့လေယာဉ်ခုံလက်မှတ်တွေအတွက်တော့ Richard က သီးသန့်ဘွတ်ကင်လုပ်ပြီးဝယ်သလား မပြောတတ်ပါဘူး။

 

View this post on Instagram

 

A post shared by Richard Muljadi (@richardmuljadi)

တကယ်လို့ သူသာ လေယာဉ်တစ်စင်းလုံးကို ဘွတ်ကင်လုပ်ခဲ့ရိုးမှန်ရင် Richard ဟာ အမေရိကန်ဒေါ်လာ ၇,၈၉၅ နီးပါးသုံးစွဲရမှာဖြစ်ပါတယ်။ လေယာဉ်မှာတော့ business-class seat ၁၂ခုံနဲ့ economy-class seat ခုံ၁၅၀ ပါဝင်မှာဖြစ်ပါတယ်။ လူအချို့ကတော့ လေယာဉ်စင်းလုံးငှားပြီး ခရီးထွက်တာ တကယ်ဟုတ်ရဲ့လားဆိုပြီး သံသယဖြစ်နေပေမယ့် Richard ရဲ့ချမ်းသာကြွယ်ဝတဲ့ လူနေမှုဘဝကို ကြည့်ရင်တော့  လေယာဉ်စင်းလုံးငှားတာဟာ တကယ်ပဲဖြစ်နိုင်တယ်လို့ ယူဆရပါတော့တယ်။

READ
အမျိုးသမီးကိုဝင်ပူးခဲ့တဲ့မကောင်းဆိုးဝါးကို နာမည်ကြီးရုပ်သံမှမှတ်တမ်းတင်ခဲ့

ShweMom

SHARE